သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်း အကျဉ်းသားများ ဒုတိယသုတ်လွတ်မြောက်


FILE - Palestinians take part in a rally calling for the release of Palestinian prisoners from Israeli jails, in Gaza City September 2, 2013.
FILE - Palestinians take part in a rally calling for the release of Palestinian prisoners from Israeli jails, in Gaza City September 2, 2013.
အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲပြန်လည်စတင်နိုင်ခဲ့ပြီး ၂ ဖက်သဘောတူညီချက်အရ အစ္စရေးနိုင်ငံမှာ နှစ်ရှည် ထောင်ကျနေတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို ဒုတိယအသုတ်လွှတ်ပေးဖို့ အတည်ပြုလိုက်ပါပြီ။

အစ္စရေးတွေကိုသတ်မှုနဲ့အများစုပါဝင်တဲ့ ထောင်ဒဏ် ၁၉ နှစ်ကနေ ၂၈ နှစ် ကျခံပြီးသူ ပါလက်စတိုင်းအကျဉ်းသား ၂၆ ယောက်ကိုလွှတ်ပေးဖို့ အစ္စရေး ဝန်ကြီးအဖွဲ့ ကော်မတီက တနင်္ဂနွေနေ့က မဲခွဲအတည်ပြုခဲ့တာပါ။ အဲဒီ အကျဉ်းသားတွေဟာ အစ္စရေးနဲ့ အနောက်ဘက်ကမ်းခြေက ပါလက်စတိုင်း အာဏာပိုင်အဖွဲ့တို့ အကြား ၁၉၉၃ ခုနှစ်က ယာယီငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်မထိုးခင်က ပြစ်မှုကျူးလွန်ခဲ့ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

လွှတ်ပေးမယ့်အကျဉ်းသားစာရင်းကို အစ္စရေးအကျဉ်းထောင်အာဏာပိုင်အဖွဲ့ Website မှာ ညနေပိုင်းမှာဖော်ပြမှာဖြစ်ပါတယ်။ အဲဒီ အကျဉ်းသားတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ အစ္စရေးတွေရဲ့ မိသားစုတွေအနေနဲ့ ၄၈ နာရီအတွင်း ကန့်ကွက်လွှာ တင်သွင်းခွင့် ရှိပါတယ်။ အစ္စရေးဗဟိုတရားရုံးချုပ်ကတော့ ပါလက်စတိုင်းအကျဉ်းသားတွေကို လွှတ်ပေးတဲ့အစီအစဉ်ဟာ နိုင်ငံရေး ကိစ္စဖြစ်တာကြောင့် ဝင်ရောက် စွက်ဖက်ဖို့ ငြင်းဆိုထားပါတယ်။

ပါလက်စတိုင်းအများစုကတော့ အဲဒီနှစ်ရှည်အကျဉ်းသားတွေဘာအမှုနဲ့ပဲ ထောင်ကျကျ၊ သူရဲကောင်းတွေလို့ပဲ ရှုမြင်ကြပါတယ်။ ဒါပေမဲ့ အစ္စရေး အများစုကတော့ အပြစ်မဲ့အရပ်သားတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်သမားတွေလို့ပဲ ရှုမြင်ကြပါတယ်။
XS
SM
MD
LG