မြန်မာပြည်ကို ၁၀ ရက်ကြာအစီအစဉ်နဲ့ ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာကင်တားနားဟာ ဒီကနေ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ကို သွားရောက်ဖို့ ပြင်ဆင်ခဲ့ပေမဲ့ အစိုးရဖက်က ခွင့်ပြုချက်မရတာကြောင့် မသွားနိုင်ခဲ့ပါဘူး။ ဒီကနေ့ ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မစ္စတာကင်တားနားဟာ ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့သလို ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ နည်းပညာဆိုင်ရာအကြံပေးအဖွဲ့နဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါ တယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေး အထူးကိုယ်စားလှယ်ဟာ ဒီကနေ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့ကို သွားရောက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ သွားရောက်ဖို့အတွက် ခွင့်ပြုချက် မရခဲ့ဘူးလို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးဖြစ်တဲ့ ဦးဂွန်ဂျာက အခုလို ပြောပါတယ်။
“သူတို့ထွက်ဖို့ ဆိုပြီးတော့မှ ကျနော်တို့ PCG အဖွဲ့ကိုလည်းပဲ လိုက်ပို့ဖို့ကိစ္စပြောတယ်။ ကျနော် တို့လည်းပဲ နှစ်ဦးနှစ်ဖက် ပြေလည်ရင်တော့ ကျနော်တို့ လိုက်ပို့ပေးမယ်လို့ပြောတယ်။ အခု သူတို့ လိုင်ဇာဖက်ကို သွားဖို့အတွက်က ကချင်ပြည်နယ်အစိုးရကနေပြီးတော့မှ မသွားခိုင်းဘူး။ ကချင်ပြည်နယ်အစိုးရကလည်းပဲ နိုင်ငံတော်အစိုးရကနေပြီးမှ တစ်စုံတစ်ခုပေါ့လေ ခွင့်ပြုချက် မရဘူး မပေးဘူးဆိုတဲ့အတွက်ကြောင့် သူတို့အနေနဲ့လည်းပဲ သွားဖို့အတွက် ခွင့်ပြုမိန့် မပေးနိုင် ဘူးဆိုတဲ့အကြောင်း ပြောလာတဲ့အတွက်ကြောင့်မို့လို့ မသွားဖြစ်တော့ပါဘူးခင်ဗျ။”
မစ္စတာ ကင်တားနားဟာ ကချင်ပြည်နယ်ကိုရောက်ရှိစဉ်မှာ ပြည်နယ်အစိုးရအပါအဝင် KIO ရဲ့ နည်းပညာဆိုင်ရာအကြံပေးအဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လိုင်ဇာကို သွားရောက်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ကြောင်း မစ္စတာကင်တားနားနဲ့အတူ လိုက်ပါသွားတဲ့ ရန်ကုန် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။
“မနက်က ဒီက ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့တယ်။ ပြီးတော့ ကျနော်တို့ ဒီက KIO ရဲ့ Technical Advisory Team နဲ့တွေ့တယ်၊ လိုင်ဇာသွားဖို့လုပ်နေတယ်၊ လိုင်ဇာမှာ ညအိပ်ဖို့ဖြစ်ပါတယ်။”
ဒါပေမဲ့ ညနေပိုင်းမှာတော့ သွားခွင့်မရခဲ့ဘူးလို့ ပြောပါတယ်။
“ဟုတ်ပါတယ်၊ မြစ်ကြီးနားမှာရှိပါတယ်။ ကျနော်တို့ ခွင့်ပြုချက်က မရှင်းလို့ပါ။”
KIO နည်းပညာအကြံပေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးကတော့
မစ္စတာ ကင်တားနားနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းကို အခုလို ပြောပါတယ်။
“အဓိကဆွေးနွေးတာက သူ လိုင်ဇာသွားချင်တယ်။ KIO က ခွင့်ပြုချက် ပေးနိုင်မလား မပေးနိုင် ဘူးလား၊ ကျနော်တို့ကပေးတယ်၊ ကြိုဆိုတယ် သွားဖို့ ပြင်ဆင်လို့ရတယ်။ အဲလိုပြောတော့ သူက အစိုးရဘက်ကနေ ခွင့်ပေး မပေး ညှိကြည့်ဦးမယ်ဆိုပြီးမှ သူ အစိုးရဘက်ကို ညှိတယ်။ အစိုးရဘက်ကတော့ ခွင့်မပြုဘူး။ ဒါကြောင့် နည်းနည်း စိတ်မကောင်းဖြစ်သွားတယ်။ အဲဒါပဲ ပြောဖြစ်တယ်လေ။ တခြား ဘာမှ ဆွေးနွေးဖြစ်တာမရှိဘူး။”
ကချင်ပြည်နယ်အစိုးရဘက်ကတော့ ဒီလိုမသွားရောက်နိုင်တာ ပြည်ထောင်စုအစိုးရဆီကနေ ခွင့်ပြုချက် မရတာကြောင့်ဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လွန်ခဲ့တဲ့ တနင်္လာနေ့ကတော့ မစ္စတာကင်တားနားဟာ ရခိုင်ပြည်နယ် စစ်တွေနဲ့ ဘူးသီးတောင် မြို့တွေကို သွားရောက်ခဲ့ပါတယ်။ ဘူးသီးတောင်မြို့မှာ အကျဉ်းထောင်အတွင်းကို သွားရောက် ပြီး အကျဉ်းသားတချို့နဲ့တွေ့ဆုံခဲ့သလို စစ်တွေမြို့မှာတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး ဒုက္ခသည်စခန်းကိုလည်း သွားရောက်ခဲ့ပါတယ်။