သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီးတာဝန်က ဘန်နာဒစ် တရားဝင် အနားယူ


ပုပ်ရဟန်းမင်းကြီးကို နှုတ်ဆက်နေသူများ
ပုပ်ရဟန်းမင်းကြီးကို နှုတ်ဆက်နေသူများ
ပုပ်ရဟန်းမင်းကြီး ဘန်နာဒစ်ဟာ ၈ နှစ် နီးပါးလောက် ပုပ်ရဟန်းမင်းကြီး တာဝန်အဖြစ် ထမ်းဆောင်ခဲ့ပြီးတဲ့နောက် အနားယူလိုက်ပြီဖြစ်ပါတယ်။ ဒီလိုမျိုး ပုပ်ရဟန်းမင်းကြီးရာထူးကနေ အနားယူလိုက်တာကြောင့် နှစ်ပေါင်း ၆၀၀ အတွင်း ရိုမန်ကက်သလစ် ဘာသာရေး ဂိုဏ်းခေါင်းဆောင်အဖြစ်ကနေ ဆန္ဒအလျှောက် ပထမဆုံး အနားယူလိုက်သူဖြစ်လာပါတယ်။

ပုပ်ရဟန်းမင်းကြီး ဘန်နဒစ်ဟာ ကြာသာပတေးနေ့ ဒေသစံတော်ချိန် ညနေ ၈ နာရီကစပြီး ရာထူးကနေ တရားဝင်နှုတ်ထွက်ပြီဖြစ်ပါတယ်။ အဲဒီမတိုင်ခင်ကတော့ ပုပ်ရဟန်းမင်းကြီးအဖြစ်ကနေ တရားဝင်နှုတ်ထွက်တဲ့အနေနဲ့ ရောမမြို့အပြင်ဘက်က Gandolfo ရဲတိုက်ကို ကြာသာပတေးနေ့ အစောပိုင်းက ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားခဲ့ပါတယ်။ ဒေသစံတော်ချိန်ညနေ ၈ နာရီမှာတော့ ဗာတီကန်က ပုပ်ရဟန်းမင်းကြီး နေထိုင်တဲ့နေရာက ဂိတ်ပေါက်က ဆွစ်နိုင်ငံသားအစောင့် ၂ ယောက်ဟာ တံခါးကို ပိတ်ပြီး အဲဒီနေရာကနေ ထွက်ခွာသွားခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ အသက် ၈၅ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးက ဗာတီကန်မှာပြုလုပ်တဲ့ သီးခြားနှုတ်ဆက်ပွဲအတွင်း ရိုမန်ကက်သလစ်ဘုန်းတော်ကြီးတွေကို ပြောခဲ့တာမှာတော့ - သူ့ကို ဆက်ခံတဲ့ ပုပ်ရဟန်းမင်းကြီးကို သူ့အနေနဲ့လည်း အကြွင်းမဲ့ ရိုသေကိုင်းရှိုင်းပြီး၊ လေးလေးစားစားနဲ့ ဆက်ဆံသွားမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် ရိုမန်ကက်သလစ် ဘုန်းတော်ကြီးတွေ ကိုလည်း ညီညွတ်ကြဖို့ နဲ့ သူတို့ထဲမှာ အနာဂတ်ကျရင် ပုပ်ရဟန်းမင်းကြီးဖြစ်လာမယ့်သူရှိတယ် ဆိုပြီး ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG