သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ကမ်းလွန်ရေနံလုပ်ကွက်အချို့ အီတလီစွမ်းအင်ကုမ္ပဏီရရှိ


လစ်ဗျားမှာရှိတဲ့ အီတလီ စွမ်းအင်ကုမ္ပဏီ Eni ရဲ့ ရေနံလုပ်ကွက်
လစ်ဗျားမှာရှိတဲ့ အီတလီ စွမ်းအင်ကုမ္ပဏီ Eni ရဲ့ ရေနံလုပ်ကွက်

မြန်မာနိုင်ငံ ရခိုင်ဒေသမှာရှိတဲ့ ကမ်းလွန်ရေနံလုပ်ကွက် MD-2 နဲ့ 4 တို့အတွက် ထုတ်လုပ်ရေး ရှယ်ယာကန်ထရိုက် PSC သဘောတူစာချုပ်ကို ဒီကနေ့ အီတလီ စွမ်းအင်ကုမ္ပဏီ Eni က လက်မှတ်ရေးထိုးလိုက်ပြီး သူတို့ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံး ထုတ်လုပ်တဲ့ကုမ္ပဏီ ဖြစ်လာတော့မယ်လို့ ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

MD-2 ဟာ ဘင်္ဂလားပင်လယ်ကွေ့တောင်ပိုင်း ရခိုင်မြေနိမ့်ချိုင့်ဝှမ်းထဲက ရတနာရေနံမြေ အနောက်ဘက်မှာရှိပြီး စတုရန်းမိုင် ၄ ထောင် နီးပါးကျယ်သလို MD- 4 ကတော့ မုတ္တမ ချိုင့်ဝှမ်းတောင်ဘက် ရဲတံခွန်ရေနံမြေ အနောက်ဘက်မှာရှိပြီး စတုရန်းမိုင် ၂၃၀၀ လောက် ကြီးမားပါတယ်။ ဒီလုပ်ကွက်တွေမှာ ရှိနိုင်တဲ့ ရေနံပမာဏ ခန့်မှန်းချက်ကိုတော့ ကုမ္ပဏီက ထုတ်ဖော်မပြောပါဘူး။ အကျိုးအမြတ်အတွက် အီတလီကုမ္ပဏီက ရာနှုန်း ၈၀ ကို ရယူမှာလည်း ဖြစ်ပါတယ်။

အခု ပူးတွဲချုပ်ဆိုတဲ့ စာချုပ်အရ အီတလီကုမ္ပဏီကနေ အဆင့် ၃ ဆင့်ထား လုပ်ဆောင်မှာဖြစ်ပြီး မထုတ်လုပ်ခင်မှာ လေ့လာဆန်းစစ်ကာလ ၂ နှစ်နဲ့ တိုင်းထွာတွက်ချက်မှုတွေ အတွက် ၆ နှစ်ကြာ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ Eni ကုမ္ပဏီဟာ တရုတ်၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးဖြစ်ပြီး အခုမြန်မာနိုင်ငံမှာ အကြီးဆုံး တူးဖော်ရေးလုပ်ငန်းအဖြစ် လာရောက်လုပ်ကိုင်တော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့တဲ့ နောက်ပိုင်း စီးပွားရေးအရ အရေးယူ ဒဏ်ခတ်ထားမှုတွေ လျှော့ချပေးခဲ့တာမို့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမှုတွေ တိုးလာနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG