သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် ကူးတို့သင်္ဘော နစ်မြုပ်မှု အနည်းဆုံး ၃၆ ဦးသေ


ဖိလစ်ပိုင် ကူးတို့သင်္ဘော နစ်မြုပ်တဲ့အထဲ ကယ်ဆယ်ရမိသူ (ဇူလိုင် ၂၊ ၂၀၁၅)
ဖိလစ်ပိုင် ကူးတို့သင်္ဘော နစ်မြုပ်တဲ့အထဲ ကယ်ဆယ်ရမိသူ (ဇူလိုင် ၂၊ ၂၀၁၅)

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသ ရေပြင်မှာ ကြီးမားတဲ့ လှိုင်းလုံးကြီးတွေကြောင့် ကူးတို့သင်္ဘောတစင်း တိမ်းမှောက်သွားခဲ့ပြီး လူပေါင်း ၃၆ ဦးသေဆုံးခဲ့ရသလို အများအပြားလည်း ပျောက်ဆုံးနေတယ်လို့ ဖိလစ်ပိုင်အရာရှိတွေက ပြောပါတယ်။ လူပေါင်း ၁၈၉ ယောက်ကို တင်ဆောင်လာတဲ့ Khim Nirvana သဘောၤဟာ Ormoc မြို့ကမ်းခြေနဲ့ ၁ ကီလိုမီတာပဲ ဝေးတဲ့နေရာမှာ ဒီကနေ့ ကြာသပတေးနေ့မှာ တိမ်းမှောက်သွားခဲ့တာလို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

ကမ်းခြေစောင့်တပ်ကတော့ လူပေါင်း ၁၂၇ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ် လို့ ပြောပါတယ်။ အခုထိ ပျောက်ဆုံးနေဆဲဖြစ်တဲ့ လူပေါင်း လူ ၂၆ ယောက် ထက်မနည်းကိုတော့ တပိုင်းတစနစ်မြုပ်နေတဲ့ သင်္ဘောမှာ ရေငုတ်သမားတွေက ရှာဖွေနေကြပါတယ်။

Camotes ကျွန်းတွေမှာ ပုံမှန်ပြေးဆွဲနေတဲ့ ဒီ သစ်သားသင်္ဘော စထွက်ဖို့ လုပ်နေတုန်း အခုလို တိမ်းမှောက်တာဟာ ရာသီဥတု ဆိုးတာကြောင့်လား လူကပဲအမှားအယွင်းတခုခု လုပ်မိတာကြောင့်လား ဆိုတာကို ဖိလစ်ပိုင်တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးနေပါတယ်။

ဖိလစ်ပိုင်ကူးတို့သင်္ဘောတွေဟာ လူမတန်တဆတင်တာနဲ့ အန္တရာယ်ကင်းစေဖို့ စံသတ်မှတ်ချက် ချထားတာ ကောင်းကောင်း မရှိတဲ့အတွက် နှစ်စဉ်နှစ်တိုင်း ကူးတို့သင်္ဘော မတော်တဆ ဖြစ်မှုတွေကနေ လူပေါင်း ရာချီမသေဆုံးရင် အနဲဆုံး ဒါဇင်နဲ့ ချီ သေဆုံးလေ့ရှိတာပါ။

ကျွန်းပေါင်း ၇၀၀၀ ကျော်ရှိနေတဲ့ ကျွန်းစုနိုင်ငံတခုဖြစ်တဲ့ ဖိလစ်ပိုင်မှာ ခရီးသည်တင် သင်္ဘောတွေဟာ ကူးသန်းသွားလာရေးအတွက် သိပ်ကို အရေးပါနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG