သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ ကုလအကူအညီလေယာဉ် ဆိုက်ရောက်


စစ်တွေ့မြို့ ဒုက္ခသည်းခစန်းတခုက မူစလင် ဒုက္ခသည်တချို့။ (အောက်တိုဘာလ ၂၈ ရက်၊ ၂၀၁၂)။
စစ်တွေ့မြို့ ဒုက္ခသည်းခစန်းတခုက မူစလင် ဒုက္ခသည်တချို့။ (အောက်တိုဘာလ ၂၈ ရက်၊ ၂၀၁၂)။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူတွေ အတွက် ကုလသမဂ္ဂ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး အေဂျင်စီရဲ့ ကူညီပံ့ပိုးရေး အစီအစဉ်တွေ စတင် ပေးပို့နေပြီ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တွင်း ဒုက္ခရောက်နေသူတွေ အတွက် ရွက်ဖျင်တဲတွေ တင်ဆောင်သွားတဲ့ လေယာဉ်ဟာ ဒူဘိုင်း လေဆိပ်ကနေ ထွက်ခွာသွားပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အဖွဲ့ရဲ့ ပြောခွင့်ရသူက ဂျနီဗာမြို့မှာ သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။

အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်သူပေါင်း တစ်သောင်း ခုနှစ်ထောင့် ငါးရာအတွက် မိသားစုတွေ နေထိုင်နိုင်တဲ့ ရွက်ဖျင်တဲပေါင်း သုံးထောင့်ငါးရာ ထောက်ပံ့ပေးသွားမှာ ဖြစ်တဲ့အကြောင်း UNHCR ပြောခွင့်ရက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက ပဋိပက္ခ စတင်ဖြစ်ပွားချိန်ကစလို့ UNHCR အဖွဲ့က ရွက်ဖျင်တဲပေါင်း ငါးရာ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သလို ကိုရီးယားနိုင်ငံက နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီအဖွဲ့ကလည်း ရွက်ဖျင်တဲ ခုနှစ်ရာ ထောက်ပံ့ပေးခဲ့ပါတယ်။
ဒါပေမဲ့ အောက်တိုဘာလအတွင်း ထပ်မံဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ အရေအတွက်ဟာ တစ်သိန်း တစ်သောင်း ငါးထောင်အထိ ရှိလာတဲ့အတွက် ဒုက္ခသည်တွေ နေထိုင်စရာ အထူးလိုအပ်နေတာ ဖြစ်ပါတယ်။

ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ အရေးအခင်းအတွင်း လူပေါင်း တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရသလို လူပေါင်း ၁၈၀ လောက် သေဆုံးခဲ့ရပါတယ်။ လတ်တလော ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ လူတွေ ပြည့်ကျပ်သိပ်နေပြီး အများသောအားဖြင့် ဒုက္ခသည်အချင်းချင်း အပြန်အလှန် အကူအညီတွေ ပေးနေရတယ်လို့ UNHCR အဖွဲ့က ပြောပါတယ်။
XS
SM
MD
LG