သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတလောင်း ရွေးချယ်မူ အိုဘားမား လက်ခံ


အမေရိကန် ပြည်သူတွေ မဲပေးကြတဲ့အခါ နိုင်ငံအတွက် မတူညီတဲ့ လမ်းကြောင်းနှစ်ခု အကြား တစ်ခုကို ရွေးချယ်ရမှာဖြစ်ပြီး ဒီအချိန်ဟာ ရှင်းရှင်းလင်းလင်းနဲ့အပြတ်သားဆုံး ရွေးချယ်နိုင်မယ့် အချိန် ဖြစ်တယ်လို့ အိုဘားမားကပြောပါတယ်။
အမေရိကန် ပြည်သူတွေ မဲပေးကြတဲ့အခါ နိုင်ငံအတွက် မတူညီတဲ့ လမ်းကြောင်းနှစ်ခု အကြား တစ်ခုကို ရွေးချယ်ရမှာဖြစ်ပြီး ဒီအချိန်ဟာ ရှင်းရှင်းလင်းလင်းနဲ့အပြတ်သားဆုံး ရွေးချယ်နိုင်မယ့် အချိန် ဖြစ်တယ်လို့ အိုဘားမားကပြောပါတယ်။
နျူကလီးယားလက်နက် ပျံ့ပွားမှု ဟန့်တားနိုင်ဖို့ ကမ္ဘာတဝှမ်း နှစ်ရှည်မဟာမိတ်တွေနဲ့ ဆက်ဆံရေး ပြန်လည် ခိုင်မာအောင် တည်ဆောက်ပြီး ပူးပေါင်း ဆောင်ရွက်မှုသစ်တွေ လုပ်ဆောင်နေသလို မြန်မာ ကနေ လစ်ဗျား၊ ဆူဒန် စတဲ့ နိုင်ငံတွေအထိ ကမ္ဘာတဝှမ်း အမျိုးသား အမျိုးသမီး၊ ခရစ်ယာန်၊ မူစလင်၊ ဂျူး စတဲ့ လူမျိုးဘာသာမရွေး လူသားအားလုံးရဲ့ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေ ပိုပြီးတော့ တိုးတက် ကောင်းမွန်အောင် အမေရိကန်က ကြိုးပမ်းနိုင်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဘရက်အိုဘားမားက မနေ့က ဒီမိုကရက်ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ပါတီဘက်က ကိုယ်စားပြု ယှဉ်ပြိုင်မယ့် သမ္မတလောင်းအဖြစ် သူ့ကို ရွေးချယ်မှုကို လက်ခံခဲ့ပြီးတဲ့နောက် တရက် ဒီကနေ့မှာတော့ သုံးရက်ကြာ မဲဆွယ်လှုပ်ရှားမှုတွေကို သမ္မတအိုဘားမားက စတင်လိုက်ပါတယ်။

မစ္စတာ အိုဘားမားရော၊ သူ့ပြိုင်ဘက် ရီပက်ပလီကန် ပါတီ ကိုယ်စားလှယ်လောင်း မစ်ရွန်မနီ နှစ်ဦးစလုံးဟာ နိုဝင်ဘာ ရွေးကောက်ပွဲအတွက် အရေးပါတဲ့ အဓိက ပြည်နယ်နှစ်ခုဖြစ်တဲ့ New Hampshire နဲ့ Iowa ပြည်နယ်က မဲဆန္ဒရှင်တွေဆီ အရောက် သွားပြီး သောကြာနေ့ တနေ့လုံး မဲဆွယ် စည်းရုံကြမှာ ဖြစ်ပါတယ်။

ဒီနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အမေရိကန် ပြည်သူတွေ မဲပေးကြတဲ့အခါ နိုင်ငံအတွက် မတူညီတဲ့ လမ်းကြောင်းနှစ်ခုအကြား တစ်ခုကို ရွေးချယ်ရမှာဖြစ်ပြီး ဒီအချိန်ဟာ ရှင်းရှင်းလင်းလင်းနဲ့ အပြတ်သားဆုံး ရွေးချယ်နိုင်မယ့်အချိန် ဖြစ်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ နိုင်ငံရဲ့ အကျပ်အတည်းတွေကို ရင်ဆိုင်ဖြေရှင်းဖို့ နောက်ထပ် နှစ်အနည်းငယ် ကြာဦးမှာဖြစ်တဲ့ အကြောင်းနဲ့ သူတို့ ရွေးချယ်ခဲ့တဲ့လမ်းဟာ ခက်ခဲပေမဲ့ ပိုပြီးကောင်းမွန်တဲ့ အခြေအနေတခုကို ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။

ကုန်ထုတ်လုပ်ငန်း၊ စွမ်းအင်၊ ပညာရေးနဲ့ အမျိုးသား လုံခြုံရေးနဲ့ ပြည်သူတွေအတွက် အလုပ်အကိုင်၊ အခွင့်အလမ်း အသစ်တွေနဲ့ ပိုပြီးတော့ ခိုင်မာတောင့်တင်းတဲ့ စီးပွားရေးတရပ် ပြန်လည် တည်ဆောက်နိုင်တဲ့အထိ လိုငွေပြမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ရည်မှန်းချက်ထား အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ အမေရိကန်ပြည်သူတွေကို မစ္စတာ အိုဘားမားက တိုက်တွန်းခဲ့ပါတယ်။
XS
SM
MD
LG