သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလုပ်သားများနစ်နာကြေး ဒေါ်လာ ၁ သန်းကျော် ထိုင်းစက်ရုံ စတင်ပေး


حضور جورج کلونی و همسرش در&nbsp; مراسم سالانه جشن موسسه&zwnj; لباس موسوم به &laquo;مت گالا&raquo; ۲۰۱۸ که در موزه هنر متروپولیتن شهر نیویورک برگزار شد.&nbsp;<br />
&nbsp;
حضور جورج کلونی و همسرش در&nbsp; مراسم سالانه جشن موسسه&zwnj; لباس موسوم به &laquo;مت گالا&raquo; ۲۰۱۸ که در موزه هنر متروپولیتن شهر نیویورک برگزار شد.&nbsp;<br /> &nbsp;

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်မှာရှိတဲ့ Golden Prize ငါးသေတ္တာစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၁၅၀၀ ခန့်ဟာ အလုပ်ထုတ်ပစ်ခံရတာတွေ၊ လုပ်အားခ အပြည့်အ၀ မရတာတွေကြောင့် အလုပ်ရှင်ကို တရားစွဲဆို အမှုဖွင့်ခဲ့တဲ့အတွက် အမေရိကန်ဒေါ်လာ ၁ သန်းကျော် နစ်နာကြေးပေးရန် စက်ရုံပိုင်ရှင်က ဒီကနေ့မှာ သဘောတူလိုက်ပြီး နစ်နာကြေးတွေ ပေးနေဆဲဖြစ်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်မှာရှိတဲ့ Golden Prize ငါးသေတ္တာတမျိုးတည်းကိုသာ ထုတ်လုပ်တဲ့ စက်ရုံမှာ မြန်မာအလုပ်သမား ၁၅၀၀ ခန့်နဲ့ ထိုင်းအလုပ်သမား ၂၅၀ ခန့်ရှိပြီး အလုပ်သမားဥပဒေပါ အနိမ့်ဆုံးလုပ်အားခ မရတာတွေ တရားမျှတမှုမရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်တာကြောင့်ဆိုကာ ပြီးခဲ့တဲ့နိုဝင်ဘာက ထောင်နဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ ဆန္ဒပြခဲ့ကြတာပါ။ ဒီနောက်မှာတော့ နစ်နာကြေးရဖို့အတွက် အလုပ်ရှင်ကို တရားစွဲဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့တာကြောင့် အင်္ဂါနေ့မှာ အလုပ်ရှင်က အလုပ်သမားတွေကို နစ်နာကြေး အမေရိကန်ဒေါ်လာ ၁ သန်းကျော်ပေးဖို့အတွက် သဘောတူခဲ့တယ်လို့ အလုပ်သမားတွေကို ဥပဒေကြောင်းအရ အကူညီပေးခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက်ရဲ့ဒုဥက္ကဌ ဦးအောင်ကျော်က ပြောပါတယ်။

“အမှန်ကတော့ စက်ရုံမှာရှိတဲ့ အလုပ်သမားက မြန်မာနိုင်ငံသားက ၁၅၀၀ ဖြစ်ပြီး၊ ထိုင်းနိုင်ငံသားက ၂၅၀ လောက်ရှိတယ်။ အဲတော့ ၁၇၅၀ လောက် ရှိတဲ့ စက်ရုံမှာ ဒီအလုပ်သမား ဥပဒေဆိုင်ရာ အခွင့်အရေးချိုးဖောက်တာပေါ့။ လုပ်အားခက ၁ ရက် ၃၀၀၊ OT အချိန်ပို ၁ နာရီ ၅၆ ဆိုတာတွေ မသဲကွဲလို့ ကျနော်က ပြန်ပြီး တရားစွဲတဲ့အခါမှာ ထိုင်းဥပဒေအရ နောက်ကြောင်းပြန် ၂ နှစ်စာ ပြန်ရပါတယ်။ အဲဒီ နောက်ကြောင်းပြန် ၂ နှစ်စာကို ဒီလူဦးရေအားလုံးကို ပေးရမှာဖြစ်တဲ့အတွက်ကြောင့် ၁၀၀ ရာခိုင်နှုန်း အလုပ်သမားတွေက တောင်းဆိုတဲ့အခါမှာ အဲ့မှာ နှစ်ဦးနှစ်ဘက် အလုပ်ရှင်ဘက်ကလည်း သူ တတ်နိုင်သလောက် ပြန်ညှိနှိုင်းလိုက်တော့ ၆၅ ရာခိုင်နှုန်းနဲ့ ပြတ်သွားပါတယ်။ အမေရိကန်ဒေါ်လာနဲ့ဆိုတော့ ၁ ဒဿမ ၃ သန်းလောက်နဲ့ ညီမျှတယ်လို့ ပြောလို့ရပါတယ်ခင်ဗျ။”

