သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးသင့် မနီလာမြို့တော် မိုးဒဏ်ခံရ


ဖိလစ်ပိုင်မြောက်ပိုင်း မနီလာမြို့တော် ရေဘေးသင့်နေတဲ့အတွက် မြို့သူမြို့သားတွေ ရေဘေးလွတ်ရာပြောင်းရွှေ့နေရပါတယ်။
ဖိလစ်ပိုင်မြောက်ပိုင်း မနီလာမြို့တော် ရေဘေးသင့်နေတဲ့အတွက် မြို့သူမြို့သားတွေ ရေဘေးလွတ်ရာပြောင်းရွှေ့နေရပါတယ်။
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ မုတ်သုန်မိုး သည်းသည်းထန်ထန် ရွာသွန်းနေတာကြောင့် မြို့တော် မနီလာနဲ့ အနီးတဝိုက်မှာ ရေကြီးပြီးတော့ အပျက်အစီးတွေ ဆိုးဆိုးဝါးဝါး တိုးများနေပါတယ်။
လူပေါင်း ၉၀ ကျော် သေဆုံးခဲ့ရတဲ့ မုန်တိုင်းတိုက်ခတ်ပြီးလို့ တပတ်အကြာ တနင်္လာနေ့က မနီလာမြို့တော်မှာ မိုးတွေသည်းထန်စွာ ရွာသွန်းနေပါတယ်။

မုတ်သုန်မိုးတွေသယ်ဆောင်လာတဲ့ တိမ်တိုက်တွေဟာ အပူပိုင်းမုန်တိုင်းရဲ့လေပင့်ပေးတာကြောင့် နိုင်ငံမြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းနေတာဖြစ်တယ်လို့ အစိုးရမိုးလေဝသဌာနကပြောပါတယ်။
မိုးလေဝသဌာနက ပစိဖိတ် သမုဒ္ဒရာအတွင်းက ကျွန်းတွေအပါအဝင် နိုင်ငံမြောက်ဖက်စွန်းမှာရှိတဲ့ ခရိုင် ၇ ခုကို မုန်တိုင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အနိမ့်ပိုင်းမှာရှိတဲ့ အရပ်တွေမှာ နေထိုင်သူတွေကို ပြောင်းရွှေ့ပေးဖို့အတွက် ကယ်ဆယ်ရေးလုပ်သားတွေ အဆင်သင့် ပြင်ထားတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီဒေသတွင်း တချို့လူတွေဟာ ရေကြီးတဲ့အတွက်ကြောင့် ရွှေ့ပြောင်းနေခဲ့ရပြီး မကြာခင်ကမှ နေအိမ်တွေကို ပြန်ပြီး ရောက် လာကြသူတွေဖြစ်ပါတယ်။

သတင်း ၂ ပတ်ကြာ မုတ်သုန်မိုးကြောင့် လူပေါင်း တစ်သန်းကျော်ဟာ နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ မြို့ပြကာကွယ်စောင့်ရှောက်ရေးဌာနရဲ့ အကြီးအကဲ ဘန်နစ်တို ရားမိုးစ် ကပြောပါတယ်ခင်ဗျာ။
XS
SM
MD
LG