သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် မြေပြိုမှုမှာ ပျောက်ဆုံး နေသူတွေကို ဆက်လက် ရှာဖွေ

1/18
အသေးစိတ် ဖတ်ရှုရန် Show less
2/18
အသေးစိတ် ဖတ်ရှုရန် Show less
3/18
အသေးစိတ် ဖတ်ရှုရန် Show less
4/18
အသေးစိတ် ဖတ်ရှုရန် Show less
5/18
အသေးစိတ် ဖတ်ရှုရန် Show less
6/18
အသေးစိတ် ဖတ်ရှုရန် Show less
7/18
အသေးစိတ် ဖတ်ရှုရန် Show less
8/18
အသေးစိတ် ဖတ်ရှုရန် Show less
မြေစာပုံပြိုကျလို့ သေဆုံးရသူများ
9/18 မြေစာပုံပြိုကျလို့ သေဆုံးရသူများ
အသေးစိတ် ဖတ်ရှုရန် Show less
10/18
အသေးစိတ် ဖတ်ရှုရန် Show less
11/18
အသေးစိတ် ဖတ်ရှုရန် Show less
12/18
အသေးစိတ် ဖတ်ရှုရန် Show less
13/18
အသေးစိတ် ဖတ်ရှုရန် Show less
14/18
အသေးစိတ် ဖတ်ရှုရန် Show less
15/18
အသေးစိတ် ဖတ်ရှုရန် Show less
16/18
အသေးစိတ် ဖတ်ရှုရန် Show less
17/18
အသေးစိတ် ဖတ်ရှုရန် Show less
18/18
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းမှာ စနေနေ့မနက် အစောပိုင်း က မြေပြိုကျတာကနေ အသက်မသေ လွတ်မြောက်သူတွေကို စစ်တပ်၊ ရဲနဲ့ လုပ်အားပေးတွေက ဒီကနေ့ ဆက်ရှာနေကြပါတယ်။ အဲ့ဒီမြေပြိုမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ အခုချိန်ထိဆိုရင် ၁၁၃ ယောက်ထက်မနည်း ရှိပြီး နောက်ထပ် ၁၀၀ ကျော်က ပျောက်နေတုန်းပါပဲ။

မြေစာပုံပြိုကျတဲ့သတင်းကို ဆက်လက်နားစွင့်နေပြီး ကွယ်လွန်သွားသူတွေ၊ သူတို့ရဲ့မိသားစုဝင်တွေ၊ ကချင်ပြည်သူတွေနဲ့ထပ်တူ စာနာထောက်ထားမိပါတယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီဖြစ်ရပ်မှာ လူအများအပြား သေဆုံးရတာကို ထိတ်လန့်တုန်လှုပ်ဖွယ် သိရတဲ့ အကြောင်း၊ ဒီလို ကြေကွဲဖွယ် အခြေအနေမျိုးမှာ မြန်မာနိုင်ငံ အစိုးရနဲ့ မြန်မာ လူထုအတွက်၊ သေဆုံးသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေ အတွက် ပြင်သစ်နိုင်ငံ အနေနဲ့ ဝမ်းနည်းကြေကွဲရပါကြောင်း ပါရီမြို့၊ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း တနင်္လာနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ကျောက်စိမ်း ထုတ်လုပ်မှုတန်ဖိုး စုစုပေါင်းဟာ ၂၀၁၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံအထိကို ရှိနိုင်တယ် လို့ Global Witness အဖွဲ့က ပြောထားပါတယ်။ အဲဒီပမာဏာဟာ တနိုင်ငံလုံးရဲ့ ကုန်ထုတ်လုပ်မှု GDP ထက်ဝက်နီးပါးလောက်နဲ့ ညီမျှတယ်လို့လဲဆိုပါတယ်။ မြန်မာ့ကျောက်စိမ်းလုပ်ငန်းကို စစ်ခေါင်းဆောင်တွေ၊ မူးယစ်ရာဇာတွေနဲ့ ခရိုနီကုမ္ပဏီကြီးတွေက လျှို့ဝှက် ထိန်းချုပ်ထားတယ်လို့လည်း Global Witness ကပြောပါတယ်။

ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီ ပေါင်း ၅၀ ကျော် ရှိသလို ကျောက်စိမ်း နဲ့ ရွှေလုပ်ငန်းလုပ်ကိုင်သူပေါင်း သိန်းချီရှိနေ ပါတယ်။ မြေစာပုံပြိုကျ တာကတော့ ဒီနှစ် ဇန်နဝါရီလ ၇ ရက်နေ့ကတကြိမ်၊ မတ်လ ၆ ရက်နေ့က တကြိမ်၊ မတ်လ ၃၀ ရက်နေ့ကတကြိမ်နဲ့ စက်တင်ဘာလ ၂ ရက်နေ့က တကြိမ် ဖြစ်ထားဖူးပါတယ်။ အခုနောက်ဆုံးဖြစ်ရပ်ကတော့ မကြာသေးခင် ကာလတွေ အတွင်း အဆိုးရွားဆုံး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG