သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်မှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပ


ဖိလစ်ပိုင်က သမ္မတရွေးကောက်ပွဲ
ဖိလစ်ပိုင်က သမ္မတရွေးကောက်ပွဲ

ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတသစ် ရွေးကောက်တင်မြှောက်ဖို့အတွက် ပြည်သူတွေ ဒီကနေ့ မဲပေးခဲ့ကြပါတယ်။ တရားဝင်မဟုတ်သေးတဲ့ စာရင်းတွေအရ သဘောထားတင်းမာပြီး စကားကို ခပ်ပြတ်ပြတ် ပြောတတ်တဲ့ မြို့တော်ဝန်တဦး က မဲအများဆုံးရနေပါတယ်။

တောင်ပိုင်း Davao မြို့ရဲ့ မြို့တော်ဝန် အဖြစ် နှစ်အတော်ကြာ တာဝန်ထမ်းခဲ့တဲ့ Rodrigo Duterte ဟာ ဒီကနေ့ ရွေးကောက်ပွဲမတိုင်ခင် အစောပိုင်း လူထုစစ်တမ်းတွေအရ - အထက်လွှတ်တော်အမတ် Grace Poe၊ လက်ရှိသမ္မတ Benigno Aquino ထောက်ခံတဲ့ ပြည်ထဲရေးဝန်ကြီး Manuel Roxas တို့ထက် ၁၀% လောက်အထိ ထောက်ခံမှုပိုရနေတာပါ။

အသက် ၇၁ နှစ်အရွယ် Duterte ဟာ ရာဇဝတ်မှုကျူးလွန်သူတွေကို သုတ်သင်ပြစ်မယ်ဆိုတဲ့ ကတိအပါအဝင် ရာဇဝတ်မှုနဲ့ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်သွားမယ်လို့ ခပ်ပြတ်ပြတ်ပြောတဲ့ မိန့်ခွန်းတွေကြောင့် ပြည်သူထောက်ခံမှု ရရှိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ခပ်ကြမ်းကြမ်း စကားလုံးတွေကြောင့် အမေရိကန်သမ္မတလောင်း အကြိုရွေးပွဲတွေမှာ ရီပတ်ဘလီကန်ပါတီဘက်ကနေ သမ္မတလောင်းဖြစ်ဖို့ ကြိုးစားနေတဲ့ Donald Trump နဲ့ နှိုင်းယှဉ် ဖော်ပြခံနေရသူလည်း ဖြစ်ပါတယ်။

XS
SM
MD
LG