သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် သင်္ဘောနစ်မြှုပ်မှုမှာပျောက်ဆုံးသူတွေ ဆက်လက်ရှာဖွေ


ဖိလစ်ပိုင် သင်္ဘောနစ်မြှုပ်မှု ပျောက်ဆုံးသူတွေ လိုက်လံရှာဖွေနေစဉ်။ (သြဂုတ်လ ၁၇ ရက်၊ ၂၀၁၃)။
ဖိလစ်ပိုင် သင်္ဘောနစ်မြှုပ်မှု ပျောက်ဆုံးသူတွေ လိုက်လံရှာဖွေနေစဉ်။ (သြဂုတ်လ ၁၇ ရက်၊ ၂၀၁၃)။
ဖိလစ်ပိုင်နိုင်ငံ Cebu ပြည်နယ်ကမ်းလွန်မှာ နစ်မြုပ်သွားခဲ့တဲ့ ကူးတို့သင်္ဘောမှာ လိုက်ပါရင်း ပျောက်ဆုံးနေသူတွေကို အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေက လှိုင်းလေပြင်းထန်နေတဲ့ ကြားကပဲ ဆက်လက် ရှာဖွေခဲ့ကြပါတယ်။

သောကြာနေ့ နှောင်းပိုင်းက ကုန်တင်သင်္ဘောတစင်းနဲ့ တိုက်မိရာက နစ်မြှုပ်ခဲ့တဲ့ ကူးတို့သင်္ဘောက သေဆုံးသူအဖြစ် အတည်ပြုနိုင်သူပေါင်း ၃၈ ယောက်အထိ ရှိနေပြီး ၈၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်တဲ့အကြောင်းလည်း အာဏာပိုင်တွေ က ပြောဆိုခဲ့ကြတာပါ။ အစောပိုင်း ထုတ်ပြန်ချက်ထဲကနေ လျော့သွား တဲ့ ပျောက်ဆုံးနေသူ အရေအတွက်ကိုတော့ အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာပဲ ကြေညာခဲ့တာ ဖြစ်ပါတယ်။

Cebu ဆိပ်ကမ်းအနီး ရေအောက်ပေ ၁၀၀ လောက်အနက်မှာ နစ်မြှုပ်နေတဲ့ သင်္ဘောထဲမှာ ပိတ်မိနေသူတွေ ရှိမယ်လို့ ယုံကြည်ထားတဲ့ အတွက် ကယ်ဆယ်ဖို့ ကြိုးစားနေကြတဲ့ ရေငုပ်သမားတွေကတော့ စနေနေ့က မုန်တိုင်းနဲ့ ကြုံရတာကြောင့် လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ရပေမဲ့ တနင်္ဂနွေနေ့ မှာတော့ ပြန်လည်စတင်ခဲ့ကြတာပါ။

St. Thomas Aquinas အမည်ရှိတဲ့ ကူးတို့သင်္ဘောဟာ Cebu ဆိပ်ကမ်းနဲ့ တမိုင်ကျော်ကျော် အကွာမှာပဲ တန်ချိန် ၁၁,၀၀၀ ရှိတဲ့ Sulpicio Express 7 ကုန်တင်သင်္ဘောနဲ့ တိုက်မိရာက မိနစ်ပိုင်းအတွင်းမှာပဲ နစ်မြှုပ်ခဲ့ပါတယ်။ ကူးတို့ သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ လူရာပေါင်းများစွာထဲက ခရီးသည် ၈၀၀ ကျော်နဲ့ ဝန်ထမ်းတွေကိုတော့ ဘေးလွတ်ရာကို ကယ်တင်နိုင်ခဲ့ကြပါတယ်။
XS
SM
MD
LG