သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် သမ္မတ မလာရောက်ဖို့ တရုတ်ပိတ်ပင်


ဖိလစ်ပိုင်သမ္မတ Benigno Aquino နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Albert delကို တွေ့ရစဉ်။
ဖိလစ်ပိုင်သမ္မတ Benigno Aquino နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Albert delကို တွေ့ရစဉ်။
တရုတ်နိုင်ငံဆီ ရှေ့သီတင်းပါတ်သွားရောက်ဖို့ ရှိတဲ့ ဖိလစ်ပိုင်သမ္မတ
Benigno Aquino ရဲ့ ခရီးစဉ်ကို ဖျက်သိမ်းပေးဖို့ တရုတ်ဖက်က
တောင်းဆိုခဲ့ တယ်လို့ ဖိလစ်ပိုင်က ပြောလိုက် ပါတယ်။ တောင်တရုတ် ပင်လယ်ထဲကရေပိုင်နက် အငြင်းပွားနေတဲ့ ကိစ္စ နဲ့ ပါတ်သက်လို့ တရုတ်က ခုလို
လုပ်လိုက်ပုံ ရပါတယ်။

ပိုပြီးကောင်းမွန်တဲ့ အချိန်အခါကျမှလာရောက်ဖို့ တရုတ် အစိုးရဘက်က ပန်ကြားခဲ့ပြီးနောက် တရုတ်နိုင်ငံတောင်ပိုင်း နန်နင်းမြို့ မှာ ကျင်းပတဲ့ ကုန်စည်ပြပွဲကို သမ္မတ Aquino မတက်ဖို့ ဆုံးဖြတ်ခဲ့တယ် လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက ဒီကနေ့ပဲ ပြောလိုက် ပါတယ်။ တရုတ်နဲ့ အာဆီယံနိုင်ငံတွေကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်တဲ့ နှစ်ပါတ်လည် ကုန်စည်ပြပွဲကို ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Gregory Domingo ကိုပဲ ဖိလစ်ပိုင်က စေလွှတ် မှာဖြစ်ပါတယ်။

ဒီပွဲတက်ရောက်ဖို့ သမ္မတ Aquino ကို တရုတ်ဘက်က
ဘယ်တုန်းကမှ ဖိတ်ကြားခြင်း မပြုခဲ့ဘူးလို့ တရုတ် နိုင်ငံခြားရေးဌာနက
ပြောပေမဲ့ နောက်ထပ် အသေးစိတ်ကိုတော့ ပြောခြင်း မရှိပါဘူး။
တောင်တရုတ် ပင်လယ် ထဲက ဗြူဟာမြောက်ပြီး အရင်းအမြစ်တွေ ကြွယ်ဝတဲ့နေရာ ကို သူပိုင် ကိုယ်ပိုင်ဖြစ်တယ် လို့ တရုတ်နဲ့ ဖိလစ်ပိုင်တို့ကြား အငြင်းပွားနေတာပါ။

ဒီအငြင်းပွားမှုကို ဖြေရှင်းပေးဖို့ ကုလသမဂ္ဂရဲ့ ပင်လယ်ရေကြောင်း ဆိုင်ရာ နိုင်ငံတကာခုံရုံးကို ဖိလစ်ပိုင်ဖက်က ပြီးခဲ့တဲ့နှစ်က တင်ပြဖို့ ဆုံးဖြတ်ခဲ့တဲ့ အပေါ်မှာ တရုတ်အစိုးရက အမျက်ဒေါသ ထွက်နေတာဖြစ်ပါတယ်။

Bruinei နိုင်ငံ မှာ ဒီကနေ့ ပြီးဆုံးသွားတဲ့ အာဆီယံ ကာကွယ်ရေး ဝန်ကြီးတွေ၊ ဒေသတွင်းက အင်အားကြီးနိုင်ငံတွေ၊ အမေရိကန် Australia စတဲ့ အာရှ Pacific ဒေသ နိုင်ငံတွေက ကာကွယ်ရေး ဝန်ကြီးတွေကြား စည်းဝေးပွဲ မှာလဲ တောင်တရုတ်ပင်လယ်ထဲက ရေပိုင်နက် အငြင်းပွားတဲ့ ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။ အာရှနိုင်ငံတွေကြား ရေပိုင်နက်ကြောင့်ဖြစ်နေတဲ့
တင်းမာမှုတွေ ကနေ နောက်ထပ် ပဋိပက္ခတွေဖြစ်လာမှာကို စိုးရိမ်တယ်လို့
အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel ကပြောပါတယ်။
XS
SM
MD
LG