သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်မုန်တိုင်းဘေး နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီစတင်


Мост через Потомак
Мост через Потомак
တိုင်ဖုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဖိလစ်ပိုင်ဒေသတွေကို ကယ်ဆယ်ကူညီရေး အကူအညီတွေ ရောက်ဖို့ နှေးကွေးနေချိန်မှာပဲ မုန်တိုင်းဒဏ် အဆိုးဆုံး ခံလိုက်ရတဲ့ ဒေသအချို့က ဆိုးဆိုးဝါးဝါး ပျက်စီးဆုံးရှုံးမှု မြင်ကွင်းတွေကို အသက်ရှင်ကျန်ရစ်သူတွေ ကယ်ဆယ်ရေးလုပ်သားတွေက ပြန်လည်ပြောဆို ရှင်းပြကြနေကြပါတယ်။

လူပေါင်း တသောင်းလောက် သေဆုံးစေခဲ့ပြီး မြို့တွေအားလုံးနီးပါး ပျက်စီး ထိခိုက်ခဲ့တဲ့ Haiyan တိုင်ဖုန်းမုန်တိုင်းကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ အတော်ကြီးကို ထိခိုက်ခဲ့ပြီး ဒီအတွက် ကယ်ဆယ်ကူညီရေး လုပ်ငန်းတွေကို အတော်လေး ထိခိုက်နှေးကွေးခဲ့ပါတယ်။ မုန်တိုင်းဟာ အခု ဗီယက်နာမ်နိုင်ငံကို ရောက်ရှိနေပါပြီ။

အဲဒီမှာတော့ ဗီယက်နမ်မြောက်ပိုင်း Quang Ninh ပြည်နယ်မှာ ကုန်းတွင်းပိုင်း ဝင်ရောက်ပြီးတဲ့နောက် အပူပိုင်း မုန်တိုင်းအဖြစ် အားပျော့သွားပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံအတော်များများကတော့ ဖိလစ်ပိုင်နိုင်ငံ ကို ထောက်ပံ့ကူညီရေးပစ္စည်းတွေ ကယ်ဆယ်ကူညီရေးပုဂ္ဂိုလ်တွေ စေလွှတ် ထောက်ပံ့နေပါတယ်။ အမေရိကန်ရဲ့ ပထမဆုံးထောက်ပံ့ရေးစစ်အဖွဲ့ဟာ မနီလာမြို့ကနေ Tacloban ကို တနင်္လာနေ့က ထွက်ခွာသွားပါပြီ။

အမေရိကန်ကယ်ဆယ်ရေးကြိုးပမ်းမှုတွေဟာ စစ်တပ်ချည်းမဟုတ်ဘဲ အေဂျင်စီအသီးသီးပါတဲ့ အမေရိကန်အစိုးရတရပ်လုံးကနေ ကူညီဆောင်ရွက်မယ့် ချဉ်းကပ်မှုဖြစ်တယ်လို့ အမေရိကန်ရေတပ် ဗိုလ်ချုပ် Paul Kennedy က ပြောပါတယ်။

တချိန်တည်းမှာတော့ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံကို ကယ်ဆယ်ရေးအကူအညီတွေပေးဖို့ အမေရိကန် စစ်မှုထမ်းဟောင်းတွေ သွားရောက်ကြလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။
XS
SM
MD
LG