မြန်မာ

သမ္မတဦးသိန်းစိန် ဥရောပခရီးအစအဖြစ် နော်ဝေရောက်ရှိ

မြန်မာသမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံကို ရောက်ရှိစဉ် (ဓာတ်ပုံ - သမ္မတရုံးဝပ်ဆိုဒ်)မြန်မာသမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံကို ရောက်ရှိစဉ် (ဓာတ်ပုံ - သမ္မတရုံးဝပ်ဆိုဒ်)
x
မြန်မာသမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံကို ရောက်ရှိစဉ် (ဓာတ်ပုံ - သမ္မတရုံးဝပ်ဆိုဒ်)
မြန်မာသမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံကို ရောက်ရှိစဉ် (ဓာတ်ပုံ - သမ္မတရုံးဝပ်ဆိုဒ်)

မီဒီယာ

အသံ
TEXT SIZE - +
ဒေါ်ခင်မျိုးသက်
မြန်မာအစိုးရ အကြီးအကဲ တဦးရဲ့ နှစ်ပေါင်း များစွာအတွင်း ပထမဆုံး အကြိမ် ဥရောပ ခရီးစဉ် အစအဖြစ် သမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံကို ဒီကနေ့ပဲ ရောက်လာပါတယ်။ ဆယ်စုနှစ်တွေနဲ့ ချီပြီး အထီးကျန် ဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံက နိုင်ငံတကာနဲ့ ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့ ကြိုးပမ်းနေတဲ့ ခရီးစဉ် တစိတ်တပိုင်းအဖြစ် လာရောက်နေတဲ့    နော်ဝေနိုင်ငံ ခရီးစဉ် အတွင်းမှာတော့ အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံမှာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက် တင်ပြထားပါတယ်။
 
သမ္မတ ဦးသိန်းစိန်ဟာ သမ္မတအဖြစ်နဲ့ ပထမဆုံး သွားရောက်တဲ့ သူ့ရဲ့ ဥရောပ ခရီးစဉ်ကို နော်ဝေနိုင်ငံနဲ့ စတင်လိုက်ပြီ ဖြစ်ပါတယ်။ အင်္ဂါနေ့ မှာ နော်ဝေနိုင်ငံ အော်စလိုမြို့ကိုရောက်လာခဲ့တယ်လို့ နော်ဝေ ၀န်ကြီးချုပ်ရုံး ဆက်သွယ်ရေး အရာရှိ  ထရူဒါ မက်ဆေးဒါး (Trude Maseida) က ဗွီအိုအေ-မြန်မာပိုင်းကို ပြောပါတယ်။
 
“သမ္မတ ဦးသိန်းစိန်ဟာ ဒီနေ့မှာ ရောက်ပါတယ်။ သူဟာ နော်ဝေ ၀န်ကြီးချုပ်နဲ့  သူ့နေအိမ်မှာ နေ့လည် ၃ နာရီမှာ  တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အစည်းအဝေး အပြီးမှာ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ ညနေမှာတော့ နော်ဝေ ၀န်ကြီးချုပ် က သမ္မတ ဦးသိန်းစိန်ကို  အော်ကစ်စူးစ်  (Akerhus Castle)  ရဲတိုက်မှာ ညစာနဲ့ တည်ခင်း ဧည့်ခံမှာ ဖြစ်ပါတယ်။”
 
သမ္မတ ဦးသိန်းစိန်ဟာ နော်ဝေ ၀န်ကြီးချုပ် ဂျန်းစ် စတိုတန်ဘတ် (Jens Stoltenberg) နဲ့ နော်ဝေ နိုင်ငံခြားရေး ၀န်ကြီး  အက်စပန် ဘာသ် အိုက်ဒါ (Espen Barth Eide) တို့နဲ့ တစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။
 
ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ တည်ငြိမ် ဖွံ့ဖြိုးရေး အတွက် ဦးတည် ဆွေးနွေးခဲ့တယ်လို့
နော်ဝေ နိုင်ငံခြားရေး ၀န်ကြီးရဲ့ ဆက်သွယ်ရေး အကြံပေး စဗိုင်း မီကိုလ်စင် (Svein Michelsen) က ပြောပါတယ်။  
 
“နော်ဝေ-မြန်မာ ဆက်ဆံရေး ဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ပြုပြင် ပြောင်းလဲရေးတွေ ပါသလို မြန်မာအစိုးရရဲ့ တိုင်းရင်းသား လူမျိုးစု အသီးသီးနဲ့ အပစ်အခတ် ရပ်စဲရေး ရေရှည် တည်တံ့ဖို့ ကိစ္စနဲ့ မြန်မာနိုင်ငံရဲ့ စီးပွါးရေး တိုးတက် ဖွံ့ဖြိုးမှု ဆိုင်ရာတွေလည်း ဆွေးနွေးကြပါတယ်။ နော်ဝေနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံအတွက် အရေးယူ ပိတ်ဆို့ထားမှု အတော်များများကို ဆိုင်းငံ့ထားခဲ့တာမို့ ပိတ်ဆို့ ဒဏ်ခတ်မှုဆိုင်ရာကို အဓိက ဆွေးနွေးမှာ မဟုတ်ဘဲနဲ့ နော်ဝေ-မြန်မာ ဆက်ဆံရေးနဲ့ မြန်မာနိုင်ငံက နိုင်ငံရေး အဖွဲ့အစည်း မျိုးစုံနဲ့ ရေရှည် သဘောတူညီမှု ရအောင် မြန်မာအစိုးရ လုပ်ဆောင်နေတာတွေကို အဓိက ဆွေးနွေး ကြတာပါ။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ပိုမို ပူးပေါင်းဆောင်ရွက်ဖို့ နော်ဝေနိုင်ငံက စဉ်းစားနေပါတယ်။”
 
