သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ် တိုက်ခိုက်မှု ကြိုးကိုင် စီစဉ်သူ အဖြစ် သံသယရှိသူ အသေမိ


 အကြမ်းဖက် တိုက်ခိုက်မှုမှာ ကြိုးကိုင်စီစဉ်သူလို့ သံသယရှိသူ Abdelhamid Abaaoud ။
အကြမ်းဖက် တိုက်ခိုက်မှုမှာ ကြိုးကိုင်စီစဉ်သူလို့ သံသယရှိသူ Abdelhamid Abaaoud ။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ဗုဒ္ဓဟူးနေ့က စီးနင်းရှာဖွေမှု အတွင်း သေဆုံး သွားသူတွေထဲမှာ ပြီးခဲ့တဲသီတင်းပတ် အကြမ်းဖက် တိုက်ခိုက်မှုကို ကြိုးကိုင် စီစဉ်တယ်လို့ သံသယရှိသူပါတယ်လို့ ပြင်သစ်အစိုးရရှေ့နေတွေက အတည်ပြုလိုက်ပါတယ်။

Saint-Denis အရပ်က လူနေတိုက်ခန်းတခုကို ရဲတပ်ဖွဲ့က ခုနစ်နာရီကြာ စီးနင်းရှာဖွေမှု အတွင်း အခန်းထဲရှိနေသူတွေထဲမှာ မော်ရိုကိုဖွား ဘယ်လ်ဂျီယံနိုင်ငံသား Abdelhamid Abaaoud လည်း ရှိနေခဲ့တာပါ။

ဒီအတောအတွင်းမှာပဲ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားတာကို သုံးလ သက်တမ်းထပ်တိုးဖို့ ပြင်သစ်လွှတ်တော် အမတ်တွေ ဒီကနေ့ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ သက်တမ်းတိုးရေး ကိစ္စကို ပြင်သစ်အောက်လွှတ်တော် လို့ဆိုရမယ့် National Assembly က အတည်ပြုလိုက်တာဖြစ်ပြီး အထက်လွှတ်တော်မှာလည်း သောကြာနေ့ကျရင် မဲခွဲဆုံးဖြတ်မယ်လို့ ခန့်မှန်းထားပါ တယ်။

ဓာတု ဒါမှမဟုတ် ဇီဝလက်နက်တွေရဲ့ ခြိမ်းခြောက်မှုအပါအဝင် တိုင်းပြည် ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် Manuel Valls က လွှတ်တော်မဲပေးပွဲ မတိုင်ခင် လွှတ်တော်အမတ်တွေကိုပြောတဲ့မိန့်ခွန်းမှာ သတိပေးခဲ့ပါတယ်။

အရေးပေါ်အခြေအနေ သက်တမ်းတိုး ဆုံးဖြတ်ချက်ထဲမှာ အကြမ်းဖက်ဝါဒကို အမွှမ်းတင်တဲ့ ဒါမှမဟုတ် လူတွေ အကြမ်းဖက် လာအောင် အားပေးတိုက်တွန်းတဲ့ ဗလီတွေနဲ့ လူမှု စုဝေးပွဲတွေအပါအဝင် ဘယ်လိုအသင်းအပင်းမျိုး ဒါမှမဟုတ် စုဝေးမှုမျိုးကို မဆို အာဏာပိုင်တွေက ပိတ်ပင်နိုင်ခွင့်ပေး ထားတဲ့ ပြဌာန်းချက်တခုလည်း ပါဝင်ပါတယ်။ ဒီဥပဒေမူကြမ်းကို လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။

XS
SM
MD
LG