ဒီစက်ရုံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၀၀ ခန့် အလုပ်လုပ်နေပြီး တနေ့လုပ်အားခ အချိန်ပိုဆင်းခတွေဟာ ဥပဒေနဲ့အညီ မရတဲ့အတွက် တရားစွဲဆိုခဲ့တာ ဖြစ်ကြောင်းကိုလည်း ဆက်ပြောပြပါတယ်။

“၁ ရက် ၈ နာရီ အလုပ်လုပ်ရင် ဘတ် ၃၀၀ ပေးရမယ်။ နောက် အချိန်ပိုလုပ်လို့ရှိရင် ၁ နာရီကို ၅၆ ဘတ်နဲ့ ၂၅ ပြား ပေးရမယ်လို့ ဥပဒေမှာ သတ်မှတ်ထားပေမဲ့ အမှန်တကယ် သူ ပေးခဲ့တာက ဘတ် ၂၂၀ ကနေ ၂၅၀ ကြားမှာသာ သူ ပေးခဲ့ပြီးတော့ အချိန်ပိုကြေးကိုလည်း ၂၅ ဘတ်နဲ့ ဘတ် ၃၀ ကြားမှာပဲ ပေးခဲ့တဲ့အတွက်ကြောင့် ဥပဒေအရ သိသာထင်ရှားစွာ ချိုးဖောက်နေတဲ့အတွက်ကြောင့် ဒီအမှုကို ကျနော်တို့ တရားစွဲလိုက်ခြင်း ဖြစ်ပါတယ်ခင်ဗျ။ နစ်နာကြေး ပြန်လည်ရရှိဖို့ တောင်းဆိုတဲ့အခါမှာ လူ တယောက်နဲ့တယောက်က မတူဘူးခင်ဗျ။ လူ တယောက်ရဲ့ သူ့ရဲ့လုပ်သက်ရယ်၊ နောက် အဲ့လူတယောက်က တရက်ကို ပျမ်းမျှနာရီ ဘယ်နှစ်နာရီလောက် လုပ်ခဲ့သလဲဆိုတာ တယောက်နဲ့တယောက်က မတူနိုင်တဲ့အတွက်ကြောင့် တယောက်နဲ့တယောက် ရတဲ့ ငွေကြေးလေးတွေလည်း တတန်းတည်း မဖြစ်ဘူးခင်ဗျ။ ဥပမာ - မနေ့ညက ကျနော်တို့ စပြီးမှ ငွေပေးချေတဲ့အခါမှာ ည ၂ နာရီအထိကို ငွေလက်ငင်းစနစ်နဲ့ ပေးချေပါတယ်။ အဲဒီမှာ တယောက်ကို ၅ သောင်း ၉ ထောင်ပေးတာရှိသလို၊ ၆ သောင်းခွဲရှိတယ်၊ ၇ သောင်းခွဲရှိတယ်။ ၈ သောင်းကျော်ရှိတယ်။ အဲဒါတွေအားလုံး အနီးစပ်ဆုံး ပေါင်းစပ်လိုက်တော့ အစောက ကျနော်ပြောတဲ့ ၁.၃ သန်းဆိုတဲ့ အမေရိကန်ဒေါ်လာနဲ့ ညီမျှတယ်လို့ ပြောခြင်းဖြစ်ပါတယ်ခင်ဗျ။”

