သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းအဖွဲ့ စေ့စပ်ညှိနှိုင်းမှုက နှုတ်ထွက်


ပါလက်စတိုင်း အကြီးအကဲ စေ့စပ်ညှိနှိုင်းရေးမှူး Saeb Erekat က Reuters သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ဖြေကြားနေစဉ်။
ပါလက်စတိုင်း အကြီးအကဲ စေ့စပ်ညှိနှိုင်းရေးမှူး Saeb Erekat က Reuters သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ဖြေကြားနေစဉ်။
အစ္စရေးလ်-ပါလက်စတိုင်း ငြိမ်းချမ်းဆွေးနွေးပွဲတွေကနေ ပါလက်စတိုင်းညှိနှိုင်းရေးအဖွဲ့ နောက်ဆုတ် ထွက်ခွာသွားတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ နောက်ထပ် ကြီးမားတဲ့ အခက်အခဲ ဖြစ်လာမယ့်ပုံ ရှိပါတယ်။

ဆွေးနွေးညှိနှိုင်းမှုမှာ တိုးတက်မှုတွေ မရတာကြောင့် သူတို့ ညှိနှိုင်းရေးအဖွဲ့ဟာ နောက်ဆုတ် ထွက်ခွာပြီလို့ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်က အီဂျစ် ရုပ်မြင်သံကြားဌာနကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ် ကိုယ်စားလှယ်အဖွဲ့သစ် ထပ်လွှတ်ရေး စဉ်းစားဖို့ သူ့အနေနဲ့ နားချ ဆွေးနွေးမှာဖြစ်တယ်လို့တော့ သမ္မတ အာဘတ်စ်က CBC ရုပ်သံဌာနကို ပြောပါတယ်။

ဒါပေမဲ့လည်း နောက်ထပ် ဆွေးနွေးညှိနှိုင်းမှုတွေဟာ နှောင့်နှေး သွားမယ်လို့လည်း ပြောသွားပါတယ်။ Reuters သတင်းဌာနက မေးမြန်းရာမှာတော့ ဘာကြောင့် အခုလို ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့ ရုပ်သိမ်းလိုက်သလဲဆိုတာကို ပါလက်စတိုင်း ညှိနှိုှု်င်းရေးအဖွဲ့ခေါင်းဆောင် Saeb Erekat က အသေးစိတ်ပြောဖို့တော့ ငြင်းပါတယ်။

တချိန်တည်းမှာတော့ ဂျေရုဆလင်နဲ့ အနောက်ဘက်ကမ်းတွေမှာ အိမ်ယာသစ် ၂ သောင်း ဆောက်လုပ်ဖို့ အစီအစဉ်ကို အစ္စရေးလ် အိုးအိမ်ဝန်ကြီးဌာနက အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu ကတော့ အဲဒီ ဆုံးဖြတ်ချက်ကို နောက်ပိုင်းမှာ ပြန်ရုတ်သိမ်းပါတယ်။ အီရန်နျူကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေက အီရန်ကို အရေးယူ ဒဏ်ခတ်ထားတာ ဆက်ထားဖို့ အစ္စရေးလ်ရဲ့ ကြိုးပမ်းမှုတွေကို ထိခိုက်စေနိုင်တာကြောင့်လို့ ဆိုပါတယ်။
XS
SM
MD
LG