သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် တောင်ကိုရီးယားခရီးစဉ် ပြီးဆုံး


တောင်ကိုရီးယားနိုင်ငံကို သုံးရက်ကြာ ချစ်ကြည်ရေးခရီးသွားခဲ့တဲ့ သမ္မတဦးသိန်းစိန်ဟာ ခရီးစဉ် အဆုံးသတ်ပြီး ဒီကနေ့ ညပိုင်းမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း မှာ နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို အလေးထား ဆွေးနွေးခဲ့သလို အရေးပါတဲ့ သဘောတူစာချုပ်နှစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့တယ်လို့ သမ္မတရုံးရဲ့ ညွှန်ကြားရေး မှူး ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။ အကြောင်းစုံကို ဦးစံမိုဝေက တင်ပြပေးထားပါတယ်။

သမ္မတဦးသိန်းစိန်ဟာ သုံးရက်ကြာ တောင်ကိုရီးယားခရီးစဉ်ကို အဆုံးသတ်ပြီး အခုည ရန်ကုန်မြို့ ကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ သုံးရက်ကြာ ခရီးစဉ်ရဲ့နောက်ဆုံးနေ့မှာ တောင်ကိုရီးယားနိုင်ငံ ရဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ချန်းဝမ်းက သင်္ဘောကျင်းကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် နဲ့အတူ သင်္ဘောတည်ဆောက်ရေးအကြီးအကဲ ကန်ဒေါက်ဆူး (Kang Duk-soo) လိုက်ပါသွားပြီး သမ္မတကြီးနဲ့ မစ္စတာကန် တို့ဟာ နှစ်နိုင်ငံကြား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ကာကွယ်ရေး ဆိုင်ရာ စက်မှုစီးပွားရေးလုပ်ငန်းတွေ အကြောင်းကို ဆွေးနွေးခဲ့ကြတယ်လို့ တောင်ကိုရီးယားနိုင်ငံ၊ ယွန်ဟပ်သတင်းဌာနက ပြောပါတယ်။

ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နဲ့ တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်တို့ဟာ ဆိုးလ်မြို့တော်မှာ ရှိတဲ့ Cheong Wa Dae သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ သမ္မတနှစ်ဦးတွေ့ဆုံရာမှာ တံခါးဖွင့်ဝါဒကို စတင် ကျင့်သုံးပြီဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ လုပ်ဆောင်နိုင်ရေးအတွက် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီမှုရခဲ့တယ် လို့ တောင်ကိုရီးယားသမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သုံးရက်ကြာ အလည်အပတ် ခရီးစဉ် အတွင်း သမ္မတဦးသိန်းစိန်နဲ့ တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်တို့ရဲ့ရှေ့မှောက် မှာ နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာ နှစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“ပထမတခုကတော့ ကျနော်တို့ မြန်မာနိုင်ငံအစိုးရနဲ့ ကိုရီးယားသမ္မတနိုင်ငံအစိုးရတို့ကြားမှာ အကူ အညီပေးရေးဆိုင်ရာ ပူးပေါင်း သဘောတူညီစာချုပ် အဲဒါတစ်ခု လက်မှတ်ထိုးတယ်။ နောက် တစ်ခုက မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနနဲ့ ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီး ဌာနတို့ ကြား ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ-အဲဒီနှစ်ခု လက်မှတ်ထိုးခဲ့ပါတယ်။”

သမ္မတဦးသိန်းစိန်ဟာ တောင်ကိုရီးယား Convention Center ကို သွားရောက်ပြီးတော့ မိန့်ခွန်း ပြော ကြားခဲ့သလို တောင်ကိုရီးယားနိုင်ငံက အလတ်စား၊ အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ ပြီးတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လာရောက်လုပ်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော် ခဲ့ပါသေးတယ်။

သမ္မတဦးသိန်းစိန်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမနေ့ခရီးစဉ်မှာပဲ တောင်ကိုရီးယား ကို ရောက်နေတဲ့ မြန်မာပညာတော်သင်တွေနဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာအစိုးရက ဆောင်ရွက်နေ တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအကြောင်းကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတဦးသိန်းစိန်ဟာ ၁၉၅၀ နဲ့ ၅၃ ခုနှစ်တွေကြား ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့ကြတဲ့ မြန်မာစစ်သားတွေကို တောင်ကိုရီးယား အမျိုးသား စစ်သချုႋင်းမှာ သွားပြီးတော့ ဂါရဝပြုခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့ နိုင်ငံပေါင်း ၃၀ အနက် စတုတ္ထမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီးတော့ တောင်ကိုရီးယားကုမ္ပဏီပေါင်း ၅၀ ကျော်က မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ ထောင်နီးပါး ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ အဆိုပြုလိုက်ပါတယ်။
XS
SM
MD
LG