သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်မှလွတ်လာသူ မဖြူနှင်းထွေး လယ်သမားအရေး ဆက်လုပ်မည်


យុវជន ស្រី ចំរើន និងសមាជិកក្រុមរបស់ខ្លួន ដែលអះអាងថាជាក្រុមនិស្សិតឯករាជ្យនៅល្ងាចថ្ងៃទី២៩មីនានេះ បានដាក់ញត្តិទៅទីស្នាក់ការកណ្ដាលនៃគណបក្សសង្រ្គោះជាតិ និងបញ្ចប់ការដាក់ញត្តិនេះនៅគេហដ្ឋានលោក កឹម សុខា ប្រធានស្តីទីនៃគណបក្សជំទាស់ ដើម្បីឲ្យលោកបកស្រាយរឿងខ្សែអាត់សម្លេងមួយដែលគេចាត់ទុកថា ជាសម្លេងរវាងលោកនិងនាង ខុម ចាន់ដារាទី ឬ ស្រីមុំ។ (ឡេង ឡែន/VOA) 
យុវជន ស្រី ចំរើន និងសមាជិកក្រុមរបស់ខ្លួន ដែលអះអាងថាជាក្រុមនិស្សិតឯករាជ្យនៅល្ងាចថ្ងៃទី២៩មីនានេះ បានដាក់ញត្តិទៅទីស្នាក់ការកណ្ដាលនៃគណបក្សសង្រ្គោះជាតិ និងបញ្ចប់ការដាក់ញត្តិនេះនៅគេហដ្ឋានលោក កឹម សុខា ប្រធានស្តីទីនៃគណបក្សជំទាស់ ដើម្បីឲ្យលោកបកស្រាយរឿងខ្សែអាត់សម្លេងមួយដែលគេចាត់ទុកថា ជាសម្លេងរវាងលោកនិងនាង ខុម ចាន់ដារាទី ឬ ស្រីមុំ។ (ឡេង ឡែន/VOA) 

စက်တင်ဘာလထဲမှာ ဖမ်းဆီးခံရပြီး မုံရွာထောင်မှာ ချုပ်နှောင်ခံထားရတဲ့ ဗကသများအဖွဲ့ချုပ်ဝင် မဖြူနှင်းထွေးကို ယင်းမာပင်ခရိုင်တရားရုံးက မနေ့ကပဲ ပြန်လွှတ်ပေးလိုက်ပါတယ်။ အခုလို လွတ်မြောက်လာတဲ့ မဖြူနှင်းထွေးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားရာမှာ သူက အခုလို စ ပြောပါတယ်။

ဖြေ။ ။ ကျမကို မနေ့က တရားရုံးကလွှတ်ပေးတာက တရားလို ဦးလှစိန်ပေါ့ တရားလို ဦးလှစိန်ကနေပြီးတော့ ၂၈ ရက် ၅ လပိုင်းတုန်းက သူတို့ ရုံးတင်ပြီးတော့ စစ်ဆေးတဲ့ ဒေသခံ ၅ ယောက်ပေါ့ သူတို့ကိုလည်း ရုံးတင်စစ်ဆေးပြီးတော့ ကျေအေးလိုက်တဲ့အတွက် ညီမရဲ့အမှုကိုလည်း ဆက်ပြီးတော့ သူတို့ စွဲချက်မတင်ချင်တော့ဘူးပေါ့။ အဲ့ဒီအတွက် သူတို့ ကျေအေးမယ်ဆိုပြီးတော့ ပြောပြီးတော့ပဲ ပေးလိုက်တာအမ။ အမှုကို ပိတ်သိမ်းပေးလိုက်တာ။

မေး။ ။ အဲတော့ တရုတ်အလုပ်သမား ၂ ဦးကို ပြန်ပေးစွဲတယ်ဆိုတဲ့ ဒီလိုစွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတဲ့ အခြေအနေကိုပေါ့နော် ရှင်းပြပေးပါဦးရှင့်။

