သုံးရလွယ်ကူစေသည့် Link များ

ကင်တားနား ခရီးစဉ်အတွင်း ရခိုင် အခြေအနေ ရှင်းပြမည်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂအထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား
မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂအထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား
ဒီလကုန်မှာ မြန်မာနိုင်ငံကို သွားဖို့ရှိတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာသောမတ် အိုဟေး ကင်တာနားက သူ့ရဲ့ ခရီးစဉ်အတွင်း ရခိုင်ဒေသမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းမူ ရှိမယ့်အပေါ် ရခိုင်အဖွဲ့အစည်းတွေနဲ့ ရခိုင်ဒေသခံ ပြည်သူတွေက ဒေသတွင်း အဖြစ်မှန်တွေကို ရှင်းလင်းဖို့ ပြင်ဆင် နေကြပါတယ်။ ရခိုင်ဒေသတွင်းက အဖြစ်မှန်ကို ရခိုင်ပြည်သူတွေဆီကပဲ သိနိုင်မယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း မဆုမွန်က တင်ပြပေးထားပါတယ်။

ရခိုင်ဒေသအရေးနဲ့ပတ်သတ်ပြီး လေ့လာဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်လာမယ့်အပေါ် ရခိုင် အဖွဲ့အစည်းတွေနဲ့ ရခိုင် တိုင်းရင်းသားတွေ ရခိုင်ဒေသခံတွေက ကြိုဆိုပါတယ်လို့ ဒေါက် တာ အေးမောင်က ပြောပါတယ်။ လက်ရှိ ဖြစ်ပျက် နေတဲ့ မြန်မာပြည်တွင်းက ရခိုင်ဒေသတွင်းက အဖြစ်မှန်တွေကို နိုင်ငံတကာက သိစေချင်တယ်လို့ ဒေသခံတွေနဲ့ တွေ့တဲ့ အခါ ပိုသဘောပေါက် မှာ ဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

“ပြီးခဲ့တဲ့ လတွေအတွင်းက UNHCR ရဲ့ လုပ်ငန်းတွေကို ပြန်သုံးသပ်ဖို့ လိုပါတယ်။ နောက်ပိုင်းမှာ ကျနော်တို့ ပြည် တွင်းကိုပဲ လေ့လာကြည့်တဲ့အခါမှာ၊ ဖွံ့ဖြိုးမှု လုပ်ငန်းတွေကို ပြန်လုပ်တဲ့အခါမှာ ဘက်လိုက်မှုတွေ အတော်များများ ရှိပါတယ်။ အဲဒါကြောင့်မို့လို့ ပြီးခဲ့တဲ့ ကာလအထိ UNHCR အပါအဝင် UN ရဲ့ procedure အကုန်လုံးကို ပြန်စိစစ်ဖို့ လိုပါတယ်။ တကယ် သူတို့ပေးချင်တဲ့ ဒေသဖွံ့ဖြိုးမှုကို တကယ်ရရဲ့လား၊ နိုင်ငံရေးနွယ်တဲ့ ဝန်ထမ်းတွေ ပါနေသလား၊ ဒါတွေကိုလည်း သေသေချာချာ လေ့လာပြီးကာမှ ကုလသမဂ္ဂရဲ့ လူသားချင်း စာနာတဲ့အထောက်အထားတွေကို ကျနော်တို့ လက်ခံတယ်။ အဲသလိုပဲ ပြည်တွင်းမှာရှိတဲ့ UN ဝန်ထမ်းဟောင်းတွေကို ထဲထဲဝင်ဝင် ဘယ်နေရာမှာ ပါသင့် သလဲဆိုတာကို စိစစ်ဖို့ လိုပါလိမ့်မယ်။ အဲဒီလို ပြပြီးခါမှပဲ လူထုရဲ့ယုံကြည်မှုကို ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ လေ့လာမှုတွေ အရဆိုရင် လူထုရဲ့ မယုံကြည်မှုဟာ အဲဒါ ပါပဲ။ ကုလသမဂ္ဂအဖွဲ့ကြီးဟာ တဘက်စောင်းနေတာကို တွေ့ ပါတယ်။ အဲဒီလို တဘက်စောင်းအောင်လည်း ဖွံ့ဖြိုးမှု အကူအညီအားလုံးဟာ တဘက်ကိုချည့် ရောက်နေတာ ရှိပါတယ်။ အဲဒါကြောင့် ဒီလိုမျိုး ပွားများစေအောင်လို့ ဖန်တီးတဲ့ နိုင်ငံတကာ အေဂျင်စီတွေများလား ၊ ဒီအရိပ်- ကုလသမဂ္ဂရဲ့ ထီးရိပ် အောက်မှာ လူမျိုးရေး ပဋိပက္ခဖြစ်အောင်၊ ဖန်တီးနိုင်အောင် နိုင်ငံရေး အားဖြင့်၊ သို့မဟုတ် နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ လုပ်ငန်းတွေကိုများ ဒီအဖွဲ့အစည်းမှာရှိတဲ့ ပြည် တွင်း၊ ပြည်ပ ကုလဝန်ထမ်းတွေကများ ခုနလို တခုခုနဲ့ လှုံ့ဆော်တာမျိုး မရှိခဲ့ဘူးလို့ ကျနော်တို့က မပြောနိုင်ဘူး။”

