သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပူပိုင်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူ လေးဦး သေဆုံး


ဖိလစ်ပိုင်မုန်တိုင်းကြောင့် ရေလွှမ်းမိုးခံရတဲ့ဒေသမှ ပြည်သူများကို ကယ်ထုတ်နေစဉ်။
ဖိလစ်ပိုင်မုန်တိုင်းကြောင့် ရေလွှမ်းမိုးခံရတဲ့ဒေသမှ ပြည်သူများကို ကယ်ထုတ်နေစဉ်။
ဖိလစ်ပိုင်နိုင်ငံမှာ နောက်ဆုံးတိုက်ခတ်ခဲ့တဲ့ ဝူကုန်း အပူပိုင်းမုန်တိုင်းကြောင့် လူလေးဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဒီလအစောပိုင်းက တိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်း Bopha ကြောင့် လူပေါင်း တစ်ထောင်ကျော် သေဆုံးခဲ့ရတာမို့ အခုထိ ပြန်ပြီး နလံမထူနိုင်သေးချိန်မှာဘဲ နောက်ထပ် မုန်တိုင်းဝင်မွှေခဲ့တာပါ။ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသတကျောမှာ မြစ်ရေလျံပြီး မြို့ရွာတွေ ရေမြုတ်နေတဲ့အပြင် အသွားအလာတွေပါ ပြတ်တောက်ပြီး အခုထိ လူပေါင်းသုံးဦးပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးခဲ့သူတွေထဲက သုံးဦးဟာ ဖိလစ်ပိုင်အရှေ့ပိုင်း ဆာမားခရိုင်ကဖြစ်ပြီး သူတို့ရဲ့နေအိမ်ပေါ်ကို သစ်ပင်တွေ လဲကျခဲ့တဲ့အတွက် သေဆုံးခဲ့ရတယ်လို့ ဖိလစ်ပိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ကပြောပါတယ်။ နောက်တစ်ဦးကတော့ အေလိုခရိုင်က မြေပြိုရာက သေဆုံးခဲ့တာပါ။ မုန်တိုင်းကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေသူပေါင်း ခြောက်ထောင်ကျော် ဖြစ်နေပြီး မုန်တိုင်းဟာ ကြာသပတေးနေ့မှာ အနောက်ဖက်ကမ်း ပလွမ်အပမ်းဖြေကျွန်းဘက်ကို ရွေ့လျားဖို့ရှိပြီး အရှိန်တဖြေးဖြေးလျော့လာမယ်လို့ ခန့်မှန်းနေကြပါတယ်။
XS
SM
MD
LG