သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနားယူတော့မည့် ပုပ်ရဟန်းမင်းကြီး နောက်ဆုံးဝတ်ပြု


ပရိသတ်ရဲ့ ပူဇော်မှုကို နောက်ဆုံးအကြိမ် ခံယူနေတဲ့ ပုပ်ရဟန်းမင်းကြီး (၂၇ ဖေဖော်ဝါရီလ ၂၀၁၃)
ပရိသတ်ရဲ့ ပူဇော်မှုကို နောက်ဆုံးအကြိမ် ခံယူနေတဲ့ ပုပ်ရဟန်းမင်းကြီး (၂၇ ဖေဖော်ဝါရီလ ၂၀၁၃)
ကြာသပတေးနေ့မှာ ရိုမန်ကက်သလစ် ဘုရားကျောင်းကြီးရဲ့ အကြီးအကဲ တာဝန်ကနေ အနားယူ
တော့မယ့် ပုပ်ရဟန်းမင်းကြီး Benedict ဟာ နောက်ဆုံး အကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့မှာ ပရိတ်သတ် ရဲ့ ပူဇော်တာကို ခံယူပြီး မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ရောမမြို့က စိန့်ပီတာရင်ပြင်မှာ ပုပ်ရဟန်းမင်းကြီး Benedict က ဦးဆောင် ဝတ်ပြု ဆုတောင်းရင်း ပရိတ်သတ်နဲ့ နောက်ဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

သမိုင်းတွင်မယ့် ဒီဆုတောင်းပွဲကို တက်ရောက်ဖို့ လက်မှတ်ပေါင်း ၅ သောင်းလောက် ဖြန့်ဝေပေး ခဲ့ပေမဲ့ နောက်ထပ်လည်း ထောင်နဲ့ချီပြီး လာရောက်ကြဖို့ ရှိမယ်လို့ အာဏာပိုင်တွေက တွက်ထား တာပါ။

သူတာဝန်ယူနေတဲ့ ကာလအတွင်း ကျောင်းတော်အတွက် မုန်တိုင်းထန်တဲ့ ရေပြင်လို ပြဿနာ အခက်အခဲတွေ ကြုံခဲ့ရပေမဲ့ ဘုရားသခင်က နစ်မြုပ် မသွားအောင် ကယ်တင်ခဲ့တယ်လို့ ပုပ်ရဟန်းမင်းကြီး Benedict က မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အခုလို အနားယူ နှုတ်ထွက်ဖို့ လုပ်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်မျိုး ဘယ်သူကမှ မလုပ်ခဲ့ဖူးသေးသလို ဒါဟာ ဘယ်လောက် အရေးပါတယ် ဆိုတာကို သူ သိထားတယ် လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလို သူ လုပ်ဆောင်ခဲ့တာဟာ သေသေချာချာ စဉ်းစားပြီး တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ခဲ့ တာဖြစ်ကြောင်းနဲ့ ရိုမန်ကက်သလစ် ဘုရားကျောင်းကြီးရဲ့ အနာဂတ်အတွက် သူ့မှာ ယုံကြည်မှု အပြည့်ရှိတယ်လို့ပါ ပြောကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးက စာရွက်ပေါ်မှာ ရေးထားတဲ့ သူ့ရဲ့မိန့်ခွန်းကို အီတလီဘာသာနဲ့ ဖတ်ပြခဲ့ တာဖြစ်ပြီး ပရိတ်သတ်တွေက မကြာခဏ လက်ခုတ်တီး သြဘာပေး ခဲ့ကြတာပါ။

မိန့်ခွန်းမပြောခင်မှာ ကားတွေ မလာအောင် ပိတ်ထားတဲ့ စိန့်ပီတာ ရင်ပြင်ထဲက လမ်းတွေပေါ် လှည့်လည် အကြည်ညိုခံရင်း လူအုပ်ကို လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့သလို ဖြတ်သွားရင်း တွေ့တဲ့ ကလေးငယ်တွေအတွက် မကြာမကြာ ရပ်ပြီးလည်း ဆုတောင်း ပေးခဲ့ပါတယ်။

အခုလို အကြည်ညိုခံ ထွက်တာကို တပတ်ကြာ ပြုလုပ်ခဲ့ပေမဲ့ အခု နောက်ဆုံးနေ့ မှာတော့ အရင် ကထက် ပရိတ်သတ်က ပိုပြီး များပါတယ်။
XS
SM
MD
LG