သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် ရေအောက် ငလျင်ကြောင့် ဆူနာမီဖြစ်လာနိုင်


ဖိလစ်ပိုင်နိုင်ငံမှာ ပြင်းထန်တဲ့ ငလျင်တခု မကြာခင်က လူပ်ခတ်သွားခဲ့တာမို့ ဒေသတွင်းမှာ ဆူနာမီသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ပြင်းထန်တဲ့ ငလျင်တခု မကြာခင်က လူပ်ခတ်သွားခဲ့တာမို့ ဒေသတွင်းမှာ ဆူနာမီသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ပြင်းထန်တဲ့ ငလျင်တခု မကြာခင်က လူပ်ခတ်သွားခဲ့တာမို့ ဒေသတွင်းမှာ ဆူနာမီသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ဖိလစ်ပိုင်ပင်လယ်အောက်မှာ ဒီနေ့ လူပ်ခတ်သွားတဲ့ ဒီငလျင်ကြောရဲ့ ဗဟိုဟာ နိုင်ငံရဲ့ အရှေ့ပိုင်းမှာ စဖြစ်ခဲ့ပြီး ပြင်းအားက အရင် ၇.၉ ပမာဏ ခန့်မှန်းခဲ့ပေမယ့် အခု ၇.၆ ပြင်းအားရှိတာကို တွေ့ရတယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေး စာတမ်းတစ်ခုက ဆိုပါတယ်။

လောလောဆယ်အထိကတော့ အထိအခိုက်မရှိသေးပေမယ့် ဖိလစ်ပိုင်နိုင်ငံရဲ့ ဆားမားပြည်နယ်က လူတွေကိုတော့ ကုန်းမြင့်နေရာကို ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ ဖိလစ်ပိုင် အရာရှိတွေကပဲ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေအတွက် ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်နေပြီး အစပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ဂျပန် ထိုင်ဝမ်နဲ့ ပစိဖိတ်ကျွန်းတွေကို သတိပေးထားတာကိုတော့ လက်ရှိပြန်လည် ရုပ်သိမ်းထားပါတယ်။
XS
SM
MD
LG