ဖြေ။ ။ သူတို့ ဦးပိုင်နဲ့ ဝမ်ပေါင်ဘက်က သူတို့စွပ်စွဲတာကကျတော့ ဒီတရုတ်နှစ်ယောက်ကို စပြီးတော့ တညခေါ်ထားလို့ပေါ့။ သူတို့ဘက်ကတော့ ဒီပြန်ပေးစွဲမှုဆိုတဲ့ပုံစံမျိုးနဲ့ သူတို့က စွပ်စွဲတာ။ ဒါပေမဲ့ ညီမပြောချင်တာကကျတော့ ဒီတရုတ်နှစ်ယောက်ကို ခေါ်ထားတယ်ဆိုတာကလည်း ဦးပိုင်နဲ့ ဝမ်ပေါင်ဘက်က တွေ့ဆုံညှိနှိုင်းဖို့ခေါ်တယ်လေ။ ညီမတို့စပြီးတော့ အခင်းဖြစ်တာ ၁၈ ရက်နေ့ ၉ နာရီခွဲပေါ့။ ဖြစ်တာက ဆည်တဲရွာ စာသင်ကျောင်းအရှေ့မှာ။ သူတို့တရုတ်နှစ်ယောက်က လျော်ကြေး လုံး၀ ယူထားခြင်းမရှိတဲ့ ဆည်တဲရွာ လယ်ယာမြေတွေကို မြေလာတိုင်းတယ်။ ခြံစည်းရိုးလာခတ်တယ်ပေါ့။ အဲ့ဒီအတွက် ဒေသခံတွေက တားတယ်။ တားပြီးတဲ့အခါကျတော့ ဦးပိုင်နဲ့ ဝမ်ပေါင်ဘက်က တာဝန်အရှိဆုံးလူကို တွေ့ချင်တယ်ဆိုပြီး ခေါ်ခိုင်းတယ်ပေါ့။ အဲ့ဒါနဲ့ အဲ့ဒီတရုတ်နှစ်ယောက်ကလည်း လာမယ်၊ ခေါ်ပေးမယ်လို့ ပြောပြီးတော့ သူတို့ စောင့်ရင်းစောင့်ရင်းနဲ့ ညနေပိုင်းကိုရောက်သွားတယ်။ ညနေပိုင်းရောက်တော့လည်း တကယ် တာဝန်ရှိတဲ့ ဦးပိုင်နဲ့ ဝမ်ပေါင်ဘက်က တကယ်တာဝန်ရှိသူတွေ မလာဘဲနဲ့ အုပ်ချုပ်ရေးမှူးအဆင့်လောက်ကပဲ လာပြီးတော့ သူတို့ဘက်ကလည်း ပြေလည်အောင် မဖြေရှင်းပေးဘူး။ သူတို့ဘက်က အထက်ကိုပဲ တင်ပြပေးပါမယ်ပြောပြီးတော့ ခြိမ်းခြောက်တဲ့ပုံစံမျိုးတွေ ပြောတဲ့အခါကျတော့ အခြေအနေတွေက တင်းမာပြီးတော့ ဒီလိုခေါ်ထားရတဲ့အဆင့်အထိ ရောက်သွားတာပေါ့။

နောက်ပြီးတော့ ဒီ ဦးပိုင်နဲ့ဝမ်ပေါင်ဘက်က အကြမ်းမဖက်ဘူးပြောပြီးတော့ ညပိုင်းမှာ သေနတ်တွေနဲ့ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ပြီးတော့ အကြမ်းဖက်တဲ့အတွက် နည်းနည်း အဆင်မပြေဖြစ်သွားတာ။ အဲ့ဒီအတွက် သူတို့ဘက်ကတော့ ဒီတရုတ်နှစ်ယောက်ကိုခေါ်တယ်၊ ပြန်ပေးစွဲတယ်ဆိုပြီးတော့ပဲ ညီမတို့ကို ဒီစွဲချက်နဲ့ တင်လိုက်တာအမ။

မေး။ ။ ဟုတ်ကဲ့ ညီမလို ကျောင်းသူတယောက်အနေနဲ့ပေါ့နော် ဒီ လက်ပန်းတောင်း လယ်သမားတွေရဲ့ အခြေအနေမှာ ဝင်ပြီး ပတ်သက်လာရတဲ့ အကြောင်းရင်းလေးကိုလည်း ပြောပြပါဦးရှင့်။