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သတ်ပြီး ကုလသမဂ္ဂ ဝန်ထမ်းအချို့ ဖမ်းဆီး ထိန်းသိမ်း ခံထားရမူတွေ လည်း ရှိခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းအနေနဲ့ ရခိုင်ဒေသတွင်းမှာ ဘာသာလူမျိုးမခွဲခြားပဲ ဘက်လိုက်မူမရှိဘဲ ကူညီထောက်ပံ့မူတွေ ရှိတယ်လို့ ပြောခဲ့ပေမယ့် လက်ရှိဒေသခံပြည်သူတွေအနေနဲ့ ဘက်လိုက်မူတွေ ရှိတယ်လို့ ယူဆတဲ့အတွက် ကူညီမူတွေ ကို လက်မခံခဲ့ဘူးလို့ ဒေါက်တာအေးမောင်ကပြောပါတယ်။

“ကျနော်တို့ကလည်း အဖြစ်မှန်ကို ကမ္ဘာကလည်း သိစေချင်ပါတယ်။ ပြည်ထောင်စုအတွင်းက တိုင်းရင်းသား အားလုံးကတော့ အဖြစ်မှန်ကို သိနေကြပါပြီ။ အဲဒီတော့ ပြည်ပမှာရှိတဲ့ မီဒီယာတွေကို အသုံးချပြီးကာမှ သတင်းအမှားတွေကို ထုတ်လွှင့်နေကြတယ်။ ထုတ်လွှင့်ပြီးကာမှ သူတို့ လိုချင်တဲ့ ဘက်ကို ရအောင် ဇက်ကြိုးနိုင်နိုင်တင်းပြီးကာမှ ကိုယ် သွားချင်တဲ့ လမ်းကြောင်းကို ရောက်အောင် သွားနေကြတယ်ဆိုတာ ကျနော်တို့က သဘောပေါက်ပါတယ်။ ကျနော်တို့ ကလည်းပဲ ပြည်ပမှာရှိတဲ့ မီဒီယာတွေ၊ တခြား နိုင်ငံတကာမှာရှိတဲ့ နိုင်ငံအားလုံးကိုလည်း သိစေချင်ပါတယ်။

ကုလသမဂ္ဂအပါအဝင်ပေါ့။ အဖြစ်မှန်ကို သေသေချာချာလေ့လာတဲ့ အဖွဲ့ရှိရင် ပိုကောင်းပါတယ်။ ကျနော်တို့ လက်ခံ ပါတယ်။ ဖြစ်ကြောင်းကုန်စင်ကို တရားသဖြင့် ဖြစ်အောင်၊ အမှန်တရား တခု ပေါ်ပေါက်လာအောင်တော့ဖြင့် ကျနော်တို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ပူးပေါင်းပြီးဖြစ်ဖြစ်၊ သက်ဆိုင်တဲ့ အစိုးရကဖြစ်ဖြစ် လုပ်သင့်ပါတယ်။ အဲဒီလိုပဲ နိုင်ငံတကာက လာရောက် လေ့လာမယ်ဆိုရင်လည်း ကျနော်တို့ရဲ့ ကုလသမဂ္ဂမူဘောင် ရှိတယ်လေ။ လေ့လာတာကို ကျနော်တို့က ခွင့်ပြုရမှာ ဖြစ်ပါတယ်။”

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တာနားဟာ အစိုးရရဲ့ဖိတ်ကြားချက်နဲ့ ဇူလိုင်လ ၃၀ ရက်နေ့ ကနေ သြဂုတ် လ ၄ ရက်နေ့အထိ မြန်မာပြည်ကို လာရောက်မှာဖြစ်ပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည် နယ်တွင်းက အကြမ်းဖက်မူတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မူဆိုင်ရာ ကိစ္စတွေကို လေ့လာဖို့ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာကင်တာနားဟာ မြန်မာပြည် ခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူတွေ၊ အမျိုး သား လူ့အခွင့်အရေးကော်မရှင်နဲ့ ဒေသခံ လူမူအခြေပြု အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အင်အားစုတွေ နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်းက ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်း ဖြစ်ပျက်ခဲ့မူနဲ့ ပတ်သက်ပြီးလည်း ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောမြို့ကို ကိုယ်တိုင် သွားရောက် လေ့လာဖို့ လည်း ရှိပါတယ်ရှင်။
XS
SM
MD
LG