မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojae Quintana) က မိတ္ထီလာမှာ အကြမ်းဖက် ကန့်ကွက်ခံခဲ့ရတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအစိုးရအပေါ် တစုံတရာ အရေးယူ ဆောင်ရွက်စရာ အကြောင်းမရှိဘူးလို့ ပြောလိုက်ပါတယ်။
မြန်မာပြည်သူတွေအနေနဲ့ သူ့ရဲ့ လုပ်ရပ်တွေအပေါ်မှာ အမြင်မှန် ရစေချင်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံကို (၇) ကြိမ်မြောက် သွားရောက်ခဲ့ပြီး၊ ဒီရက်ပိုင်းအတွင်း ပြန်ထွက်လာခဲ့တဲ့ မစ္စတာ ကင်တားနားက ဗွီအိုအေနဲ့ မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်အတွက် ဆက်သွယ်မေးမြန်းတဲ့အချိန်မှာ အခုလို ပြောလိုက်တာပါ။ အသေးစိတ်ကိုတော့ ဦးကျော်ဇံသာ က တင်ပြထားပါတယ်။
ပါမောက္ခ ကင်တားနားအနေနဲ့ ဒီတခေါက် မြန်မာပြည်ကို သွားတဲ့အခါ သူ့ကို ဆန့်ကျင်ဆန္ဒပြတဲ့ ကိစ္စနဲ့ ၂ ကြိမ် ကြုံခဲ့ရပါတယ်။ ဒီအထဲမှာ ရခိုင်ပြည်မှာ ကြုံခဲ့ရတဲ့ ဆန္ဒပြမှုကိုတော့ သူက အကောင်းမြင်တဲ့ သဘောနဲ့ ရှုမြင်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းရှိတယ်၊ ဆန္ဒပြသူထဲက လူတဦးနဲ့ အမြင်ချင်း ဖလှယ်ခွင့် ရခဲ့တယ်လို့ ဆိုပါတယ်။
သို့သော်လည်းပဲ မိတ္ထီလာမှာ ကြုံတွေ့ခဲ့ရတဲ့ ဆန္ဒပြမှုကိုတော့ သူက အကြမ်းဖက် ခံခဲ့ရတဲ့ သဘောမျိုး ယူဆပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အတော်ကလေး စိတ်မကောင်းပုံလည်း ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ အစိုးရဘက်က သူ့ရဲ့လုံခြုံရေးကို အကာအကွယ်ပေးဖို့ ပျက်ကွက်တာကို သူက အဓိက ထောက်ပြပါတယ်။
ဒါပေမဲ့ ဒီကိစ္စကိုလည်း နောင်မဖြစ်ရင်ပြီးရော သူက မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေး ရှင်းပြခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အစိုးရအပေါ် တစုံတရာ ဆက်လက်ပြီးတော့ အရေးယူ ဆောင်ရွက်စရာလည်း မလိုဘူး၊ မရှိဘူးဆိုတဲ့ သဘော အခုလို ပြောပါတယ်။
“နောက်တကြိမ် ထပ်ပြီးတော့ ပြောပါဦးမယ်။ စောစောက ပြောခဲ့သလိုပါပဲ ဒီကိစ္စကို ကျနော်ကိုယ်တိုင် မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့ပြီးပါပြီ။ ဒီမှာတင် ရပ်ထားလိုက်မှာပါ။ အစိုးရဟာ ကျနော့်ကို အကာအကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ ကျနော် မြန်မာနိုင်ငံကို နောက်တကြိမ် ပြန်လာတဲ့အခါ ဒါမျိုး ထပ်မဖြစ်တော့ဘူးလို့ မျှော်လင့်ပါတယ်။”
နောက်တချက်က မစ္စတာ ကင်တားနားအနေနဲ့ အဓိက ကာကွယ်ပြီး ပြောချင်တဲ့ ကိစ္စကတော့ သူဟာ တဘက်ဘက်ကို ဘက်လိုက်တာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။ အထူးသဖြင့် ဗုဒ္ဓဘာသာ တချို့က မစ္စတာ ကင်တားနားဟာ မူဆလင်တွေဘက်က ဘက်လိုက် ဆောင်ရွက်နေတယ်ဆိုတဲ့ သဘောနဲ့ ဆန္ဒပြခဲ့ကြတာပါ။
ဒီလို အထင်ခံရတဲ့ ကိစ္စကိုတော့ သူက အဓိကထားပြီး ချေပပါတယ်။ သူ့အနေနဲ့ တဘက်ဘက်ကို ဘက်လိုက်စရာ လုံး၀ အကြောင်းမရှိဘူး ဆိုတာကို အခုလို အခိုင်အမာ ပြောသွားပါတယ်။
