သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား ကူညီရေးအဖွဲ့ ရခိုင်ဒုက္ခသည်တွေကို တွေ့ဆုံမည်


ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဒုက္ခသည်စခန်း တခုက ရခိုင်ပဋိပက္ခ ဒုက္ခသည်များ။ (ဧပြီလ ၁ ရက်၊ ၂၀၁၂)။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဒုက္ခသည်စခန်း တခုက ရခိုင်ပဋိပက္ခ ဒုက္ခသည်များ။ (ဧပြီလ ၁ ရက်၊ ၂၀၁၂)။
Putera 1 MalaysiaClub လို့ခေါ်တဲ့ မလေးရှားနိုင်ငံ လူသားချင်းစာနာမှု အဖွဲ့ထဲက ပထမအသုတ်ဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ရှိနေတဲ့ နေရာတွေကို သွားရောက်ဖို့ အတွက် စနေနေ့ညနေ ပိုင်းမှာပဲ မြန်မာနိုင်ငံကို ထွက်ခွာသွားပါတယ်။

အဲဒီအဖွဲ့မှာ ဆရာဝန်တွေ နဲ့ သတင်းမား ၄ ဦး အပါအဝင် ရှေ့ပြေး အဖွဲ့ဝင် ၁၄ ဦးပါဝင်ပြီးတော့၊ ရခိုင်ပြည်နယ်ထဲမှာ ဆေးဝါးကူညီစောင့်ရှောက်ရေး ဌာနတခုကိုလည်း ဖွင့်လှစ်မှာ ဖြစ်တယ်လို့ Putera 1 Malaysia အသင်းရဲ့ ဥက္ကဋ္ဌ Datuk Abdul Azeez Abdul Rahimy ကပြောပါတယ်။ အဖွဲ့ဝင် ၁၄ ဦး ပါဝင်တဲ့အဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိပြီးနောက် လေး ငါးရက်အကြာမှာတော့ သူတို့အတွက် နောက်ထပ် အဖွဲ့တဖွဲ့ထပ်ပြီး သွားရောက်ဦးမှာ ဖြစ်တယ်လို့ အသင်းရဲ့ ဥက္ကဋ္ဌ Rahimy က ပြောပါတယ်။

ရခိုင်ပြည်နယ်ကို သွားရောက်မယ့် ဒီ ကူညီထောက်ပံ့ရေး အဖွဲ့မှာ စုစုပေါင်း လူ ၅၀ ပါပြီး အောက်တိုဘာလ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာမှာ ဖြစ်တယ်လို့ Abdul Azeez က ပြောပါတယ်။

အစားအသောက် နဲ့ ဆေးဝါးအထောက်အပံ့ တန်ချိန် ၅၀၀ ကို တင်ဆောင်ထားတဲ့ ကူညီထောက်ပံ့ရေး သင်္ဘောဟာ မလေးရှားနိုင်ငံ Port Klang ဆိပ်ကမ်း ကနေ အင်္ဂါနေ့တုန်းက ထွက်ခွာသွားပြီး၊ မြန်မာနိုင်ငံကို အောက်တိုဘာ ၂ ရက်နေ့ ဝန်းကျင်လောက် ရောက်မယ်လို့ ခန့်မှန်းရကြောင်း The Star Online သတင်းမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG