သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်ဆိုင်းရော်လဖိုင် ၂၀၁၃ ခုနှစ် ဖိလစ်ပိုင် Magsaysay လူ့အခွင့်အရေးဆုရ


၂၀၁၃ ခုနှစ် ဖိလစ်ပိုင်ကပေးတဲ့ လူ့အခွင့်အရေးဆု Magsaysay ဆုရှင် ဒေါ်လပိုင်ဆိုင်းရော်။
၂၀၁၃ ခုနှစ် ဖိလစ်ပိုင်ကပေးတဲ့ လူ့အခွင့်အရေးဆု Magsaysay ဆုရှင် ဒေါ်လပိုင်ဆိုင်းရော်။
၂၀၁၃ ခုနှစ်အတွက် Ramon Magsaysay ဆုကို မြန်မာနိုင်ငံ က မေတ္တာဖောင်ဒေးရှင်းကို စတင်ထူထောင်ခဲ့ သူ ဒေါ်ဆန်းရော်လပိုင် (Seng Raw Lahpai ) အပါအဝင် လူပုဂ္ဂိုလ် ၃ ဦးနဲ့ အဖွဲ့အစည်း ၂ ခုကို ချီးမြှင့်လိုက်ပါတယ်။

အာရှတိုက်ရဲ့ နိုဗဲလ်ဆုလို့ ခေါ်ကြတဲ့ ဒီဆုကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ နှစ်စဉ် ချီးမြှင့်တာ ဖြစ်ပါတယ်။

ဒီဆုကို ၁၉၅၈ ခုနှစ်တုန်းက စတင်ပေးအပ်ခဲ့တာဖြစ်ပြီး ဆုအမည်ကိုတော့ ဖိလစ်ပိုင်မှာ လူချစ်လူခင်များလှတဲ့ ၁၉၅၇ ခုနှစ်မှာ လေယာဉ်ပျက် ကျ သေဆုံးသွားခဲ့တဲ့ သမ္မတရဲ့ အမည်ကိုပေးထားခဲ့တာ ဖြစ်ပါတယ်။ ဆုရှင်နိုင်ငံတွေကတော့ မြန်မာ၊ အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ နီပေါနဲ့ ဖိလစ်ပိုင်နိုင်ငံတွေ ဖြစ်ကြပါတယ်။

မြန်မာပြည်က အကြီးဆုံးအရပ်သားလူမှုအဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ မေတ္တာဖောင်ဒေးရှင်းကို တည်ထောင်ခဲ့တဲ့ ဒေါ်ဆန်းရော် လပိုင်ကို သူဆောင်ရွက်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပဋိပက္ခဖြစ်နေတဲ့ ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးနဲ့ အိမ်ယာဆောက်လုပ်ရေး စီမံကိန်းတွေကို ဆောင်ရွက်ပေးနေတဲ့အတွက် ဒီဆုကို ချီးမြှင့်တာဖြစ်ပါတယ်။

အင်ဒိုနီးရှားက အဂတိလိုက်စားမှုဆန့်ကျင်ရေးလှုပ်တဲ့အဖွဲ့ KPP ဟာ အစိုးရဝန်ထမ်း နာမည်ကြီး ၃၀၀ ကျော်ရဲ့ အဂတိလိုက်စားမှုတွေ ကို ဖော်ထုတ်ခဲ့ပြီး ကျောင်းတွေမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး သင်ခန်းစာတွေကို စတင်သင်ကြားပေးခဲ့တဲ့ အတွက် ဆုရရှိခဲ့ပါတယ်။

အာဖဂန်နစ္စတန်က အမျိုးသမီးအရေးဆောင်ရွက်နေသူဖြစ်တဲ့ ပထမဆုံး အမျိုးသားပန်းခြံဖန်တီးခဲ့သူ- ပထမဆုံး အမျိုးသမီး ပြည်နယ် အုပ်ချုပ်ရေးမှူး Habiba Sarabi နဲ့ နီပေါက လူမှောင်ခိုကုန်ကူးမှုတွေ အတွက် ဆောင်ရွက်ပေးနေတဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်း The Power Group လည်း ဒီဆုကို ရရှိကြတာ ဖြစ်ပါတယ်။

ပဉ္စမမြောက်ဆုရှင်ကတော့ ဖိလစ်ပိုင်နိုင်ငံသား၊ ဆရာဝန် Ernesto Domingo ဖြစ်ပြီး သူကတော့ ဖိလစ်ပိုင်နိုင်ငံတလွှားမှာ မွေးကင်းစ ကလေးငယ်တွေ အတွက် အသည်းရောင်ကာကွယ်ဆေး ကို ဖြန့်ဝေပေးခဲ့သူဖြစ်ပါတယ်။

Ramon Magsaysay လူ့အခွင့်အရေးဆုကို ထိုင်း-မြန်မာနယ်စပ်က မယ်တော်ဆေးခန်းကို တည်ထောင်သူ ဒေါက်တာဆင်သီယာမောင်လည်း ၂၀၀၂ ခုနှစ်က ရရှိခဲ့ပါတယ်ရှင်။
XS
SM
MD
LG