သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် ရောက်လာတဲ့ နေစွမ်းအင်သုံး လေယာဉ် သမ္မတ ကြည့်ရှု


မြန်မာပြည် ရောက်လာတဲ့ နေစွမ်းအင်သုံး လေယာဉ် သမ္မတ ကြည့်ရှု။ သတင်းဓာတ်ပုံ ပြန်ကြားရေးဝန်ကြီးဌာန။
မြန်မာပြည် ရောက်လာတဲ့ နေစွမ်းအင်သုံး လေယာဉ် သမ္မတ ကြည့်ရှု။ သတင်းဓာတ်ပုံ ပြန်ကြားရေးဝန်ကြီးဌာန။

မန္တလေးမြို့မှာ ရောက်နေတဲ့ ကမ္ဘာပတ်မယ့် နေစွမ်းအင်သုံး လေယာဉ်ကို ဒီနေ့မှာတော့ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် တို့လည်း သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။ Solar Impulse-2 လို့ အမည်ပေးထားတဲ့ လေယာဉ်ကို တလှည့်စီ မောင်းနေကြတဲ့ ဆွစ်ဇာလန်နိုင်ငံသား လေယာဉ်မှူးတွေ ဖြစ်ကြတဲ့ Bertrand Piccard နဲ့ Andre Borschberg တို့ကိုလည်း သမ္မတဦးသိန်းစိန်က အမှတ်တရ လက်ဆောင် ပစ္စည်းတွေ ပေးအပ်ခဲ့တာပါ။

သန့်ရှင်းတဲ့ စွမ်းအင်ကို ထိထိရောက်ရောက် အသုံးချနိုင်တယ်ဆိုတာကို ကမ္ဘာက သိအောင်ပြဖို့ ရည်ရွယ်တဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့လည်း လေယာဉ်မှူးတွေ က ရှင်းပြခဲ့ကြပါတယ်။ မိုင်ပေါင်း ၂ သောင်း တထောင်ကျော် ခရီးစဉ် တစိတ်တပိုင်းအဖြစ် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ကနေ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မနေ့နှောင်းပိုင်းက ရောက်လာချိန်မှာတော့ တခန်းတနား ကြိုဆိုခဲ့ကြပြီး အများပြည်သူ လေ့လာနိုင်အောင်လည်း စီစဉ်ထားပါတယ်။

အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံ Abu Dhabi မြို့ကနေ ဒီလဆန်းက စတင်လိုက်တဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းက နေရာ ၁၂ နေရာကို ဝင်ရောက်ရပ်နားမှာဖြစ်ပြီး ၅ လလောက် ကြာမြင့်မယ်လို့လည်း ခန့်မှန်းထားကြတာပါ။

တနင်္ဂနွေနေ့မှာတော့ တရုတ်နိုင်ငံ Chongqing နဲ့ Nanjing မြို့တွေကို ခရီးဆက်မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံ ပြီးရင်တော့ ကမ္ဘာပတ်မယ့် ခရီးစဉ်မှာ အဓိက စိန်ခေါ်မှုဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာကိုတော့ ၅ ရက်ကြာ ဖြတ်ပျံပြီး ဟာဝိုင်အီကျွန်းနဲ့ အမေရိကန် ပြည်ထောင်စုကို ဝင်ရောက်ဦးမှာပါ။ ဒီနောက်မှာတော့ ဥရောပကို ဆက်လက်ပျံသန်းပြီး Abu Dhabi မြို့ကို ဇူလိုင်လထဲ ပြန်လာပြီး ခရီးစဉ် အဆုံးသတ်ဖို့လည်း စီစဉ်ထားကြပါတယ်။

XS
SM
MD
LG