သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် အိန္ဒိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံ


မြန်မာသမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံစဉ် (သတင်းမှတ်တမ်း- နိုင်ငံတော်သမ္မတရုံး)
မြန်မာသမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံစဉ် (သတင်းမှတ်တမ်း- နိုင်ငံတော်သမ္မတရုံး)
ဒီနေ့ မနက်၉နာရီ၄၅ မိနစ်က နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီဲမြို့ Vigyan Bhawan မှာ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ တွေ့ဆုံပါတယ်။ ဆွေးနွေးပွဲကို သမ္မတနဲ့ အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးသန်းဌေး၊ ဦးအေးမြင့့် မြန်မာသံရုံး ယာယီတာဝန်ခံ ဦးဘလှအေးနဲ့ အဖွဲ့တက်ရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံဘက်က ဝန်ကြီးချုပ် ၊ဝန်ကြီးအဖွဲ့၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနဲ့ တခြားအဆင့်မြင့်အရာရှိကြီးတွေ တက်ရောက် ခဲ့ကြပါတယ်။ တွေ့ဆုံပွဲမှာ အိန္ဒိယဝန်ကြီးချုပ်နဲ့ အဖွဲ့ကို ကျေးဇူးတင်ရှိပါကြောင်း နဲ့ ပြီးခဲ့တဲ့နှစ် မေလက ဝန်ကြီးချုပ် မန်မိုဟန်ဆင်းရဲ့ မြန်မာခရီးစဉ်အတွင်း လက်မှတ်ထိုးခဲ့တဲ့ နှစ်နိုင်ငံ သဘောတူညီချက် ၁၁ ချက်ကို စတင် အကောင် အထည်ဖော်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီနောက်မြန်မာသမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ် တို့ဟာ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုံခြုံရေး ပူူးပေါင်းဆောင်ရွက်ရေး၊ အိန္ဒိယမြန်မာထိုင်း ၃ နိုင်ငံ ကားလမ်းဖောက်လုပ်မှု၊ မြန်ဆန် ဆောင်ရွက်ရေး၊ အိန္ဒိယ ရဲ့ ဖွံဖြိုးရေး ကူညီမှု စီမံကိန်းတွေကို အမြန်ဆုံး အကောင်အထည်ဖော်ရေး အပြင် ၊နှစ်နိုင်ငံ လူထု ဆက်ဆံမှု ကတဆင့် စီးပွားရေးနဲ့ ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ နှစ်နိုင်ငံအကျိူးတူ ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပါတယ်။

အကြိမ် ၂၀မြောက် အာဆီယံ အိန္ဒိယ ထိပ်သီးအစည်းအဝေး မှာ မြန်မာသမ္မတက မိန့်ခွန်းပြောဆိုရာမှာ -မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်း ဖြစ်တာနဲ့ အညီ အာဆီယံ နဲ့ အိန္ဒိယနိုင်ငံကြား လုံခြုံရေး အပါအဝင် ကဏ္ဏပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုကို အထူးအလေးပေး ထား ပါတယ် လို့ ပြောဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက မြန်မာအပါအဝင် ကမ္ဘောဒီးယား လာအို ဗီယက်နမ် နိုင်ငံတွေမှာလူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်အိန္ဒိယက အကူအညီပေးတဲ့ အာဆီယံ ပေါင်းစည်းရေးလုပ်ငန်းမှာ ကူညီနေတဲ့ အတွက် ကျေးဇူးတင်ကြောင်းလဲ ပြောဆိုပါတယ်။ အိန္ဒိယ နိုင်ငံဟာ ၂၀၁၅ ခုနှစ်မှာ အာဆီယံနဲ့ အိန္ဒိယကြား ကုန်သွယ်ရေးတန်ဖိုါ် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀ ၀ အထိတိုးတက်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
XS
SM
MD
LG