ဖြေ။ ။ ညီမတို့ ကျောင်းသူဆိုတာကလည်း ပြည်သူနဲ့ တသားတည်းပဲ ရပ်တည်တာလေ။ ညီမတို့ ဗကသ ဆိုတာကလည်း။ အဲ့ဒီအခါကျတော့ တောင်သူလယ်သမားအရေးတို့၊ အလုပ်သမားတွေရဲ့ အရေးကလည်း ညီမတို့ ဒီ ကျောင်းသူကျောင်းသားတွေရဲ့ အရေးပဲပေါ့။ ညီမတို့ ဒီ ဗကသကျောင်းသားဆိုတာကလည်း ကျောင်းသားကိစ္စတခုတည်းပဲ ညီမတို့ လုပ်လို့မရဘူး။ ညီမတို့ ဗကသခေတ်အဆက်ဆက်ကလည်း ကျောင်းသားအရေးတွေကိုချည်း လုပ်ခဲ့တာမဟုတ်ဘူးလေ။ အဲတော့အခါကျ တောင်သူလယ်သမားတွေရဲ့ သားသမီးတွေ၊ အလုပ်သမားတွေရဲ့ သားသမီးတွေပေါ့နော်။ တောင်သူလယ်သမားတွေ၊ အလုပ်သမားတွေ အဆင်မပြေဘူးဆိုရင် သူတို့သားသမီးတွေကို ကျောင်းထားဖို့ကလည်း အဆင်မပြေဘူးလေ။ အဲ့ဒီအတွက် ညီမတို့ တောင်သူလယ်သမားကိစ္စတို့၊ အလုပ်သမားကိစ္စတို့မှာ ညီမတို့က ပါဝင်ပတ်သက်ဖြစ်တာပေါ့။ ပြည်သူတွေကို ဖိနှိပ်တဲ့ကိစ္စတွေမှာ ညီမတို့က ပူးပေါင်းပါဝင်ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။

မေး။ ။ အခုလိုပေါ့နော် ညီမကို အာဏာပိုင်တွေဘက်ကနေတော့ လာရောက် ဖမ်းဆီးခဲ့တဲ့အချိန်ပေါ့နော် ထောင်ထဲမှာ နေထိုင်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံလေး ပြောပြပါဦးရှင့်။

ဖြေ။ ။ ထောင်ထဲမှာနေရတဲ့ပုံစံကတော့ ဟိုလိုမျိုး အရမ်းကြီး မလွတ်လပ်ဘူး။ စစထားချင်းကတော့ သူတို့က ညီမကို တခြားအချုပ်သူတွေနဲ့လေ အတူတူ ထားတယ်ပေါ့။ အဲဒီကျတော့ ညီမက မနေနိုင်ဘူးတွေ၊ ဘာတွေ ပြောတယ်ပေါ့။ အဲ့ဒီကျတော့မှ သူတို့က ညီမကို တိုက်ထဲကို ရွှေ့ပေးတာမျိုး၊ ပြီးတဲ့အခါကျတော့ ညီမကို ပုံစံထိုင်နည်းတွေ လုပ်ခိုင်းတာ။ အစပိုင်းကတော့ သူတို့က အဲ့လိုမျိုး ကျပ်တာပေါ့။ နောက်ပိုင်းကျမှ ညီမက မလုပ်နိုင်ဘူးပြောလိုက်တယ်။ ပြီးတဲ့အခါကျတော့ ညီမလေးက ကျောင်းသူဖြစ်တဲ့အတွက် အင်္ဂလိပ်စာတွေ၊ ဘာတွေပေါ့နော် လုပ်ချင်တယ်ဆိုတော့ ညီမက စာအုပ်တွေ၊ ဘောပန်တွေ တောင်းတော့ မရဘူး။ ပြီးတော့ ညီမတို့ ခြင်ထောင်ထောင်ခွင့်မရှိဘူး။

မေး။ ။ နောက်ဆုံးအနေနဲ့ပေါ့နော် အခုလို ညီမလွတ်မြောက်လာတဲ့နောက်မှာ ရှေ့ဆက် ဘာများလုပ်ဖို့ရှိပါသလဲရှင့်။

ဖြေ။ ။ ညီမ ရှေ့ဆက်ပြီးတော့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ဗကသနဲ့ အလုပ်တွေ အတူတူ တွဲပြီး လုပ်ဖို့ရှိတယ်။ ပြီးတော့ လက်ပန်းတောင်း အခုလည်း လက်ပန်းတောင်းရောက်နေတာဆိုတော့လေ ဒီလက်ပန်းတောင်းဒေသခံတွေက တကယ်လိုအပ်တယ်ဆိုရင် ဒီလက်ပန်းတောင်းဒေသခံတွေကို အတတ်နိုင်ဆုံး ကူညီပေးချင်တယ်။ ပြီးတော့ ပြောချင်တာက ညီမလွတ်မြောက်ဖို့အတွက် တောင်းဆိုပေးကြတဲ့ ပြည်ပက အဖွဲ့အစည်းအသီးသီးက လူတွေရော၊ ပြည်တွင်းကအဖွဲ့အစည်း အသီးသီးက လူတွေအားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

XS
SM
MD
LG