သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၁ နှစ်မြောက် စက်တင်ဘာ (၁၁) ရက် အောက်မေ့ဖွယ်


သမ္မတ၊ သမ္မတကတော်နဲ့ အိမ်ဖြူတော်ဝန်ထမ်းများ ၉/၁၁ အောက်မေ့ဖွယ် အထိမ်းအမှတ်ဖြင့် တိုက်ခိုက်ခံရချိန်တွင် ခေတ္တငြိမ်သက် ဂုဏ်ပြုစဉ်။
သမ္မတ၊ သမ္မတကတော်နဲ့ အိမ်ဖြူတော်ဝန်ထမ်းများ ၉/၁၁ အောက်မေ့ဖွယ် အထိမ်းအမှတ်ဖြင့် တိုက်ခိုက်ခံရချိန်တွင် ခေတ္တငြိမ်သက် ဂုဏ်ပြုစဉ်။
လွန်ခဲ့တဲ့ ၁၁ နှစ် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့က အကြမ်းဖက်သမားတွေက လေယာဉ်နဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ နယူးယောက်မြို့မှာ ကျန်ရစ်သူမိသားစုဝင်တွေက အမှတ်တရ နာမည်တွေရွတ်ခဲ့ကြပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေး ဌာန WTO မိုးမျှော်အဆောက်အဦးနှစ်ခုကို ပြန်ပေးဆွဲ ခရီးသည် တင် လေယာဉ် နှစ်စီးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တတိယမြောက်လေယာဉ်နဲ့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန် ကို တိုက်ခိုက်ခံခဲ့ရပြီး စတုတ္ထလေယာဉ်ကတော့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ရှန့်စ်ဗေးလ်မြို့နား မှာ ပျက်ကျသွားခဲ့ပါတယ်။

အဲဒီလို ဝမ်းနည်းကြေကွဲဖွယ်ရာ အမေရိကန်ရဲ့ သမိုင်းတချိုးတကွေ့ အတွေ့အကြုံမှာ အမေရိကန်ရဲ့ စီးပွားရေးကို ထိခိုက်နစ်နာမှုတွေ၊ နိုင်ငံတကာ အကြမ်းဖက်မှု နှိမ်နင်းရေးနဲ့ နိုင်ငံတော်လုံခြုံရေးက သမ္မတရွေးကောက်ပွဲ - စတဲ့ အခြေအနေတွေကို ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်းနဲ့အတူ မခင်ဖြူထွေးက ဒီတပတ်ရဲ့ အမေရိကန်နိုင်ငံရေးမှာ သုံးသပ်တင်ပြထားပါတယ်။
XS
SM
MD
LG