အီဂျစ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၁ လလောက်အတွင်း စစ်တပ်က ယာယီအစိုးရ ဖွဲ့ခဲ့တာကို ဆန့်ကျင်တဲ့အနေနဲ့ ရာထူးက ဖယ်ရှားခံရတဲ့ သမ္မတ မိုဟာမက် မော်စီ ကို ထောက်ခံသူတွေက တနင်္လာနေ့ညနေပိုင်းမှာ လုံခြုံရေးဆိုင်ရာရုံးကို ချီတက် ဆန္ဒပြကြဖို့ နှိုးဆော်ထားပါတယ်။
မစ္စတာမော်စီကို ရာထူးက ထုတ်ပယ်တာကို ဆန့်ကျင်မှုနဲ့အတူ သူတို့ရဲ့ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာ ပြန်ရစေဖို့ သန်းနဲ့ချီတဲ့ လူထုဆန္ဒပြပွဲကြီး အင်္ဂါနေ့မှာ ကျင်းပဖို့အတွက် မော်စီ ထောက်ခံသူတွေက တနလာၤနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အီဂျစ်ပြည်သူတွေကို နှိုးဆော်ခဲ့ကြပါတယ်။
မော်စီထောက်ခံသူတွေအနေနဲ့ စစ်တပ်နဲ့ဆိုင်တဲ့ အဆောက်အဦးပစ္စည်းတွေ အထူးသဖြင့် စစ်တပ်ထောက်လှမ်းရေး ဌာနချုပ် အဆောက်အဦးကို ဝေးဝေးက ရှောင်ကြဖို့ သတိပေးထားပါတယ်။
စစ်တပ်ထောက်လှမ်းရေး ဌာနချုပ်လို နေရာတွေဟာ အထူးအရေးပါတဲ့အတွက် အနားကပ်သူ ဘယ်သူမဆို အန္တရာယ်နဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးထားတာပါ။
ဒီအတောအတွင်း တလအတွင်း ဒုတိယအကြိမ်အဖြစ် အီဂျစ်ကို ရောက်ရှိနေတဲ့ ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ ကတ်သရင်း အက်ရှ်တွန် (Cathrine Ashton) က ကိုင်ရိုမြို့မှာ အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာလည်း ဖြစ်ပါတယ်။
တနင်္ဂနွေနေ့ကတော့ ကိုင်ရိုတက္ကသိုလ်နားက RABA AL ADAWIYA ဗလီဝတ်ပြုကျောင်းနားမှာ ဆန္ဒပြပွဲ ဆင်နွှဲနေကြတဲ့ မော်စီထောက်ခံသူတွေနဲ့ စစ်တပ်အကြား တင်းမာမှုတွေ ရှိခဲ့ကြပါတယ်။ သမ္မတဖြုတ်ချမှုကို ဆန့်ကျင်ဆန္ဒပြနေသူတွေကို ဖြိုခွင်းမယ်လို့လည်း အစိုးရက သတိပေးထားပါတယ်။