နိုင်ငံတကာ

တရုတ်ပတ်စ်ပို့ ဖိလစ်ပိုင်တံဆိပ်တုံးမထု

ဘေဂျင်းနိုင်ငံကူးလက်မှတ်ရုံးရှေ့က တရုတ်ပတ်စ်ပို့ပုံစံသစ်။ဘေဂျင်းနိုင်ငံကူးလက်မှတ်ရုံးရှေ့က တရုတ်ပတ်စ်ပို့ပုံစံသစ်။
x
ဘေဂျင်းနိုင်ငံကူးလက်မှတ်ရုံးရှေ့က တရုတ်ပတ်စ်ပို့ပုံစံသစ်။
ဘေဂျင်းနိုင်ငံကူးလက်မှတ်ရုံးရှေ့က တရုတ်ပတ်စ်ပို့ပုံစံသစ်။

မီဒီယာ

အသံ
ဗွီအိုအေ (မြန်မာဌာန)
ဖိလစ်ပိုင်နိုင်ငံဟာ အာရှနိုင်ငံတွေထဲမှာ တရုတ်နိုင်ငံရဲ့ အီလက်ထရောနစ်နိုင်ငံကူးလက်မှတ်သစ်ကို တံဆိပ်တုံးမထုတဲ့ ဒုတိယမြောက် နိုင်ငံဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံက သူ့ရဲ့အဲဒီနိုင်ငံကူး လက်မှတ် သစ်ထဲမှာ တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတွေကို သူတို့ရဲ့ ပိုင်နက်အဖြစ်နဲ့ ဖော်ပြထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ - အဲဒီလို တရုတ်နိုင်ငံကူးလက်မှတ်သစ်ကို တံဆိပ်တုံး ထုပေးလိုက်ခြင်းအားဖြင့် တရုတ်နိုင်ငံ ဘက်က သူတို့ ပိုင်ဆိုင်တယ်လို့ ပြောနေတာတွေကို တရားဝင် အသိအမှတ်ပြုလိုက်သလို ဖြစ်သွားလိမ့်မယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဖိလစ်ပိုင်ဘက်ကတော့ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ထဲမှာ နယ်မြေတွေ အလွန်အကျွံချဲ့ထွင်နေတာဖြစ်တယ်လို့ ဖိလစ်ပိုင်ဘက်က ပြောပါတယ်။

တောင်တရုတ်ပင်လယ်အတွင်းက ပင်လယ်ရေပိုင်နက်တွေကို ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား ၊ ထိုင်ဝမ် နဲ့ ဗီယက်နမ်နိုင်ငံတွေကလည်း သူတို့ ပိုင်ဆိုင်တယ်လို့ ပြောနေကြပါတယ်။

တရုတ်နိုင်ငံကူး လက်မှတ်သစ်ကိုင်ဆောင်ထားတဲ့ တရုတ်နိုင်ငံက လာရောက်တဲ့သူတွေအတွက် ပြည်ဝင် ခွင့် ဗီဇာကို သီးခြားစာရွက်မှာ တံဆိပ်ထုပေးသွားမှာဖြစ်တယ်လို့ ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။ အခုလို လုပ်လိုက်တာဟာ ပြီးခဲ့တဲ့အပတ်က တရုတ်အစိုးရကို တရားဝင် ကန့်ကွက်ခဲ့ပြီး တဲ့နောက် နောက်တစ်ကြိမ် ထပ်ပြီးတော့ တရားဝင်ကန့်ကွက်လိုက်တာဖြစ်ပါတယ်။

နေ့စဉ်တီဗွီသတင်းလွှာ ၀၃-၂၆-၂၀၁၅

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
နေ့စဉ် တီဗွီသတင်းလွှာ ၀၃-၂၆-၂၀၁၅i
X
26.03.2015 12:30
အီရတ်နိုင်ငံTikirtမြို့ကအစွန်းရောက်အဖွဲ့ISရှိရာပစ်မှတ်တွေကိုအမေရိကန်ဦးဆောင်တဲ့မဟာမိတ်တပ်ဖွဲ့တွေ လေကြောင်း ထိုးစစ်ဆင်၊ ပြင်သစ်မှာ ခရီးသည်တင်လေယာဉ် ပျက်ကျမှုနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးချက်၊ အာရှဒေသက ငါးဖမ်းလုပ်ငန်းတွေမှာ အလုပ်သမားတွေကို ကျေးကျွန်တွေလို ခိုင်းစေမှုတွေ ရှိနေတဲ့သတင်း၊ စသဖြင့်…

အီရတ်နိုင်ငံ Tikirt မြို့က အစွန်းရောက်အဖွဲ့ IS ရှိရာ ပစ်မှတ်တွေကို အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေ လေကြောင်း ထိုးစစ်ဆင်၊ ပြင်သစ်မှာ ခရီးသည်တင်လေယာဉ် ပျက်ကျမှုနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးချက်၊ အာရှဒေသက ငါးဖမ်းလုပ်ငန်းတွေမှာ အလုပ်သမားတွေကို ကျေးကျွန်တွေလို ခိုင်းစေမှုတွေ ရှိနေတဲ့သတင်း၊ စသဖြင့်…

 

မိုဘိုင်းလ် App များကို အခမဲ့ ဒေါင်းလုတ် ရယူပါ

ကမ္ဘာ့သတင်း စက္ကန့် ၆၀

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
ကမ္ဘာ့သတင်း စက္ကန့် ၆၀i
X
26.03.2015 19:30