၂၀၁၄ ခုနှစ်အတွက် နိုင်ငံတကာသတင်းဆိုင်ရာ ပူလစ်ဇာဆု (Pulitzer Prize) ကို မြန်မာနိုင်ငံက ရိုဟင်ဂျာ မူစလင်တွေ အကြမ်းဘက်ခံရတဲ့ သတင်းရေးသားတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ဦးကို ချီးမြှင့်လိုက်ပါတယ်။
Jason Szep နဲ့ Andrew Marshall တို့ ၂ ဦးရေးသားတဲ့ သတင်းတွေဟာ ပြတ်သားရဲရင့်တယ်လို့ ဆုရွေးချယ်ရေး အဖွဲ့က ပြောပါတယ်။ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးနေကြပြီး တခါတလေမှာတော့ လူကုန်ကူးသူတွေရဲ့ သားကောင်အဖြစ်ကိုပါ ရောက်ခဲ့ရတဲ့သတင်းတွေကို သူတို့က ရေးသား ခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်အတွက် အထူးဆုဖြစ်တဲ့ လူထုဝန်ဆောင်မှု ပူလစ်ဇာဆုကိုတော့ အမေရိကန်က Washington Post နဲ့ ဗြိတိန်က Guardian သတင်းစာ ၂ စောင်က ပူးတွဲ ဆွတ်ခူးခဲ့ပါတယ်။ ဒီသတင်းစာကြီး ၂ စောင်က အမေရိကန်အစိုးရရဲ့ လျှို့ဝှက်ထောက်လှမ်းမှုတွေနဲ့ ပတ်သက်ပြီး ပြည်ပကို ထွက်ပြေးခိုလှုံခဲ့တဲ့ အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ NSA က ဝန်ထမ်းဟောင်း Edward Snowden ရဲ့ ထုတ်ဖေါ်မှုပေါ် အခြေခံတဲ့ သတင်းတွေ ရေးသားခဲ့တာမို့ အမေရိကန်သမ္မတက သူ့နိုင်ငံရဲ့ ထောက်လှန်းမှုတွေကို ကန့်သတ်ခဲ့ရတဲ့အထိ ကိုယ်ရေးလွတ်လပ်ခွင့်ဆိုင်ရာ အခြေအတင် ငြင်းခုံမှုတွေ ဖြစ်ပွါးခဲ့တာပါ။
အထူးသတင်းအတွက် ဆုကိုတော့ ဘောစ်စတွန်မာရသွန်ဗုံးဖေါက်ခွဲမှုနဲ့ ဗုံးဖေါက်ခွဲသူကို လိုက်ရှာတဲ့ အကြောင်း ရေးသားတဲ့ Boston Globe က ရခဲ့ပါတယ်။ ကင်ညာနိုင်ငံ Westgate mall မှာ အကြမ်းဖက် အတိုက်ခိုက်ခံရတဲ့ အထူးသတင်းမှတ်တမ်းနဲ့ ဓါတ်ပုံအတွက် ဆု ၂ ခု ဆွတ်ခူးခဲ့တဲ့ သတင်းဌာနကတော့ The New York Times ပါ။
ပူလစ်ဇာဆုဟာ အမေရိကန်နိုင်ငံအတွက် သတင်းနဲ့အနုပညာဆိုင်ရာ ထိပ်တန်းဆုအဖြစ် သတ်မှတ်ကြပါတယ်။ ဒီဆုတွေကို နယူးရောက် Columbia တက္ကသိုလ်ကကြီးမှုးပြီး ထုတ်ဝေသူ Joseph Pulitzer အထိမ်းအမှတ်နဲ့ ၁၉၁၇ ခုနှစ်မှာ စတင်ပေးအပ်ခဲ့တာပါ။ ဆုအမျိုးအစား ၂၀ ခွဲထားပြီး ဆုတခုအတွက် ငွေသား ဒေါ်လာ တသောင်း ချီးမြှင့်ပါတယ်။ လူထုဝန်ဆောင်မှု ပူလစ်ဇာဆုအတွက်တော့ ရွှေတံဆိပ်ဆု ချီးမြှင့်တာဖြစ်ပါတယ်။