သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန်ဖရန်ဆစ္စကိုမှာ ဘိုးရင်း ၇၇၇ ပျက်ကျ


ဆန်ဖရန်ဆစ္စကို နိုင်ငံတကာလေဆိပ်အဆင်း ပျက်ကျခဲ့ပုံ။ (ဇူလိုင်လ ၆ ရက်၊ ၂၀၁၃)။
ဆန်ဖရန်ဆစ္စကို နိုင်ငံတကာလေဆိပ်အဆင်း ပျက်ကျခဲ့ပုံ။ (ဇူလိုင်လ ၆ ရက်၊ ၂၀၁၃)။
ခရီးသည် ၃၀၀ ကျော် တင်ဆောင်လာတဲ့ Asiana လေကြောင်းလိုင်း က လေယာဉ်တစီး အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဆစ္စကို နိုင်ငံတကာလေဆိပ်ကိုအဆင်းမှာ ပျက်ကျခဲ့လို့ လူ နှစ်ဦး အနည်းဆုံး သေဆုံးသွားရပါတယ်။ ဆန်ဖရန်ဆစ္စကို မီးသတ်ဌာနအကြီးအကဲ Joanne Hayes-White က လူ ၁၃၀ ဒဏ်ရာရရှိပြီး တချို့က စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်လို့ဆိုပါတယ်။

လေယာဉ်ခရီးစဉ်အမှတ် ၂၁၄ ဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းကနေ ထွက်လာတာဖြစ်ပြီး၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ခရီးတထောက် ရပ်နားခဲ့ပါတယ်။ ရုပ်မြင်သံကြားသတင်းတွေမှာတော့ ဘိုးရင်း ၇၇၇ လေယာဉ်ဟာ မြေပြင်ပေါ်မှာ အမြီးပြုတ်ကျနေပြီး၊ တောင်ပံတဘက် လည်း ပြုတ်ထွက်နေတာ တွေ့ရပါတယ်။ လေယာဉ်ကိုယ်ထည်အပေါ်ပိုင်း တခုလုံး မီးလောင်ကျွမ်းထားတာကိုလည်း တွေ့ရပါတယ်။ လေယာဉ်အမြီး က ပြုတ်ကျတဲ့ အပိုင်းအစတွေက လည်း လေယာဉ်ပြေးလမ်းပေါ် မှာ ပြန့်ကျဲနေတာတွေ့ရပါတယ်။

လေယာဉ်ဟာ ပြေးလမ်းကို ထူးဆန်းတဲ့ ထောင့်ချိုးပုံစံနဲ့ ဆင်းလာပြီး၊ မြေပြင်နဲ့အထိမှာ လှုပ်ခါပြီး လေယာဉ်အမြီးပိုင်း ပြုတ်ထွက် သွားတာတွေ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ ဒီလေယာဉ်ပျက်ကျမှုဟာ အကြမ်းဖက် တိုက်ခိုက်မှုပုံစံမျိုး မဟုတ်ဘူးလို့ ဗဟိုထောက်လှမ်းရေးအေဂျင်စီ FBI က တွေ့ရကြောင်း ပြောပါတယ်။
XS
SM
MD
LG