သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗကသအဖွဲ့ဝင် ဖြူနှင်းထွေး လွှတ်ဖို့ တောင်းဆိုဆန္ဒပြ

ဗကသအဖွဲ့ဝင်ကျောင်းသူ မဖြူနှင်းထွေး
ဗကသအဖွဲ့ဝင်ကျောင်းသူ မဖြူနှင်းထွေး

ထောင်ဒဏ် တသက်တကျွန်းအထိ အပြစ်ဒဏ်ပေးနိုင်တဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုခံနေရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖဲ့ွဝင် မဖြူနှင်းထွေးကို အစိုးရတာဝန်ရှိသူတွေအနေနဲ့ ပြန်လည်လွတ်ပေးခြင်းမရှိဘူးဆိုရင် ပြန်လည်တရားဆွဲဆိုသွားမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္ဂများ အဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ မဖြူနှင်းထွေးလွတ်မြောက်ဖို့အတွက် လက်ပတောင်းတောင်ဒေသခံပြည်သူတွေအပြင် ကျောင်းသားကျောင်းသူတွေနဲ့ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူများက တောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က စုံစမ်းတင်ပြထားပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် လက်ပန်းတောင်းဒေသမှာ ၂ဝ၁၄ ခုနှစ် မေလအတွင်း ကြေးနီစီမံကိန်းက တရုတ်နိုင်ငံသားနှစ်ဦးကို ဆည်တဲရွာသားတွေက တရက်ကျော်ကြာ ထိန်းသိမ်းမှုအတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဖြူနှင်းထွေး ပါဝင်ပတ်သက်မှု ရှိတယ်ဆိုပြီး ဦးပိုင်ကုမ္ပဏီ လီမိတက်က တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့ပါတယ်။ မဖြူနှင်းထွေးကို ပြန်ပေးမှု၊ တစ်ဦးတစ်ယောက်ကို အန္တရာယ် ပြုစေအောင် သွေးဆောင်ဖျားယောင်းမှု စတဲ့ ပုဒ်မ ၃၆၄၊ ၃၆၈ တို့နဲ့ တရားဆွဲဆိုထားတာပါ။ အစိုးရတာဝန်ရှိသူတွေအနေနဲ့ မဖြူနှင်းထွေးကို ပြန်လွှတ်ပေးခြင်းမရှိဘူးဆိုရင် ပြန်လည်တရားစွဲဆိုသွားမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချူပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောပါတယ်။

“လွယ်လွယ်နဲ့ ကျေအေးမပေးဘူးဆိုလို့ရှိရင်တော့ ကျနော်တို့အနေနဲ့ကတော့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့အတူ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့သင့်တယ်လို့လည်း - စုံစမ်းစစ်ဆေးရေး ကော်မရှင်ဆိုတာ အစိုးရဘက်က ဖွဲ့တာကိုပြောတာမဟုတ်ဘူး။ ကျနော်တို့ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူတွေ အကုန်လုံးစုပေါင်းပြီး ဒီဟာကို အတိအကျ စုံစမ်းစစ်ဆေးပြီးတော့မှ မခင်ဖြူထွေးမှာ အပြစ်မရှိဘူးဆိုတာကို ခိုင်ခိုင်မာမာ သက်သေပြနိုင်အောင်လို့ တခုခုလုပ်ဖို့တော့ လိုလာမယ်။ နောက်တခါကျတော့ မဖြူနှင်းထွေးကို ဘာဖြစ်လို့ မလွှတ်ပေးဘူးလို့ ဆိုလို့ရှိရင် ဒီလိုမျိုး မတရားဖမ်းဆီးတဲ့လူတွေကို ကျနော်တို့အနေနဲ့ ပြန်လည်တရားစွဲဆိုနိုင်တဲ့အထိ ကျနော်တို့ ကြိုးစားဆောင်ရွက်ထားဖို့၊ အဆင်သင့် လုပ်ထားရမယ်လို့ ကျနော်မြင်တယ်ဗျ။”

မဖြူနှင်းထွေး လွတ်မြောက်ဖို့ ဒေသခံပြည်သူတွေအပါအဝင် ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေကလည်း အစိုးရ တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ကြပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ ရန်ကုန်မြို့မှာလည်း နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတို့က လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံခဲ့ရတဲ့ ၂၂ လပြည့်လည်းဖြစ်၊ မဖြူနှင်းထွေးလွတ်မြောက်ရေးရည်ရွယ်ပီး မြေနီကုန်းမှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ မဖြူနှင်းထွေးကို တရားစွဲဆိုထားတာနဲ့ပတ်သတ်ပီး လက်ပန်းတောင်းတောင်အရေး ဆောင်ရွက်နေသူ ဒေါ်နော်အုန်းလှက အခုလို ပြောပါတယ်။

“ဖြူနှင်းထွေးက အမှန်တကယ်ဆို လွတ်သင့်တယ်။ တရားရုံးသဘောအရ အမှုတွေ ဝရမ်းထုတ်တာကို ထုတ်လို့ရသလို တရားရုံးက အဲဒီဝရမ်း ပြန် ပျက်ပြယ်ရမှာ။ အဲဒီအမှုတွေကို ဝရမ်းအရ မပျက်ပြယ်ဘဲနဲ့ ထပ်ပြီးတော့ ပထမ ရွာသားတွေအမှုကျတော့တရားရှင် လွှတ်တယ်။ ဒီအမှုမှာကျတော့ တရားစွဲပြီးတော့ စစ်ဆေးအရေးယူမယ်ဆိုတာဟာ မဖြစ်သင့်ဘူး။ တရားရှင် လွှတ်ကိုလွှတ်သင့်တယ်။ ဒါကြောင့်မို့လို့ ဖြူနှင်းထွေးလွတ်မြောက်ရေးကို တောင်းဆိုသွားမှာလည်း ပါပါတယ်။”

မေလ ၂၂ ရက်က မဖြူနှင်းထွေးအပါအဝင် ရွာသား ၇ ဦးကို ဆာလင်းကြီးမြို့နယ် ရဲစခန်းကနေ အမှုဖွင့်ပြီး တရားစွဲဆိုခဲ့ပေမဲ့ ရဲစခန်းကို သွားရောက် အစစ်ဆေးခံခဲ့တဲ့ ရွာသား ၅ ဦးကိုတော့ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက်ဆိုပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း တာဝန်ခံ ဦးလှစိန်က အမှုကနေ အပြီးပြတ် ကျေအေးပေးခဲ့ပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့က မဖြူနှင်းထွေးအမှုကို ရုံးတင်စစ်ဆေးခဲ့ပေမယ့် ရှေ့နေက တောင်းဆိုခဲ့တဲ့ အာမခံကို တရားရုံးကနေ ပယ်ချခဲ့တယ်လို့ သူမရှေ့နေတွေက ပြောပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့မှာတော့ တခြားကျန်နေသေးတဲ့ တရားလိုပြ သက်သေတွေကို စစ်ဆေးသွားမယ်လို့ မဖြူနှင်းထွေးရဲ့ရှေ့နေ ဦးဉာဏ်ဝေမင်းက ပြောပါတယ်။

“မနက်ဖြန်မှာ ကြားက တရားလိုပြသက်သေတွေ၊ ကျန်သေးတဲ့သက်သေတွေကို ထပ်စစ်မှာပါ။ ပြီးခဲ့တဲ့ရုံးချိန်းကတော့ ကျနော်တို့ (၃) ယောက် စစ်ခဲ့ပြီးပါပြီ။ အခုက ကျန်နေသေးတဲ့ သက်သေတွေကို ထပ်စစ်မှာပေါ့။”

မဖြူနှင်းထွေးလွတ်မြောက်ရေး ကျောင်းသားခေါင်းဆောင်တွေ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေအပြင် ပြည်သူတွေပါ စုဝေးပီး ဆက်လက် တောင်းဆိုသွားမယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ပြောကြပါတယ်။ AHRC အာရှလူ့အခွင့်အရေး ကော်မရှင်ကတော့ အခုလို မဖြူနှင်းထွေးကို အာဏာပိုင်တွေက ဖမ်းဆီးထောင်ချတာတွေနဲ့ ပတ်သတ်လို့ ကန့်ကွက်လိုက်ပြီး ဒေသခံတွေအရေး ကျောင်းသားတွေက ဝင်ရောက်ကူညီတာကို အာဏာပိုင်တွေက အငြိုးထားတဲ့လုပ်ရပ် ဖြစ်ပုံရတယ်လို့ ထောက်ပြဝေဖန်ထားပါတယ်ခင်ဗျာ။

XS
SM
MD
LG