သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလုပ်သားတချို့ ရနောင်းမှာ ကားတိုက်သေဆုံး


ထိုင်း-မြန်မာ နယ်စပ်ဒေသက ထိုင်းနိုင်ငံဘက်အခြမ်း ရနောင်းမြို့မှာရှိတဲ့ SIFCO အအေးခန်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေ မနက်ပိုင်း အလုပ်ဆင်းဖို့အတွက် ရနောင်းမြို့ စဖမ်ပလာလမ်းမှာ ကားစောင့်နေကြတဲ့အချိန် အစုလိုက်အပြုံလိုက် ကားတိုက်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ ပွဲချင်းပြီး ၃ ဦး သေဆုံးပြီး ဆေးရုံရောက်မှ ၂ ဦး ထပ်မံ သေဆုံးခဲ့ပါတယ်။

ဒဏ်ရာရရှိသူ ၁၀ ဦးကိုလည်း ဆေးရုံကိုပို့ပြီး အတွင်းလူနာအဖြစ် ကုသနေရပါတယ်။
အခုလို ဖြစ်ပွားမှုအတွက် ပြောင်းရွှေ့အလုပ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ MWDA က အကူအညီတွေ ပေးနေတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG