ပုပ်ရဟန်းမင်းကြီး Benedict က ပုပ်ရဟန်းမင်းကြီးအဖြစ် ကနေ နှုတ်ထွက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ သူဟာနှစ်ပေါင်း ၆ ရာနီးပါးကာလအတွင်း ပုပ်ရဟန်းမင်းအဖြစ်ကနေ နှုတ်ထွက်တဲ့ ပထမဆုံး ပုဂ္ဂိုလ် ဖြစ်ပါလိမ့်မယ်။
တနင်္လာနေ့မနက်ပိုင်း Cardinal ရဟန်းတော်များ အစည်းအဝေးမှာ ပုပ်ရဟန်းမင်းကြီးက အခုလို ကြေညာလိုက်တာဖြစ်
ကြောင်း ပြောခွင့်ရသူက ပြောဆိုပါတယ်။
ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီးအဖြစ်က အနားယူလိုက်ပြီဆိုရင် ခရစ်ယာန် ဘာသာရေး အကြီးအကဲ တာဝန်ယူမယ့်သူ နေရာလစ်ဟာ သွားပါလိမ့်မယ်။
သက်တော် ၈၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ အခုလို ဆုံးဖြတ်ချက်ချဖို့ အတွက် သတိတရားနဲ့ အပြန်ပြန် အလှန်လှန် ဆင်ခြင် သုံးသပ်မှု ပြုလုပ်ခဲ့ပါကြောင်းလည်း သူ့ရဲ့ ကြေညာချက် ထဲမှာ ဖေါ်ပြထားပါတယ်။
ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း သူ့ရဲ့ကျန်းမာရေး အားနည်းသွားခဲ့ကြောင်း၊ သူ့အပေါ် ယုံကြည်အားကိုးထားကြတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ စွမ်းအား အပြည့်အ၀ မရှိတော့တဲ့အတွက် အခုလို ရာထူးကနေ ဆင်းပေးဖို့ ဆုံးဖြတ်ရတာဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး Benedict က ပြောပါတယ်။
ရဟန်းတော်ကြီးတွေ သီးသန့် ဆွေးနွေးပွဲ ကျင်းပပြီး ဘာသာရေးဂိုဏ်းချုပ် ရွေးချယ်ဖို့ တောင်းဆို ကြပါလိမ့်မယ်။
ပုပ်ရဟန်းမင်းကြီး Benedict ဖြစ်လာမယ့်သူ အမည် Joseph Ratzinger ကို ဂျာမဏီနိုင်ငံမှာ ၁၉၂၇ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သာသနာ့ဘောင်ရဲ့ သိက္ခာတော်ရ ဆရာတော်တပါးအဖြစ် ၁၉၅၁ ခုနှစ်မှာ ဖြစ်လာခဲ့ပြီး၊ ပုပ်ရဟန်းမင်းအဖြစ် တင်မြှောက်ခွင့်ရှိတဲ့ ရဟန်းတော်အဖြစ်ကို ၁၉၇၇ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး Benedict အဖြစ် ၂၀၀၅ ခုနှစ်မှာ တင်မြှောက်ခံခဲ့ရပါတယ်။