ဒီစက်ရုံမှာ ထိုင်းအလုပ်သမား၂၅၀ ခန့်လည်း အလုပ်လုပ်နေပေမဲ့ ဆန္ဒဖော်ထုတ်တဲ့အခါမှာ ထိုင်းအလုပ်သမားတွေ မပါခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ စက်ရုံတခုလုံး နစ်နာကြေးရဖို့အတွက် မြန်မာတွေက တောင်းဆိုတဲ့အတွက် ထိုင်းအလုပ်းသမားတွေပါ နစ်နာကြေးရရှိကြမှာ ဖြစ်တယ်လို့လည်း ဦးအောင်ကျော် က ဆိုပါတယ်။

“ဆန္ဒပြတဲ့အင်အားထဲမှာတော့ ထိုင်းလူမျိုးက တယောက်မှ မပါလာပါဘူး။ သို့သော် ကျနော်တို့က အလုပ်သမားချင်း အတူတူဖြစ်တဲ့အတွက်ကြောင့် ထိုင်းနဲ့မြန်မာလည်း တန်းတူရရမှာပဲဆိုပြီး၊ ကျနော်တို့ မြန်မာတွေကပဲ ဦးဆောင်ပြီးမှ ထိုင်းလူမျိုးတွေလည်း အချိုးဖောက်ခံရတဲ့သူတွေ ရှိပါတယ်။ သူတို့ကိုလည်း ပေးပါဆိုပြီးတော့ တောင်းဆိုပေးလိုက်တဲ့အတွက်ကြောင့် ထိုင်းတွေလည်း ရရှိခြင်း ဖြစ်ပါတယ်ခင်ဗျ။”

လက်ရှိမှာတော့ မြန်မာအလုပ်သမားတွေအတွက် နစ်နာကြေးတွေကို အင်္ဂါနေ့မနက် အစောကြီးကတည်းက စတင်းပေးဆောင်နေပြီး အလုပ်သမား ထောင်နဲ့ချီရှိတဲ့အတွက် နောက်ရက်တွေအထိ နစ်နာကြေးတွေ ဆက်နေရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းအလုပ်သမားတွေအတွက်လည်း နစ်နာကြေးပေးဖို့ ရက်သတ်မှတ်ပေးထားပြီး မြန်မာတွေနည်းတူ နစ်နာကြေးရရှိသွားမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမား အနည်းဆုံး ၃ သန်းကျော်ရှိတယ်လို့ နှစ်နိုင်ငံအစိုးရတွေက ခန့်မှန်းထားပြီး တရားမဝင် အလုပ်သမားတွေ နေ့စဉ်ဝင်ရောက်နေတဲ့အတွက် ဒီထက်မက ရှိနိုင်တယ်လို့လည်း ရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေသူတွေက ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်လက်မှတ်တွေ သက်တမ်း ၈ နှစ်အထိ ဆက်လက်တိုးပေးမှာဖြစ်ပြီး အလုပ်သမားတွေအနေနဲ့ အလုပ်လုပ်ခွင့်လက်မှတ် ရှိခဲ့ရင်တော့ ဥပဒေပါအခွင့်အရေးတွေကို ရရှိခံစားရမှာဖြစ်တယ်လို့တော့ ထိုင်းနဲ့ မြန်မာ အစိုးရအဆင့်ဆွေးနွေးပွဲတွေမှာ ထိုင်းအစိုးရဘက်က ပြောဆိုထားပါတယ်။

XS
SM
MD
LG