နော်ဝေနိုင်ငံက မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးနဲ့ ဟိုတယ် ခရီးသွား လုပ်ငန်းတွေမှာ ဖွံ့ဖြိုး တိုးတက်အောင် ကူညီပေးဖို့ အစီအစဉ်လည်း ရှိနေတယ်လို့ ဆိုပါတယ်။
 
မြန်မာနိုင်ငံရဲ့ ပညာရေး၊ စီးပွါးရေးအခြေအနေနဲ့ လာဒ်စားမှု အခြေအနေ အပါအ၀င် လက်ရှိ အနေအထားတွေကို နော်ဝေ အစိုးရက သတင်း မီဒီယာတွေမှာ ချပြခဲ့ပြီး၊ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အစိုးရက ကူညီမှ ဖြစ်မယ်လို့ ပြောဆိုခဲ့ကြောင်း
နော်ဝေနိုင်ငံရောက် ကချင် တိုင်းရင်းသား ကိုတူးလွန် က ပြောပါတယ်။ 
 
ဒါပေမဲ့ တိုင်းရင်းသား ဒေသတွေမှာ ငြိမ်းချမ်းရေး ရအောင် အမှန်တကယ် မဆောင်ရွက်
ပေးသေးတဲ့အတွက် နော်ဝေရောက် တိုင်းရင်းသား ညီအကိုတွေ စုဝေးပြီး ညနေ ၅ နာရီကနေ ၆ နာရီအတွင်း သမ္မတ ဦးသိန်းစိန် တည်းခိုရာ  ကွန်တီနင်တယ် (Continental) ဟိုတယ်ရှေ့မှာ ဆန္ဒပြဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
 
“ကျနော်တို့ နိုင်ငံမှာ မတည်ငြိမ်နိုင်သေးတဲ့ ပြဿနာတွေ အများကြီးရှိတော့ အခု ရှင်းရှင်း ပြောမယ်ဆိုလို့ရှိရင် ကျနော်တို့ ကချင်တွေနဲ့ အပစ်အခတ် ရပ်စဲထားတယ်။ ပြီးလို့ရှိရင် ပြန်ပြီးတော့ တိုက်တယ်။ ပြီးလို့ရှိရင် ရှမ်းပြည်ဘက်ကို တခါလှည့်ပြီးတော့ ရှမ်းတပ်ဖွဲ့တွေနဲ့ ပြန်ပြီးတော့ တိုက်ခိုက်နေတယ် ဆိုတဲ့ ပြဿနာတွေပေါ့နော်။ ငြိမ်းချမ်းရေးဟာ ငြိမ်းချမ်းရေး ပါးစပ်ကနေပဲ ပြောပြီးတော့ လက်တွေ့ လုပ်နေတဲ့ ဥစ္စာတွေက ကျနော်တို့ရဲ့ ယုံကြည်မှုကို ပျောက်ပျက်စေတယ်။ စိတ်လှုပ်ရှားစေတယ် ဆိုတဲ့အနေနဲ့ ကျနော်တို့ တိုင်းရင်းသားတွေ ပူးပေါင်းပြီးတော့ ဆန္ဒပြရခြင်း ဖြစ်ပါတယ်ခင်ဗျ။”

နော်ဝေရောက် ကချင်တိုင်းရင်းသား ကိုတူးလွန်ပါ။ သမ္မတ ဦးသိန်းစိန်ကို ဗုဒ္ဓဟူးနေ့ နေ့လည် မှာ နော်ဝေဘုရင် Harald၊ နဲ့ အိမ်ရှေ့မင်းသား Haakon တို့က နေ့လည်စာနဲ့ တည်ခင်း ဧည့်ခံမှာဖြစ်ပြီး ညနေဘက်မှာတော့ နန်းတော်နားက Literature House မှာ နော်ဝေရောက်
မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
 
သမ္မတဟာ နော်ဝေနိုင်ငံမှာ ၃ ရက်ကြာ ကြာသပတေးနေ့အထိ ရှိနေမှာဖြစ်ပြီး ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနဲ့ အီတလီ နိုင်ငံတွေကိုလည်း ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ်။

နေ့ စဉ်တီဗွီသတင်းလွှာ (၀၅-၂၃-၂၀၁၃)

Loading
๑๒:๐๐:๐๐ / -:--:--
မိတ္ထီလာမြို့မှာ ကြေညာထားတဲ့ အရေးပေါ် အခြေအနေကို ၂ လ သက်တမ်း ထပ်တိုးဖို့ လွှတ်တော်အတည်ပြု၊ မြန်မာနိုင်ငံ စီးပွားရေးတိုးတက်မှု IMF ပြောဆို၊ အမေရိကန် Oklahoma ပြည် နယ် လေဆင်နှာမောင်း တိုက်ခတ်ပြီးနောက် ကယ်ဆယ်ရေးနဲ့ ပြန် လည် ထူထောင်ရေး  အခြေအနေ စသည့်

ကမ္ဘာ့သတင်း စက္ကန့် ၆၀

Loading
๑๒:๐๐:๐๐ / -:--:--