သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဆေးရုံ တိုက်ခိုက်ခံရမှု MSF ဝန်ထမ်းအချို့ ပျောက်ဆုံးနေဆဲ


အာဖဂန်နစ္စတန်နိုင်ငံ၊ Kunduz မြို့မှာ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF (အောက်တိုဘာ ၈၊ ၂၀၁၅)
အာဖဂန်နစ္စတန်နိုင်ငံ၊ Kunduz မြို့မှာ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF (အောက်တိုဘာ ၈၊ ၂၀၁၅)

အာဖဂန်နစ္စတန်နိုင်ငံ၊ Kunduz မြို့မှာ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF က ဖွင့်လှစ်ထားတဲ့ဆေးရုံကို အမေရိကန်က ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီးတာ ရက်အနည်းငယ်ကြာပြီးချိန် လူပေါင်း ၃၃ ယောက် ပျောက်နေတုန်းပဲလို့ MSF အဖွဲ့ကပြောပါတယ်။ အဲဒီတိုက် ခိုက်မှုကြောင့် လူ ၂၂ ဦး သေဆုံးခဲ့ပါတယ်။

ပျောက်ဆုံးနေသူတွေထဲက ကိုးဦးဟာ လူနာတွေဖြစ်ပြီး ၂၄ ယောက်က ဝန်ထမ်းတွေဖြစ်တယ်လို့ MSF ကပြောပါတယ်။ ဆေးရုံ ထဲမှာ နောက်ထပ်သေဆုံးသူတွေကို တွေ့ရနိုင်ပေမယ့် Kunduz မှာ လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီးတဲ့နောက် ဆေးရုံထဲ ပြန်ဝင် ခွင့်ရဖို့ စောင့်နေတယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့စနေနေ့က လေကြောင်းကနေ တိုက်ခိုက်ခံရပြီးတဲ့နောက် Kunduz က လုပ်ငန်းတွေကို MSF က ရပ်ပစ်လိုက်တာပါ။ တိုက်ခိုက်မှုအပေါ် ဂျီနီဗာ သဘောတူညီချက်တွေအရ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ MSF က တောင်းဆိုထားပါ တယ်။

အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့တုန်းကော့ သမ္မတ ဘရာ့ခ် အိုဘားမားက MSF အဖွဲ့ကို တောင်းပန်လိုက်ပါ တယ်။ ဒီဖြစ်ရပ်မှာ အမှားအယွင်းရှိခဲ့ပြီး အမေရိကန်မှာ တာဝန်ရှိတဲ့အကြောင်း၊ ဘာဖြစ်ခဲ့တယ်ဆိုတာကို အတိအကျ သိရအောင် လုပ်ဖို့ မစ္စတာအိုဘားမားက သိပ်ကို စိတ်အားထက်သန်ပါကြောင်း မစ္စတာ Earnest ကပြောပါတယ်။

XS
SM
MD
LG