၂၀၁၂ ခုနှစ်တုန်းက လူ ၂၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး လူပေါင်း သောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အစိုးရရဲ့ စုံစမ်းရေး အစီရင်ခံစာဟာ ဒေါင့်ပေါင်းစုံကို လေ့လာသုံးသပ်ထားတဲ့ အစီရင်ခံစာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) က ပြောပါတယ်။
ဒါပေမဲ့လည်း အစီရင်ခံစာ အပါအဝင် ကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ်မှာ လေ့လာသုံးသပ်ပြီး၊ မကြာခင်ရက်ပိုင်းအတွင်း သူ့ရဲ့ သုံးသပ်ချက်တွေကို ပြန်လည် ထုတ်ပြန်မှာဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။ တချိန်တည်းမှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ကော်မရှင်ရဲ့ အကြံပြုချက်တွေကို လေ့လာ သုံးသပ်နေတယ်လို့ ပြောဆို လိုက်ပါတယ်။ အသေးစိတ်ကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ဒီအစီရင်ခံစာဟာ နဂိုသတ်မှတ်ချိန်ထက် နောက်ကျပြီး ထွက်လာတာပါ။ အဖြစ်အပျက် ဖြစ်စဉ်တွေအပါအဝင် နောက်ခံ သမိုင်းကြောင်းကိုပါ သုံးသပ် တင်ပြထားသလို၊ ပြဿနာ ကိုင်တွယ် ဖြေရှင်းရေးအတွက် အကြံပြုချက်တွေကိုပါ ထည့်သွင်းထားပါတယ်။
အတော်များများ မျှော်လင့်ထားတဲ့ ကော်မရှင် အစီရင်ခံစာ ထွက်လာတဲ့အပေါ်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) ကတော့ ကြိုဆိုလိုက်ပြီး၊ ဒီအပေါ်မှာ သူ့အမြင် သုံးသပ်ချက်တွေကိုတော့ မကြာခင်ရက်ပိုင်းအတွင်း ထုတ်ပြန်ဖို့ ရှိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။
“ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့ စုံစမ်းရေးကော်မရှင် အစီရင်ခံစာ အခုနောက်ဆုံး ထွက်လာပြီဆိုတာ ကျေနပ်စရာပါ။ ဒီအစီရင်ခံစာထဲမှာ ပါဝင်တဲ့ အကြံပြုချက် တခုချင်းကို ကျနော် အခု လေ့လာသုံးသပ်နေပါတယ်။”
အစီရင်ခံစာနဲ့ ပတ်သက်လို့တော့ မနေ့က ရန်ကုန်မှာပဲ ကော်မရှင်လူကြီးတွေ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ အကြံပြုချက်တွေထဲမှာတော့ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေကို ထိန်းနိုင်ဖို့အတွက် လုံခြုံရေး အင်အားတွေကို တိုးမြှင့်ချထားဖို့ဆိုတာ ပါဝင်သလိုပဲ၊ အကြမ်းဖက်ခံရတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်ရေးကိုလည်း အသေးစိတ် ဖော်ပြထားပါတယ်။
ပြဿနာတွေက ဒေသတွင်းထဲမှာ ရှိနေဆဲမို့လို့၊ ကိုင်တွယ်ဖြေရှင်းရာမှာ အချိန်ယူရလိမ့်မယ်လို့ ကော်မရှင်အဖွဲ့ဝင်တွေက ယူဆကြပါတယ်။ ၁၉၈၂ ခုနှစ်က နိုင်ငံသား ဥပဒေတွေကို အသေအချာ လိုက်နာမယ်ဆိုရင် ပြဿနာ ကြီးထွားလာစရာ မရှိသလို၊ အဲ့ဒီဒေသမှာရှိတဲ့ မူဆလင်အသိုင်းအဝိုင်းမှာ လူဦးရေ အလျင်အမြန် များပြားလာတာကြောင့်လည်း ဖြစ်တယ်လို့ ကော်မရှင်က သုံးသပ်ခဲ့ပါတယ်။
လက်ရှိ ဒုက္ခသည်စခန်းတွင်းက ကျန်းမာရေး၊ လူမှုရေး၊ လူသားရပ်တည်မှု အကြပ်အတည်းဆိုင်ရာ အခြေအနေတွေကို စိုးရိမ်ဖွယ်ရှိတယ်လို့ တင်ပြထားပါတယ်။ အစီရင်ခံစာ တခုလုံးမှာတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ရှောင်ထားပြီး၊ ဘင်္ဂါလီ ဆိုပြီး သုံးနှုန်းပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာ အခေါ်အဝေါ် ပြဿနာနဲ့ ပတ်သက်လို့တော့ အခန်းတခုအနေနဲ့ ရှင်းလင်းထားပါတယ်။ မစ္စတာ ကင်တားနားကတော့ ဒီ အစီရင်ခံစာဟာ အခြေအနေ အတော်များများကို ပြည့်ပြည့်စုံစုံ ထည့်သွင်းထားတယ်လို့ ပြောပါတယ်။
