ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အိန္ဒိယ သမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Mr. Salman Khurshid အား ယနေ့ ညနေ(၄)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။ မြန်မာနိုင်ငံရှိ စွမ်းအင်၊ ဆောက်လုပ်ရေး၊ လျှပ်စစ်၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုကို ဆက်လက် ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး ဖောက်လုပ်ရေးလုပ်ငန်း အမြန်ပြီးစီးရေးအတွက် ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့်ခိုင်မာရေး၊ နှစ်နိုင်ငံ ပြည်သူများအကြား ရင်းနှီးခင်မင်စွာ ထိတွေ့ဆက်ဆံရေးနှင့် ရင်းနှီးမြှုပ်နံှမှု မြှင့်တင်ရေး ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြတယ်လို့ သိရပါတယ်။
ဥရောပသမ္မဂရဲ့ ပိတ်ပင်ကန့်သတ်ချက်ကို ချိုးဖောက်ပြီး မြန်မာနိုင်ငံမှာ သိမ်းဆည်းရမိခဲ့တယ်ဆိုတဲ့ ဆွီဒင်နိုင်ငံလုပ် လက်နက်ကိစ္စနဲ့ပတ်သက်ပြီး အမြန်ဆုံး ဖြေရှင်းပေးဖို့ ဆွီဒင်အစိုးရက အိန္ဒိယကို တောင်းဆိုထားပါတယ် သိရပါတယ်။ အခုသီတင်းပါတ်ထဲမှာ ဆွီဒင်နိုင်ငံအပါအဝင် နိုင်ငံတကာ သတင်း မီဒီယာတွေပေါ်မှာဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေအရ မြန်မာအစိုးရ စစ်သားတွေဆီက ပြည်တွင်းကချင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ရရှိထားတယ်ဆိုတဲ့ Carl Gustav M 3 တင့်ကားဖျက် (anti tank rifles) လက်နက်တွေတွေ့ရှိရတဲ့ ကိစ္စနဲ့ပါတ်သက်လို့ ဆွီဒင်၏နိုင်ငံခြားပို့ကုန်ဆိုင်ရာ ထိန်းချုပ်ရေး အဖွဲ့(Non Proliferation and Export Controls)က အိန္ဒိယနိုင်ငံဘက်က အမြန်ဆုံးဖြေကြားပေးဖို့နဲ့၊ ဒိကိစ္စအတွက် အိန္ဒယသံအမတ်ကြီးနဲ့ လဲ ဆက်သွယ်ဆောင်ရွက်နေပါတယ် လို့ ဆွီဒင်ကုန်သွယ်ရေးဝန်ကြီး Ms. Ewa Bjorling မစ္စစ်အီဝါဘဂျော်လင်းက ကြာသာပတေးနေ့ က ဆွီဒင်ပါလီမန်မှာ ပြောဆိုခဲ့ပါတယ်။
ဆွီဒင်ကာကွယ်ရေးလက်နက်ထုတ်လုပ်ရေးကုမ္မဏီ Saab ကလဲအမှတ်စဉ်နံပါတ် Serial နဲ့တကွဖော်ပြထားတဲ့ အဲဒီတင့်ကားဖျက်လက်နက်ကို သူတို့ ကုမဏီက မြန်မာနိင်ငံမှာကိုလုံးဝရောင်းချခဲ့ခြင်းမရှိဘဲ ကြားနိုင်ငံသို့မဟုတ်အဖွဲ့ အစည်းတခုကရောင်းချတာသာဖြစ်မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ အကြောင်း ထိုင်းနိုင်ငံထုတ် Bangkok Post အပါအဝင် နိုင်ငံတကာသတင်းတွေကဖော်ပြပါတယ်။ ဥရောပသမဂ္ဂ(အီးယူ)က ၁၉၉၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချခွင့်ကို ပိတ်ပင်ထားပြီး ၊ လက်နက်တင်ပို့ ရောင်းချခွင့်ပိတ်ထားတဲ့အချိန်ကစလို့ ဆွီဒင်နိုင်ငံကမြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချမှု မရှိခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးက အတည်ပြုပြောဆိုပါတယ်။