သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းအသစ်ရွေးချယ်မှု အင်္ဂါနေ့စမည်


ပုပ်ရဟန်းမင်းသစ် ရွေးချယ်ဖို့ စည်းဝေးပွဲကို လာရောက်နေကြတဲ့ Cardinal ဘုန်းတော်ကြီးတချို့။ (မတ်လ ၈ ရက်၊ ၂၀၁၃)။
ပုပ်ရဟန်းမင်းသစ် ရွေးချယ်ဖို့ စည်းဝေးပွဲကို လာရောက်နေကြတဲ့ Cardinal ဘုန်းတော်ကြီးတချို့။ (မတ်လ ၈ ရက်၊ ၂၀၁၃)။
အနားယူသွားတဲ့ ပုပ်ရဟန်းမင်း Benedict ရဲ့နေရာဆက်ခံမယ့်သူ ရွေးချယ်ဖို့အတွက် လျှို့ဝှက်စည်းဝေးပွဲတခုကို Roman Catholic Cardinal ဘုန်းတော်ကြီးတွေ အင်္ဂါနေ့မှာစတင်ကျင်းပမယ်လို့ Vatican ကျောင်းတော်ကပြောဆိုပါတယ်။ ၅ ရက်ကြာ တခါးပိတ် အခြေအတင်ဆွေးနွေးမှုတွေအပြီး သောကြာနေ့မှာတော့ Vatican မှာ လျှို့ဝှက်အစည်းအဝေး ကျင်းပမယ့်ရက်ကို သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

အစည်းအဝးမှာ Cardinal ဘုန်းတော်ကြီး ၁၁၅ ယောက်က ပုပ်ရဟန်းမင်းအသစ်ကို ရွေးချယ်ကြ မှာ ဖြစ်ပါတယ်။ စုစုပေါင်းမဲတွေရဲ့ ၃ ပုံ ၂ ပုံ၊ ဒါမှမဟုတ် စုစုပေါင်း ထောက်ခံမဲ ၇၇ မဲရသူကို ပုပ်ရဟန်းမင်းကြီးအဖြစ် လျှို့ဝှက်အစည်းအဝေးကနေ ရွေးချယ်မှာဖြစ်ပါတယ်။ အသက် ၈၀ အောက်ရှိသူကိုသာ ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ရမှာဖြစ်ပါတယ်။

ရာစုနှစ်တွေချီပြီးကြာတဲ့ ဘာသာရေးထုံးတမ်းစဉ်လာအရ ပရိတ်တရားတွေရွတ်ဖတ်ပြီး Vatican ကျောင်းတော်ရဲ့ Sistine Chapel ဘုရားကျောင်းမှာ လျှို့ဝှက်အစည်းအဝေးကို ကျင်းပမှာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းအသစ်ရွေးပွဲကို မတ် လ ၃ ရက် အီစတာပွဲတော်အမီ စီစဉ်နေပုံရတယ်လို့ ဆိုပါတယ်။
XS
SM
MD
LG