“ဒီအစီရင်ခံစာကို ကြည့်ရတာ ဒေါင့်အစုံအလင် တင်ပြထားပုံပါပဲ။ ဒါ အတော်လေး အရေးကြီးပါတယ်။ ဒီလို အစီရင်ခံစာမျိုး ထွက်လာစေဖို့ ကျနော်တို့အားလုံး မျှော်လင့်ထားတာပါ။ ကိစ္စရပ်တိုင်းကို ကော်မရှင်က လေ့လာ တင်ပြထားပါတယ်။ တင်ပြထားတဲ့ ဒီကိစ္စရပ်တိုင်းကို အသေအချာ လေ့လာပြီး ကျနော် ထုတ်ပြန်ချက် ထုတ်ဖို့ ရှိပါတယ်။ ဒီမူဆလင်အသိုင်းအဝိုင်းကို ဘာကြောင့် ရိုဟင်ဂျာလို့ မသုံးတာလဲ ဆိုတဲ့ ရှင်းလင်းထားချက်တွေ၊ နယ်စပ်မှာရှိတဲ့ နစက အဖွဲ့တွေအကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတဲ့ အာဏာပိုင်တွေ ဥပဒေကင်းလွတ်ခွင့် ရနေတဲ့ကိစ္စ၊ ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေ ပြုပြင်ပြောင်း လဲရေးကိစ္စ၊ နောက် ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေရဲ့ လူသားချင်းစာနာမှု အကူအညီ လိုအပ်မှုတွေ ပါဝင်ပါတယ်။ ဒါကြောင့် ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တဲ့ အကြောင်းရပ် အတော်များများကို ဒီအစီရင်ခံစာထဲမှာ ပြည့်ပြည့်စုံစုံ ထည့်သွင်းထားပါတယ်။”
၂၀၁၂ ခုနှစ် ဇွန်လနဲ့ အောက်တိုဘာလတွေအတွင်း ဖြစ်ခဲ့တဲ့ လူမျိုးရေးဆန်တဲ့ အဓိကရုဏ်းတွေကြောင့် လူပေါင်း ၁၉၂ ဦး သေဆုံးပြီး၊ ၂၆၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒီ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့အတွက် သမ္မတ ဦးသိန်းစိန်ကနေ ၂၇ ဦးပါဝင်တဲ့ စုံစမ်းရေးကော်မရှင်ကို ဖွဲ့ပေးခဲ့တာပါ။
ကော်မရှင်ကနေ အစီရင်ခံစာ ထွက်မလာနိုင်ခင်၊ အခုနှစ်ဆန်းပိုင်းမှာပဲ မိတ္ထီလာမှာ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ခဲ့တာကြောင့် ကော်မရှင်ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်မှုတွေ အစီရင်ခံစာ မထွက်နိုင်တဲ့အပေါ် ဝေဖန် ပြစ် တင်မှုတွေ ရှိခဲ့ပါတယ်။
ဒီကော်မရှင်ထဲမှာတော့ နိုင်ငံရေးအကျဉ်းသားတွေရော၊ ဟိန္ဒူ၊ မူဆလင်၊ ခရစ်ယာန် ဗုဒ္ဓဘာသာ ဘာသာစုံကလူတွေရော ရခိုင်တိုင်းရင်းသားတွေကိုပါ ထည့်သွင်းထားပါတယ်။
HRW လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ကတော့ အခု အစီရင်ခံစာပါ ဒုက္ခသည်တွေကို အကူအညီပေးနိုင်ရေး ထည့်သွင်း အကြံပြုထားတဲ့အပေါ် ကြိုဆိုပါတယ်။ HRW အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ရခိုင်ပဋိပက္ခနဲ့ ပတ်သက်လို့ သူတို့ သုံးသပ်ချက် အစီရင်ခံစာတစောင် ထုတ်ခဲ့ပါတယ်။ အဲ့ဒီမှာတော့ အကြမ်းဖက်မှုတွေမှာ ပတ်သက်မှုရှိတယ်။ တာဝန်ရှိတယ်ဆိုပြီး လုံခြုံရေး အာဏာပိုင်တွေကို အပြစ်တင်ထားပါတယ်။
ဒီ လူမျိုးရေး အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေကို ကိုင်တွယ်ရာမှာ နိုင်ငံတကာ စံနှုန်းစံထားတွေနဲ့အညီ ပွင့်လင်းမြင်သာမှုရှိဖို့၊ ရေရှည်အစီအစဉ်နဲ့ ကိုင်တွယ်သွားဖို့ အမေရိကန် နိုင်ငံခြားရေးဌာနကတော့ မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။
အခြား နိုင်ငံတကာ အသိုင်းအဝိုင်းနည်းတူပဲ၊ ဒီကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်တွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြန်လည် သုံးသပ်နေတယ်လို့လည်း ပြောပါတယ်။
ဧပြီလ ၃၀ ရက်နေ့မှာတော့ နိုင်ငံခြားရေးဌာနရဲ့ ဒုက္ခသည်များနဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ဒုတိယ လက်ထောက်အတွင်းရေးမှူး ကယ်လီ တဲလ်မန်း (Kelly Tallman) ဟာ မြန်မာနိုင်ငံကို ရောက်ရှိမှာလည်း ဖြစ်ပါတယ်။
သူ့ခရီးစဉ်အတွင်းမှာတော့ ရခိုင်ပြည်နယ်ကိုသွားပြီး အဲ့ဒီက လူသားချင်း စာနာကူညီမှု အရေးပေါ် လိုအပ်ချက်တွေကို ဆောင်ရွက်သွားဖို့ ရှိတယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။