သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော်လိုရာဒို ပစ်ခတ်မှု ရဲတဦး အပါအဝင် လူ ၃ ယောက် သေဆုံး


ကော်လိုရာဒိုပစ်ခတ်မှု သံသယရှိသူကို ဖမ်းဆီးခေါ်ဆောင်လာ။ (နိုဝင်ဘာ ၂၇၊ ၂၀၁၅)
ကော်လိုရာဒိုပစ်ခတ်မှု သံသယရှိသူကို ဖမ်းဆီးခေါ်ဆောင်လာ။ (နိုဝင်ဘာ ၂၇၊ ၂၀၁၅)

အမေရိကန်နိုင်ငံ အနောက်ပိုင်း ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ Planned Parentshood အဖွဲ့ ရှိရာ ကျန်းမာရေး အဆောက်အအုံ ကို သောကြနေ့က သေနတ် သမား တယောက် ဝင်ပစ်ခဲ့တာကြောင့် ရဲ အရာရှိတယောက် နဲ့အရပ်သား ၂ ယောက် တို့သေဆုံး သွားပါတယ်။

Colorodo Springs မြို့မှာ ငါးနာရီကြာအောင် ပစ်ခတ် တိုက်ခိုက်မှုဖြစ် သွားပြီၤး တဲ့နောက် အသက် ၅၇ နှစ်အရွယ် Robert Lewis Dear က ရဲတွေဆီကို လက်နက်ချ အညံ့ခံလိုက်တယ်လို့ ရဲဘက်ကဆိုပါတယ်။ အဆောက်အအုံထဲ မှာပေါက်ကွဲစေတဲ့ ပစ္စည်းတွေ ချန်ထားခဲ့ခြင်းရှိမရှိ ကိုလည်း ရဲဘက်က စစ်ဆေးနေပါတယ်။

သေနတ်သမားဆီမှာ ပစ္စည်း ပစ္စယတွေ ထည့်ထားတဲ့ အိတ်တလုံး ပါလာခဲ့တာကြောင့် စိုးရိမ်မှုတွေလည်း တိုးလာနေတယ်လို့ အာဏာပိုင်တွေ က ပြောပါတယ်။

ဒီနေရာမှာ အလုပ်တွေပြန်စနိုင်ဖို့ နာရီအတော်များများ ဒါမှမဟုတ် ရက်နဲ့ချီပြီး ကြာနိုင်တယ်လို့ ကော်လိုရာဒို ရဲဌာနပြောခွင့်ရသူ ဒုဗိုလ်Catherine Buckley ကပြောပါတယ်။

အခင်းဖြစ်ပွါးရာမှာ သေဆုံးသွားတဲ့ ရဲအရာရှိကတော့ အသက် ၄၄ နှစ်အရွယ် Garrett Swasey ဖြစ်ပြီး လူကိုးယောက်လည်း ဒဏ်ရာရသွားတာပါ။ ကိုယ်ဝန်ဖျက်ချတဲ့ လုပ်ငန်းတွေလုပ်ဆောင်ပေးတဲ့ Planned Parentshood ကျန်းမာရေးဌာနက ဝန်ထမ်းအားလုံး နဲ့ လူနာတွေကိုခေါ်ထုတ် လာနိုင်ပြီလို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို ဗဟို အစိုးရအေဂျင်စီတွေ နဲ့ ဒေသခံရဲတွေ ပူးပေါင်း လုပ်ကိုင်နေတာပါ။ ဒီလိုပစ်ခတ်ရတဲ့ အကြောင်းရင်း ကိုတော့ မသိရသေးဘူးလို့ အာဏာပိုင်တွေကပြောပါတယ်။

XS
SM
MD
LG