သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးလေယာဉ် Black Box အချက်ပြသံ ဖြစ်နိုင်ခြေထပ်မံတွေ့ရှိ


ရေအောက်မှာ ပျောက်ဆုံးမလေးရှားလေယာဉ် MH370 က Black Box ကိုရှာဖွေနေကြစဉ်။
ရေအောက်မှာ ပျောက်ဆုံးမလေးရှားလေယာဉ် MH370 က Black Box ကိုရှာဖွေနေကြစဉ်။
မလေးရှားပျောက်ဆုံးလေယာဉ်ရဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် Black Box က အချက်ပေးသံနဲ့ကိုက်ညီတဲ့ အသံအသစ်တွေကို ရေတပ်သင်္ဘောတစီးက လက်ခံရခဲ့တယ်လို့ Australia ရှာဖွေရေး အရာရှိတွေက ထုတ်ပြောလိုက်ပါတယ်။

ရှာဖွေရေးအကြီးအကဲ Angus Houston က ပြီးခဲ့တဲ့ရက်အတွင်းတွေ့ခဲ့ရတာတွေက Australia ကမ်းလွန်က အိန္ဒိယသမုဒ္ဒရာထဲမှာ ဒီ Boeing 777 လေယာဉ်ရှာဖွေမှုအားလုံးထဲမှာ အားရစရာ အကောင်းဆုံးဖြစ်တယ်လို့ Perth မြို့မှာ တနင်္လာနေ့ကပဲ ပြောခဲ့ပါတယ်။ ဒါပေမယ့် ထပ်မံ အတည်ပြုချက်တွေ ယူဖို့ လိုနေသေးပြီး အဲ့ဒီအတွက် နောက်ထပ်ရက်တွေထပ်ကြာနိုင်သေးတယ်၊ ဒါပေမဲ့လည်း ဒီအမေရိကန်ရေတပ် သင်္ဘောကရတဲ့ အချက်ပေးသံဟာ သိပ်အားရစရာကောင်းနေတယ်လို့ Mr. Houston က ဆက်ပြောခဲ့ပါတယ်။

Australia သင်္ဘော Ocean Shield ဆွဲလာတဲ့ အချက်ပေးသံရှာနေတဲ့ စက်ကိရိယာက Black Box က အချက်ပေးသံကို ၂ နာရီ မိနစ် ၂၀ ကြာအောင် ရနေခဲ့ပြီး နောက်တခေါက်အနေနဲ့လည်း ၁၃ မိနစ်ကြာအောင် ထပ်ကြားခဲ့တယ်လို့ Mr. Houston က ဆိုပါတယ်။

သူကပဲ ခုလို ကြားခဲ့ရတာက လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် ကိရိယာကနေ ရတာရော၊ လေယာဉ်မောင်းခန်းက အသံသွင်းကိရိယာက ရတဲ့အသံအတွက်ပါ နှစ်ခုစလုံးနဲ့ သွားကိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြခဲ့ပါတယ်။

နောက်ဆုံးရတဲ့ အချက်ပေးသံ ယျေဘုယျအားဖြင့် ဘယ်ကလာလဲဆိုတဲ့ နေရာကို အတည်ပြုလိုက်နိုင်ပြီ ဆိုရင်တော့ အလိုအလျောက်သွားတဲ့ ရေငုပ်သင်္ဘောလွှတ်ပြီး စုံစမ်းမယ်လို့ Mr. Houston က ဆက်ပြောခဲ့ပါတယ်။

လူပေါင်း၂၃၉ ဦးပါတဲ့ မလေးရှားလေယာဉ်ဟာ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ၊ ဘီဂျင်းမြို့ကိုထွက်ခဲ့ရာမှာ မတ်လ ၈ ရက်နေ့မှာ ဝေဟင်ကနေ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ရာမှာ တလခန့်အကြာ တနင်္ဂနွေနေ့မှာ အိန္ဒိယသမုဒ္ဒရာအောက်ကနေ အချက်ပေးသံ ၃ ချက်ကို ရှာဖွေရေးသမားတွေက ကြားခဲ့ရအပြီး အခုလို တိုးတက်မှုအလားအလာရှိလာခဲ့တာပါ။
XS
SM
MD
LG