သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာအကူအညီ ၁၃ ဘီလီယံအစီအစဉ် Cyprus လက်ခံ


စီးပွားရေး ပြိုလဲကျမှုကို ကာကွယ်ဖို့အတွက် နိုင်ငံတကာ ငွေချေးငှားသူတွေက ကူညီတဲ့ ၁၃ ဘီလီယံ ငွေကြေး အထောက်အပံံ့ကို လက်ခံခဲ့တဲ့အကြောင်း Cyprus သမ္မတ နီကိုးစ် အန်နတာ စီယာဒီးစ် (Nicos Anastasiades) က ပြောပါတယ်။

တနင်္လာနေ့ညက နိုင်ငံကို မိန့်ခွန်းပြောကြားရာမှာ ဒီလိုရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ရတာဟာ မလွယ်ကူကြောင်းပြောပါတယ်။ Mediterranean ကျွန်းမှာရှိတဲ့ ဘဏ်တွေ အင်္ဂါနေ့မှာ ပြန်ဖွင့် မှာဖြစ်ပြီး ငွေကြေး အမြောက်အမြား ထုတ်ယူမှုကိုတော့ တားမြစ်ထားပါတယ်။

ဒါပေမဲ့လည်း သိပ်မကြာမယ့်အချိန်မှာ ပြန်လည်ဖွင့်ပေးမှာ ဖြစ်တဲ့ အကြောင်း သူက ပြောပါတယ်။ ဒီလိုငွေကြေး အကူအညီ ရရှိတဲ့အတွက် ငွေကြေး ခဝါချမှုကို ရှောင်လွှဲနိုင်မှာ ဖြစ်ပြီး ယူရိုငွေကြေး ဆက်လက် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ငွေကြေးအကူအညီနဲ့ ပတ်သတ်ပြီး ပုံစံမျိုးစုံနဲ့ သက်ရောက်မှုရှိမှာပါ။

Cyprus ဘဏ်မှာ ငွေကြေးအများအပြား အပ်နှံထားတဲ့ ချမ်းသာကြွယ်ဝတဲ့ ရုရှားတွေရဲ့ ငွေအချို့ကတော့ တရားမဝင် ငွေကြေးအဖြစ် ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရုရှားဝန်ကြီးချုပ် ဒက်မထရီ မက်ဗီးဒက်ဗ် (Dmitry Medvedev) ကတော့ Cyprus နိုင်ငံအနေနဲ့ ငွေကြေးပမာဏ များတဲ့သူတွေအပေါ် ၃၀ ရာခိုင်နှုန်း အခွန်ကောက်ခံဖို့နဲ့ ငွေကြေးအာမခံ လုပ်မထားတဲ့ ဒေါ်လာ ၁ သိန်း ၃ သောင်းကျော် ပိုင်ဆိုင်သူတွေကို အခွန်ကောက်ဖို့ သဘောတူထားကြောင်း ပြောပါတယ်။ ဂျာမန် ဝန်ကြီးချုပ် အန်ဂျလာ မာကဲ (Angela Merkel) ကတော့ အခုလို ငွေချေးတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ဒါဟာ မျှတပါတယ်လို့ ပြောပါတယ်။

ဥရောပ ဗဟိုဘဏ်ရဲ့ နောက်ဆုံး သတ်မှတ်ထားချိန်အရောက်မှာ ဘရတ်ဆဲမှာ ဒီလို သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။ ဘယ်လိုသဘောတူညီချက်မှ မရဘူးဆိုရင်တော့ ဗဟိုဘဏ်အနေနဲ့ Cyprus ကို အရေးပေါ် ငွေကြေးအကူညီပေးမှုကို ဖြတ်တောက် မှာဖြစ်ပြီး အခုလို ပြေလည်သွားတဲ့အတွက် အရေးပေါ်ငွေကြေး ဆက်လက် ပေးသွားမှာ ဖြစ်ပါတယ်။
XS
SM
MD
LG