သုံးရလွယ်ကူစေသည့် Link များ

ပါလက်စတိုင်းကို လေ့လာသူအဆင့် ကုလလက်ခံ


ပါလက်စတိုင်းခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် တွေ့ရစဉ်။ (နိုဝင်ဘာလ ၂၉၊ ၂၀၁၂။)
ပါလက်စတိုင်းခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် တွေ့ရစဉ်။ (နိုဝင်ဘာလ ၂၉၊ ၂၀၁၂။)
ပါလက်စတိုင်းကို ကုလသမဂ္ဂ အဖွဲ့ဝင်မဟုတ်တဲ့ လေ့လာသူအဆင့် အဖြစ် လက်ခံတဲ့ ဆုံးဖြတ်ချက်ကို မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တခဲနက် အတည်ပြုခဲ့ကြပါတယ်။ ထောက်ခံမဲ ၁၃၈ မဲ၊ ကန့်ကွက်မဲ ၉ မဲ၊ ကြားနေ ၄၁ မဲနဲ့ ဒီဆုံးဖြတ်ချက် အတည်ပြုခဲ့ပြီးတဲ့နောက် အထွေထွေညီလာခံမှာ တက်ရောက်လာသူတွေ ဝမ်းသာအားရ ဖြစ်ခဲ့ကြပါတယ်။

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း Ramallah မြို့မှာလည်း ပါလက်စတိုင်း ပြည်သူတွေ အချင်းချင်း ပွေ့ဖက်ကြ၊ ကားဟွန်းတွေကို တီးကြပြီးတော့ အပျော်ကြီး ပျော်ခဲ့ကြပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ပါလက်စတိုင်းနဲ့ အစ္စရေး ကြား အဓိပ္ပါယ် ပြည့်ဝတဲ့ စေ့စပ်ညှိနှိုင်း ဆွေးနွေးမှုတွေ ပြန်စဖို့ အရေးကြီးတကြီး လိုအပ်နေတယ် ဆိုတာကို အခုဆုံးဖြတ်ချက်က ပိုပြီးတော့ သိသာထင်ရှားစေတယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေး စေ့စပ် ဆွေးနွေးမှုတွေကို သန္နိဌာန် အခိုင်အမာချပြီး ပြန်လည် စတင်သွားဖို့လည်း သူကနှစ်ဘက်စလုံးကို တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဇန်ရိုက်စ် ကတော့ အခုဆုံးဖြတ်ချက်က ငြိမ်းချမ်းရေး လမ်းကြောင်းမှာ အခက်အခဲတွေ ပိုပြီး ဖြစ်လာနိုင်တာကြောင့် စိတ်မကောင်းစရာ၊ အကျိုးမဖြစ်တဲ့ ရလဒ်ပဲလို့ ဆိုလိုက်ပါတယ်။ နှစ်ဘက်စလုံးက နောက်ထပ် ရန်လိုတဲ့ အပြုအမှုတွေ ရှောင်ရှားကြဖို့နဲ့ စေ့စပ် ညှိနှိုင်းဆွေးနွေးမှုတွေ ကို ခြွင်းချက်မရှိ ချက်ချင်းပြန်စဖို့ အမေရိကန် အနေနဲ့ တိုက်တွန်းတဲ့အကြောင်းလည်း မစ္စရိုက်စ်က ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG