သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရဲ့လွတ်မြောက်မှုဆုရရှိသူ ပထမဆုံးအမေရိကန်အမျိုးသမီးအာကာသယာဉ်မှူး


သမ္မတရဲ့လွတ်မြောက်မှုဆုရရှိသူ ပထမဆုံးအမေရိကန်အမျိုးသမီးအာကာသယာဉ်မှူး Sally Ride (၂၃ ဇူလိုင် ၂၀၁၂)
သမ္မတရဲ့လွတ်မြောက်မှုဆုရရှိသူ ပထမဆုံးအမေရိကန်အမျိုးသမီးအာကာသယာဉ်မှူး Sally Ride (၂၃ ဇူလိုင် ၂၀၁၂)
အမေရိကန်သမ္မတက အရပ်သားတွေကို ဒီနှစ်အမြင့်ဆုံးချီးမြှင့်တဲ့ သမ္မတရဲ့ လွတ်မြောက်မှုဆုဖြစ်တဲ့ Presidential Freedom Award ဆုရှင်တွေအနက် သိပ္ပံပညာကို အမျိုးသမီးငယ်တွေ ပိုမိုစိတ်ဝင်စားစေဖို့ စွမ်းဆောင်ပေးခဲ့သူ အမေရိကန် အာကာသယာဉ်မှူးဟောင်းလည်းတစ်ဦးဖြစ်တဲ့ Sally Ride လည်းပါဝင်ပါတယ်။ သူဟာ ၂၀၁၂ က အသက် ၆၁ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့အတွက် ဒီဆုဟာ သူ ကွယ်လွန်ပြီးနောက်မှ ချီးမြှင့်ခံခဲ့ရတဲ့ ဂုဏ်ပြုမှုလည်းဖြစ်ပါတယ်။ သိပ္ပံပညာကို အမျိုးသမီးငယ်တွေ ပိုမိုစိတ်ဝင်စားစေဖို့ သူ့ရဲ့ ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က စုစည်းတင်ပြထားပါတယ်။
XS
SM
MD
LG