သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲ ကုလ မဟာမိတ် အလေးထား


ဘရူနိုင်းနိုင်ငံတွင်ကျင်းပသည့် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲတွင် တွေ့ရသည့် ကုလအတွင်းရေးမှူးချုပ် ဘန် ကီမွန်းနှင့် သမ္မတဦးသိန်းစိန်။ အောက်တိုဘာ ၁၀၊ ၂၀၁၃။
ဘရူနိုင်းနိုင်ငံတွင်ကျင်းပသည့် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲတွင် တွေ့ရသည့် ကုလအတွင်းရေးမှူးချုပ် ဘန် ကီမွန်းနှင့် သမ္မတဦးသိန်းစိန်။ အောက်တိုဘာ ၁၀၊ ၂၀၁၃။

မြန်မာနိုင်ငံမှာ ဒီနှစ်နှောင်းပိုင်း ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲတွေ ဟာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်မှာ အထူးအရေးပါတဲ့ အဆင့် ဖြစ်မယ်လို့ Partnership Group on Myanmar မြန်မာ့အရေး ကုလသမဂ္ဂ မဟာမိတ်အဖွဲ့က ပြောလိုက်ပါတယ်။ ဒီအဖွဲ့ရဲ့ အစည်းအဝေး တရပ်ကို သောကြာနေ့က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပပြီးတဲ့နောက် ထုတ်ပြန်ချက်ထဲမှာ အဲဒီလို ပြောထားတာပါ။

ဒါ့အပြင် လုပ်ပိုင်ခွင့်အပြည့်ရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးခွဲ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ဖို့ကိုလဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထပ်ပြီး တောင်းဆိုသွားပါတယ်။ လူ့အခွင့်အရေးကို မြှင့်တင် ကာကွယ်ဖို့ မြန်မာနိုင်ငံရဲ့ သန္နိဋ္ဌာန်ကို ဒီလို လူ့အခွင့်အရေးရုံးခွဲဖွင့် လုပ်ဆောင်တာကနေ အထောက်အကူဖြစ်စေနိုင်မယ်လို့ အတွင်းရေးမှူးချုပ်ကပြောပါတယ်။

သောကြာနေ့ကကျင်းပတဲ့ အစည်းအဝေးမှာ မြန်မာအစိုးရကို ကိုယ်စားပြုပြီး သမ္မတရုံးဝန်ကြီးတဦးဖြစ်သူ ဦးစိုးသိန်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်တဲ့အပေါ် အဖွဲ့က ကြိုဆိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာဖော်ဆောင်နေ တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ရဲ့ အပေါင်းလက္ခဏာဆောင် လမ်းကြောင်းကို ထင်ဟပ်နေပြီး နိုင်ငံတကာအသိုင်းအဝန်းနဲ့ အပြုသဘောဆောင် ထိတွေ့ဆက်ဆံ တာကို ပြနေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီးတော့ ပါဝင်သူအားလုံးရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေး ပွဲတခုအတွက် မူဘောင်တွေအပေါ် သဘောတူညီချက်တခုကို စောလျင်စွာရလာဖို့ အဖွဲ့က မျှော်လင့်တဲ့ အကြောင်း ပြောထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ တခြားဒေသတွေက လူမှုအဝန်းအဝိုင်းတွေကြား တင်းမာမှု ဆက်ရှိနေတာနဲ့ပတ်သက်ပြီး နောက်ထပ် ပဋိပက္ခတွေ ထပ်ဖြစ်မလာအောင် တားဆီးရေး အစိုးရအနေနဲ့ အခိုင်အမာလုပ်ဆောင်ဖို့ လိုတယ်ဆိုတာကို အဖွဲ့ဝင်နိုင်ငံတွေက အလေးထား ပြောဆိုကြတယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးစုနဲ့ ကိုးကွယ်တဲ့ဘာသာပေါင်းစုံ ရောထွေးနေ တာနဲ့ နိုင်ငံရဲ့သမိုင်းကြောင်းကို အသိအမှတ်ပြုတာနဲ့ တချိန်ထဲမှာပဲ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ရှေ့ဆက်ဖော်ဆောင်နေတာနဲ့အမျှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနဲ့ လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ စံနှုန်း စံထားတွေအတိုင်း ဆက်ပြီး အခိုင်အမာလုပ်ဆောင်သွားဖို့ အဖွဲ့ဝင်နိုင်ငံတွေ က တောင်းဆိုပါတယ်။

မြန်မာ့အရေး ကုလသမဂ္ဂ မဟာမိတ်အဖွဲ့ဟာ အရင်ကရှိခဲ့တဲ့ မြန်မာ့ မိတ်ဆွေနိုင်ငံများအဖွဲ့ကို ၂၀၁၃ ခုနှစ်က နာမည်ပြောင်းခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

XS
SM
MD
LG