သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်လည် သင့်မြတ်ရေး ရှေးရှုဖို့ ပုပ်ရဟန်းမင်း ခရစ္စမတ် အမှာစကားပါး


ခရစ္စမတ်နေ့ အထိမ်းအမှတ် အီတလီနိုင်ငံ၊ ရောမမြို့တော်၊ ဗာတီကန်နန်းတော်က စိန့်ပီတာရင်ပြင်မှာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ် တရား ဟောကြား။ (ဒီဇင်ဘာ ၂၅၊ ၂၀၁၅)
ခရစ္စမတ်နေ့ အထိမ်းအမှတ် အီတလီနိုင်ငံ၊ ရောမမြို့တော်၊ ဗာတီကန်နန်းတော်က စိန့်ပီတာရင်ပြင်မှာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ် တရား ဟောကြား။ (ဒီဇင်ဘာ ၂၅၊ ၂၀၁၅)

ပြိုကွဲနေတဲ့ လူမှုအဝန်းအဝိုင်းတွေအကြား ပြန်လည်သင့်မြတ်ကြရေး ဒီကနေ့ ကျရောက်တဲ့ ခရစ္စမတ်နေ့ အထိမ်းအမှတ် အီတလီနိုင်ငံ၊ ရောမမြို့တော်၊ ဗာတီကန်နန်းတော်က စိန့်ပီတာရင်ပြင်မှာ ဟောကြားတဲ့ တရားထဲမှာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်က နှိုးဆော်လိုက်ပါတယ်။

ခရစ်ယာန် ကျောင်းတော်ကြီးရဲ့ အလယ်က အပြင်ဘက် လေသာဆောင်မှာရပ်ပြီး စိန့်ပီတာရင်ပြင်မှာ စုဝေးနေတဲ့ ထောင်ပေါင်း များစွာသောလူအုပ်ကြီးကို မျက်နှာမူပြီးတော့ Urbi et Orbi ဒါမှမဟုတ် မြို့တော်နှင့် ကမ္ဘာကြီးသို့ ဆိုတဲ့ အစဉ်အလာ တရားတော်ကို ပုပ်ရဟန်းမင်းကြီးက မိန့်ကြားတာပါ။

IS အစွန်းရောက်အဖွဲ့ ခေါင်းထောင်နေချိန်၊ အရှေ့အလယ်ပိုင်းနဲ့ ဂိုဏ်းဂနကွဲ ပဋိပက္ခတွေဖြစ်နေတဲ့ အာဖရိကဒေသတွေကနေ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထွက်ပြေးနေရချိန်၊ အနောက်ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ အကြမ်းဖက်ဝါဒ ကိုင်စွဲသူ တွေက တိုက်ခိုက်တာတွေဖြစ်ထားချိန်၊ အကြမ်းဖက် ပဋိပက္ခတွေနဲ့ စီးပွားရေး အဆင်မပြေမှုတွေကနေ ပိုပြီးဘေးကင်းတဲ့၊ ပိုပြီး တည်ငြိမ် တဲ့နေရာတွေမှာ နေထိုင်နိုင်ဖို့ ချမ်းသာတဲ့နိုင်ငံတွေမှာ ဒုက္ခသည်တွေ ရောက် လာတာနဲ့အမျှ လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်ဖွယ်ရာတွေ ရှိနေချိန်တွေမှာ မိန့်တဲ့ ပုပ်ရဟန်းမင်းရဲ့ တရားတော်ဟာ တကမ္ဘာလုံးရဲ့ အခြေအနေကို ထင်ဟပ်နေပါတယ်။

တိမ်ကင်းစင်တဲ့ ကောင်းကင်ပြာနဲ့ သောကြာနေ့မှာ ပုပ်ရဟန်းမင်းက “ဘုရားသခင် မွေးဖွားရာမှာ မျှော်လင့်ချက်တို့ မွေးဖွားပါတယ်” လို့ တရားနာသူတွေကို မိန့်ကြားခဲ့ပါတယ်။

XS
SM
MD
LG