သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဖွန်းကြောင့် ဖိလစ်ပိုင်မှာ ရာနဲ့ချီ ထိခိုက်သေဆုံး


ဖိလစ်ပိုင်နိုင်ငံ Bopha မုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက် အပျက်အစီးတချို့။ (ဒီဇင်ဘာလ ၇ ရက်၊ ၂၀၁၂)။
ဖိလစ်ပိုင်နိုင်ငံ Bopha မုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက် အပျက်အစီးတချို့။ (ဒီဇင်ဘာလ ၇ ရက်၊ ၂၀၁၂)။
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းဒေသမှာ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် ပျောက်ဆုံးနေသူပေါင်း ဟာ ၈၀၀ ကျော်အထိ ရှိမယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ရာနဲ့ချီတဲ့ ငါးဖမ်းသင်္ဘောသားတွေ ပင်လယ်ထဲမှာ ပျောက်ဆုံးနေကြောင်း သတင်းတွေ ထပ်မံရရှိခဲ့တဲ့ အတွက် အရေအတွက် ပိုများလာတာလို့လည်း ဆိုပါတယ်။

တိုင်ဖွန်း Bopha ဗုဒ္ဓဟူးနေ့က ဝင်ရောက်လာချိန်မှာ မင်ဒါနာအိုကျွန်းရဲ့ အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်မှာ ငါးဖမ်းသင်္ဘောသား အများအပြား ရှိနေခဲ့ကြတယ်လို့လည်း ဖိလစ်ပိုင် အရပ်ဘက်ဆိုင်ရာ ကာကွယ်ရေးဌာန အကြီးအကဲ Benito Ramos က တနင်္ဂနွေနေ့မှာ ပြောဆိုခဲ့တာပါ။

ရက်အတော်ကြာ အဆက်အသွယ် မရဘဲ ဖြစ်ခဲ့ပြီးနောက်မှာ အခုအခါ အာဏာပိုင်တွေက သင်္ဘောသားတွေ ပျောက်ဆုံးကြောင်း တရားဝင် ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ ထိခိုက်ပျက်စီးမှုတွေ ကြီးမားခဲ့တဲ့ Compostela မြစ်ဝှမ်း နဲ့ Davao Oriental ပြည်နယ်တွေမှာ အလောင်းတွေ ထပ်မံတွေ့ရှိခဲ့တဲ့ အတွက်လည်း မုန်တိုင်းကြောင့် သေဆုံးသူ အရေအတွက်ဟာလည်း ၆၀၀ ကျော်အထိ တိုးလာခဲ့တာပါ။

မုန်တိုင်းက မြို့တွေကို ရွှံ့တွေနဲ့ ဖုံးလွှမ်းခဲ့သလို၊ ဒေသခံတွေ အဓိက မှီခိုအားထားနေကြရတဲ့ ငှက်ပျော စိုက်ခင်းတွေ လည်း ပျက်စီးခဲ့ရပါတယ်။ အသက်မသေ ကျန်ရစ်သူတွေဟာလည်း အစားအသောက်ရနိုင်ဖို့ တောင်းရမ်း နေကြရတာပါ။ သမ္မတ Benigno Aquino ကတော့ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ တနိုင်ငံလုံး အတိုင်းအတာနဲ့ တည်ငြိမ်မှု ရှိစေရေး သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
XS
SM
MD
LG