သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုတိုးမြှင့်ချေမှုန်းမည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ပြောကြား


An handout picture released by the Pakistan Press Information Department (PID), March 28, 2016, shows Pakistan's Prime Minister Nawaz Sharif addressing the nation at his office in Islamabad.
An handout picture released by the Pakistan Press Information Department (PID), March 28, 2016, shows Pakistan's Prime Minister Nawaz Sharif addressing the nation at his office in Islamabad.

တနင်္ဂနွေနေ့က အရှေ့ပိုင်းက လာဟိုးမြို့မှာ ခရစ်ယာန်ဘာသာ ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ပြင်းထန်တဲ့ အသေခံ ကားဗုံးဖောက်ခွဲမှုအပြီးမှာ အကြမ်းဖက်မှု ဆန့်ကျင်တဲ့ စစ်ဆင်ရေးတွေကို အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် Nawaz Sharif က အလေးအနက်ပြောကြားလိုက်ပါတယ်။ လူသူစည်ကားတဲ့ ပန်းခြံကို တိုက်ခိုက်မှုကြောင့် ကလေး ၃၀ အပါဝင် လူပေါင်း အနည်းဆုံး ၇၂ ဦး သေဆုံးခဲ့ပြီး တခြားလူ ၃၀၀ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန် လုံခြုံရေးတပ်တွေဟာ အကြမ်းဖက်သမားတွေ ခိုအောင်းရာနေရာတွေ လေ့ကျင့်ရေးစခန်းတွေနဲ့ တခြား အကြမ်းဖက် တဲ့ အခြေခံယန္တရားတွေကို နှိမ်နင်းလျှက်ရှိတဲ့ အတွက်ကြောင့် သူတို့တွေဟာ ကြံရာမရပဲ လူထုစုဝေးတဲ့နေရာတွေနှင့် ပန်းခြံတွေကို ပစ်မှတ်ထားပြီး အပြစ်မဲ့တဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက် ခဲ့ကြတယ်လို့ တနင်္လာနေ့က ရုပ်သံလွှင့် မိန့်ခွန်းမှာ ပြောကြားခဲ့ပြီး ခုလိုတိုက်ခိုက်မှုတွေဟာ အကြမ်းဖက်မှုခြေမှုန်းရေး စစ်ဆင်မှုတွေကို ဟန့်တားစေမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

စစ်ဘက်ဆိုင်ရာ ပြောခွင့်ရသူ တစ်ဦးကလည်း တနင်္လာနေ့မှာ လုံခြုံရေးအဖွဲ့တွေအနေနဲ့နိုင်ငံမှာ လူဦးရေ အထူထပ်ဆုံးဖြစ်တဲ့ ပန်ဂျပ် ပြည်နယ်မြို့တော်အပြင် မူလတန်နဲ့ ဖိုင်ဆယ်လာဘက် မြို့နှစ်မြို့တို့မှာ ကနဦးရထားတဲ့ သတင်းအချက်လက်တွေ အပေါ်အခြေခံပြီး စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့မှာ အကြမ်းဖက်သမားတွေလို့ မသင်္ကာရသူတွေနဲ့ အပေါင်းပါတွေကို ဖမ်းဆီးရမိတယ်လို့ ပြောခဲ့ပါတယ်။ တခြားအသေးစိတ်အချက်လက်တွေကိုတော့ ပြောကြားခြင်းမရှိပါဘူး။

ပါကစ္စတန် တာလီဘန် ခွဲထွက်ရေးအဖွဲ့ ဂျမားလ်တူး၊ အာရား ရဲ့ ပြောခွင့်ရက ခရစ်ယာန်တွေအပေါ် ပစ်မှတ်ထားတဲ့ ဗုံးဖေါက်ခွဲမှုကို တာဝန်ယူလုပ်ဆောင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ဝန်ကြီးချုပ် Sharif က လာဟိုးမြို့ကို တနင်္လာနေ့မနက်က သွားရောက်ခဲ့ပြီး အရပ်ဘက်အကြီးအကဲတွေ၊ လုံခြုံရေးအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ ဆေးကုသမှုခံယူနေတဲ့ ဒဏ်ရာရ ပြည်သူတွေကိုလည်း ဆေးရုံမှာ သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဝန်ကြီးချုပ် Sharif ဟာ သူ့ရဲ့ ဒီသီတင်းပတ်အတွင်း အမေရိကန်မှာကျင်းပမယ့် နျူကလီယားး လုံခြုံရေးညီလာခံကိုသွားဖို့ရှိတဲ့ အမေရိကန်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးကလည်း နောက်မကြာခင်မှာပဲ ကြေညာခဲ့ပါတယ်။

XS
SM
MD
LG