သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွေးကင်းစ ဗြိတိန်တော်ဝင်မင်းသားငယ် ဆေးရုံကဆင်းပြီ


ဗြိတိန်နိုငံက မင်းသား William နဲ့ သူ့ကြင်ရာတော် Kate တို့ လန်ဒန်မြို့တော်က ဆေးရုံက အင်္ဂါနေ့ နေ့လည်ကပဲ ဆင်းသွားလို့ ဗြိတိသျှ ထီးနန်းဆက်ခံမယ့် လူသားအသစ်ကလေးကို တကမ္ဘာလုံးက ခဏလေး မြင်တွေ့ခွင့် ရလိုက်ပါတယ်။

ပြုံးပျော်နေတဲ့ ဇနီးမောင်နှံမှာ မင်းသား William က ဘေးနားမှာ လိုက်ပါလာပြီး Kate က ကလေးငယ်ကို ပွေ့ချီလို့ လန်ဒန်မြို့လည်မှာရှိတဲ့ St. Mary's ဆေးရုံ လှေကားထစ်တွေက ဆင်းလာပြီး လာစောင့်ကြိုပြီး ဆုမွန်တောင်းကြသူတွေ သတင်းသမားတွေကို နာမည်မပေးရသေးတဲ့ သူတို့ရင်သွေးလေးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

ပြီးတော့ မင်းသား William က ကလေးကို လက်ပြောင်းယူလိုက်တာပါ။
သူတို့ ကလေးကို မွေးဖွားရချိန်ဟာ ရင်နင့်အောင် ခံစားရတဲ့အချိန်ပါပဲ။ ရင်သွေး ဖွားမြင်တဲ့ မိဘတိုင်း ခံစားရတဲ့ ထူးခြားတဲ့ အချိန်လေးပါလို့ Kate က ပြောသွားပါတယ်။

ဒီကလေး နာမည်ရွေးဖို့ သူတို့ တိုင်ပင်နေတုန်းပဲလို့ မင်းသား William က ပြောပြီး၊ ကလေးက ၈ ပေါင်ခွဲ နီးပါးလေးတဲ့ သူ့ ကလေးလေးက တော်တော် လေးတယ်လို့ နောက်သွားပါတယ်။ သတင်းထောက်တွေနဲ့ စကားပြောပြီးတဲ့ အခါမှာတော့ မင်းသား William နဲ့ Kate ဟာ ဆေးရုံထဲ ပြန်ဝင်ပြီး ကလေးကို ကားပေါ်မှာ တက်ရတဲ့ခုံပေါ် သွားထည့်ပါတယ်။

အဲဒီနောက် မော်တော်ကားဆီ ပြန်လာပြီး မင်းသား William က ကလေးထည့်ထားတဲ့ တောင်းကို ကားထဲမှာတပ်ပြီး မိသားစုလိုက် ကားမောင်းပြီး သူတို့နေထိုင်မယ့် Kensington နန်းတော်ဆီ ထွက်သွားကြပါတယ်။
XS
SM
MD
LG