“ကျနော် ဒီတာဝန်ကို စတင် ထမ်းဆောင်တာ ၂၀၀၈ ခုနှစ်ကတည်းက
ဖြစ်ပါတယ်။ အဲဒီအချိန်ဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပြီးတော့
နောက်တနှစ် ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ သံဃာတော်၊ သာမန်အရပ်သား၊ ဗုဒ္ဓဘာသာ မြန်မာတွေ အသတ်ခံခဲ့ရပြီးတဲ့ ကာလပါ။ အဲဒီ ၂၀၀၈ မှာ ရောက်လာတော့ ကျနော်ဟာ ဖိနှိပ်ခံနေရသူ အားလုံးအတွက် ခုခံကာကွယ်မှုတွေ စလုပ်ပါတယ်။ အဲဒီအချိန်ကစပြီး ဒီကနေ့အထိ ကျနော်ဟာ အဖိနှိပ်ခံ လူ့အသိုင်းအဝိုင်း အားလုံးအကျိုးအတွက် ဆောင်ရွက်ခဲ့တာပါ။ ဒါကြောင့်မို့လို့ မြန်မာပြည်သူတွေအနေနဲ့ ကျနော် ဘာတွေလုပ်ဆောင်ခဲ့တယ် ဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ကြဖို့ ကျနော် မျှော်လင့်ပါတယ်။ ဒါဟာ မနှစ်တနှစ်ကမှ စပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒါဟာ ကျနော့်ရဲ့ ရပ်တည်ချက်ပါ။”
“နောက်တခုက ကျနော်ဟာ တောင်အမေရိကတိုက်သားပါ၊ အာဂျင်တီးနား နိုင်ငံသားပါ။ ကျနော်တို့ အာဂျင်တီးနားမှာ မူဆလင် အသိုင်းအဝိုင်းလည်း မရှိပါဘူး။ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းလည်း မရှိပါဘူး။ ဒါကြောင့် ကျနော့်အနေနဲ့ ဒီပြဿနာတွေမှာ တဘက်ဘက်ကို ဘက်လိုက် ဆောင်ရွက်စရာအကြောင်း လုံး၀ မရှိပါဘူး။ မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာ ကုလသမဂ္ဂ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း သိအောင် တင်ပြပေးဖို့သာ ဖြစ်ပါတယ်။ လူ့အသိုင်းအဝိုင်းတွေအားလုံး ခံစားနေရတဲ့ ဒုက္ခတွေကို အာရုံစိုက်ရပါတယ်။ ကျနော် ရန်ကုန်လေဆိပ်မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို ကြည့်လို့ရှိရင် ခင်ဗျား တွေ့ပါလိမ့်မယ်။ ပြီးခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ရခိုင်လူ့အဖွဲ့အစည်း ဘယ်လိုတွေ ဒုက္ခရောက်ရတယ်၊ ဘယ်လို နစ်နာခဲ့ရတယ်၊ သူတို့အတွက် ဘယ်လိုမျိုး ဖွံ့ဖြိုးရေးတွေ လိုအပ်သလဲ၊ နောက် သယံဇာတ မျှဝေခံစားခွင့် ရသင့်တယ်ဆိုတာကို အလေးထား တင်ပြထားတာ တွေ့ရပါလိမ့်မယ်။”
“အလားတူစွာပဲ ပြီးခဲ့တဲ့ ၅ နှစ်လုံးလုံး ကျနော်ဟာ မြန်မာပြည်က လူ့အသိုင်းအဝိုင်းတွေ အားလုံးအတွက် ဒါမျိုးတွေ လုပ်ဆောင်ခဲ့တယ်ဆိုတာ ထပ်ပြီးတော့ ပြောလိုပါတယ်။ ကရင်ပြည်နယ်၊ ကချင်ပြည်နယ် အားလုံးပါ။ ဒီတကြိမ်မှာ ဆိုလို့ရှိရင် အရင် ကုလသမဂ္ဂရဲ့ ဘယ်အရာရှိကြီးကမှ မသွားခဲ့ဘူးတဲ့ ချင်းပြည်နယ်ကိုပါ ကျနော် ရောက်အောင် သွားခဲ့တာပါ။”
မစ္စတာ ကင်တားနားဟာ ဒီတခေါက် မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ (၇) ကြိမ်မြောက် ခရီးစဉ် ဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဆုံးခရီးစဉ်အဖြစ် လာမယ့် ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံကို ထပ်မံ သွားရောက်ဦးမှာလည်း
ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး သံတမန်အဖြစ် ထမ်းဆောင်တဲ့ ရာထူးသက်တမ်း ကုန်ဆုံးပြီ ဖြစ်တယ်လို့လည်း ပြောပါတယ်။